ဝီကီပီးဒီးယား:ဆက်သွယ်ရန်/လိုင်စင်
ဖတ်ရှုသူများ ဆောင်းပါး အကြောင်းအရာများ လိုင်စင် အလှူရှင်များ Press and partnerships
![]() သင့်အနေဖြင့် ဝီကီပီးဒီးယားပေါ်တွင် တွေ့ရှိရသည့် တစ်ခုခုအား အသုံးပြုလိုပါသလား? ဝီကီပီးဒီးယားသည် အခမဲ့လွတ်လပ်လိုင်စင်ဖြင့် သတ်မှတ်ထားသော စွယ်စုံကျမ်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာ အများစုကို မည်သည့် ရည်ရွယ်ချက်ဖြင့်မဆို ပြန်လည်ကူးယူ၊ အသုံးပြုနိုင်ပါသည်။ ခြွင်းချက်ရှိသည်မှာ "တရားမျှတစွာ အသုံးပြု"ထားသော အကြောင်းအရာများ ဖြစ်သည်။ ဖိုင်တစ်ခုသည် တရားမျှတစွာ အသုံးပြုထားသော မီဒီယာ ဟုတ်မဟုတ်ကို ထိုဖိုင်အကြောင်း စာမျက်နှာတွင် ထင်ရှားစွာ သိမြင်နိုင်ပါသည်။ "အမေရိကန် ပြည်ထောင်စု မူပိုင်ခွင့် ဥပဒေအရ တရားမျှတစွာ အသုံးပြုထားသည်။ ဤပုံကို ဝီကီပီးဒီးယား သို့မဟုတ် အခြားနေရာတွင် နောက်ထပ် အသုံးပြုထားခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်း ဖြစ်နိုင်ပါသည်။" ဟူ၍ "လိုင်စင်" အပိုင်းတွင် ဖော်ပြထားချက်အား တွေ့မြင်နိုင်ပါသည်။ တရားမျှတစွာ အသုံးပြုသော စာသားများကိုလည်း မျက်တောင်ဖွင့်ပိတ် သင်္ကေတဖြင့် ထင်ရှားစွာ အမှတ်အသား ပြုထားသင့်သည်။ အခြား အကြောင်းအရာများ အားလုံးကို အခမဲ့ လွတ်လပ် လိုင်စင်ဖြင့် သတ်မှတ်ထားသင့်ပြီး လိုင်စင်သတ်မှတ်ချက် အခြေအနေများဖြင့် ကိုက်ညီပါက အသုံးပြုခွင့် ပေးထားသည်။ ကျွန်ုပ်တို့၏ စွယ်စုံကျမ်း ဆောင်းပါးများတွင် အသုံးပြုရန်အတွက် စာသားများ၊ ပုံများ သို့မဟုတ် အသံများကဲ့သို့သော မီဒီယာများ အားလုံး၏ ရင်းမြစ်နှင့် လိုင်စင်များကို အတည်ပြုရန် ကျွန်ုပ်တို့ ခက်ခဲစွာ ကြိုးပမ်းရပါသည်။ မီဒီယာများ အားလုံးကို မှန်ကန်စွာ မှတ်သားထားခြင်းနှင့် အသုံးပြုထားခြင်းအား ကျွန်ုပ်တို့ အာမခံချက် မပေးနိုင်ပါ။ အကယ်၍ ပုံတစ်ပုံ၏ ဖော်ပြချက် စာမျက်နှာတွင် ထိုပုံသည် public domain တွင် ရှိသည်ဟု ဖော်ပြထားပါက၊ သင့်အနေဖြင့် အဆိုပါ ဖော်ပြချက် မှန်ကန်မှုရှိမရှိကို သင်ကိုယ်ဆိုင် စစ်ဆေး ဆုံးဖြတ်သင့်ပါသည်။ ဤတွင် တွေ့ရှိရသော တစ်စုံတစ်ရာသည် မူပိုင်ခွင့် ချိုးဖောက်ခြင်း ရှိသည်ဟု သင်ထင်မြင်ယူဆထားပါသလား။ သင်၏ မူပိုင်ခွင့်ရှိ ဖန်တီးမှုအား ကျွန်ုပ်တို့ မမှန်မကန် အသုံးပြုထားသည်ကို သင်ပူပန်နေပါသလား။ info သင့်အနေဖြင့် ဝီကီပီးဒီးယားသို့ ဓာတ်ပုံများကဲ့သို့သော အကြောင်းအရာများကို လှူဒါန်းနိုင်ပါသည်။ သင်ကိုယ်တိုင် upload တင်နိုင်ပြီး ဆောင်းပါးတွင် ထည့်သွင်းနိုင်သလို photosubmission
|
Portal di Ensiklopedia Dunia