ဝိဇ္ဇာဘွဲ့ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်: Bachelor of Arts) ဆိုသည်မှာ တက္ကသိုလ်တစ်ခု၏ အသိပညာနှင့်သက်ဆိုင်သော ဘာသာရပ်များဖြစ်သည့် စာပေ၊ ဂီတ၊ အက စသော အနုပညာနှင့်သက်ဆိုင်သော ဘာသာရပ်များ၊ လူမှုဘာသာရပ်များ၊ ဘာသာစကားများ၊ ယဉ်ကျေးမှု၊ လူမှုရေးသိပ္ပံ စသော ဘာသာရပ်များအတွက် သင်ယူခဲ့ကြသောသူများအား ချီးမြှင့်သည့် ဘွဲ့တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့များသည် အခြေခံပညာရေးပြီးနောက် ပထမဆုံးရရှိနိုင်သော ဘွဲ့များ ဟူ၍ဆိုနိုင်သည်။ နိုင်ငံ၊ တက္ကသိုလ်အပေါ်မူတည်၍ ဤဝိဇ္ဇာဘွဲ့ရရှိရန် သုံးနှစ် (သို့) လေးနှစ်ကြာမြင့်နိုင်ပေသည်။[၁] အတိုကောက်စကားလုံးဖြင့် BA သို့ AB ဟူ၍ သုံးစွဲလေ့ရှိပြီး မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးစနစ်တွင် BA ဆိုသော စကားလုံးကို သုံးစွဲကြ၏ ။ ဝိဇ္ဇာဘွဲ့ သည် ဝိဇ္ဇာနှင့် ဘွဲ့ တို့ကို ပေါင်းစပ်ထား၍ ဤ၌ ဝိဇ္ဇာ ဆိုသည်မှာ "အသိပညာနှင့်သက်ဆိုင်သော ဘာသာရပ်" ဟူ၍ အနက်ရရှိကာ ဘွဲ့ ဟူသည်မှာ "သတ်မှတ်ထားသော တက္ကသိုလ်ပညာရည်အဆင့် တစ်ခုခုကို အောင်မြင်သူအား ချီးမြှင့်သော အမည် အရည်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထား၏ ။[၂] တစ်ဖက်တွင် အင်္ဂလိပ်စကားလုံးဖြစ်သော Bachelor of Arts မှ bachelor သည် "baccalārius ၊ baccalāris" လက်တင်ဝေါဟာရ၊ ထိုမှတဆင့် အန်ဂလို-ပြင်သစ်ဝေါဟာရဖြစ်ပေါ်လာပြီး ယင်းမှနေ၍ အလယ်ခေတ်အင်္ဂလိပ်စကားလုံး bacheler မှ ဆင်းသက်လာပေသည်။[၃] အင်္ဂလိပ်စကားတွင် "Bachelor of Arts" ဟုဆိုရာ၌ ဘွဲ့တစ်ခုတည်းကိုသာမက ဘွဲ့ပိုင်ဆိုင်သည့် လူပုဂ္ဂိုလ်ကိုပါ ရည်ညွှန်းနိုင်ပေသည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia