ဝီကီပီးဒီးယား:ဆောင်းပါးကောင်းအင်္ဂါရပ်များက ဘာမဟုတ်ဘူးလဲ
ဆောင်ပါးတစ်ခုသည် ဆောင်းပါးကောင်းအဖြစ် အမည်စာရင်းတင်သွင်းနိုင်ရန် လိုအပ်ချက်များမှာ ဆောင်းပါးကောင်း အင်္ဂါရပ်များပင်ဖြစ်၍ ထိုအင်္ဂါရပ်များနှင့်ကိုက်ညီပြီး အကဲဖြတ်သတ်မှတ်ခြင်း ပြီးမြောက်သော ဆောင်းပါးများကို ဆောင်းပါးကောင်းအဖြစ် စာရင်းသွင်းသင့်သည်။ ဆောင်းပါးကောင်းများသည် လက်သင့်ခံနိုင်သော၊ လျှော်ကန်သင့်မြတ်သော ဆောင်းပါးများသာဖြစ်၍ ထူးကဲကောင်းမွန်သောဆောင်းပါးများတော့ မဟုတ်ပေ။ ဆောင်းပါးကောင်းများအတွက် သတ်မှတ်ထားသော စံအရည်အသွေးသည် အတန်အသင့် မြင့်မာသော်လည်း အထူးဆောင်းပါး အင်္ဂါရပ်များထက် သိသိသာသာ နိမ့်ကျသည်။ ဤ၌ အရေးကြီးသည်မှာ ဆောင်းပါးကောင်း အင်္ဂါရပ်ဆိုသည်မှာ စံအရည်အသွေးစနစ်တစ်ခုဖြစ်၍ ဆန်းစစ်အကဲဖြတ်သူများ၏ အမြင်များမဟုတ်သည်ကို သိရှိရန်ဖြစ်သည်။ ဤအက်ဆေးက ဆန်းစစ်အကဲဖြတ်သူများကို ဆောင်းပါးသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအမြင်ထက် စံအင်္ဂါရပ်များနှင့် ကိုက်ညီခြင်းရှိ၊ မရှိကို အခြေခံသော ဆုံးဖြတ်သုံးသပ်ချက်များ ချမှတ်နိုင်စေခြင်းအတွက် ကူညီရန် ရည်ရွယ်ပါသည်။ ဆောင်းပါးတည်းဖြတ်သူများနှင့် ဆန်းစစ်အကဲဖြတ်သူများသည် ဆောင်းပါးကို ကောင်းနိုင်သမျှ ကောင်းမွန်စေရန် လုပ်ဆောင်မည်ဟူသော တူညီသောပန်းတိုင် ထားသင့်သည်။ သို့သော်လည်း ဆောင်းပါးကောင်း စာရင်းသွင်းခြင်း၊ ပယ်ဖျက်ခြင်း ဆုံးဖြတ်ချက်သည် ဆောင်းပါးကောင်း အင်္ဂါရပ်များအပေါ်တွင်သာ အခြေတည်သင့်၏ ။ ဆန်းစစ်အကဲဖြတ်သူများသည် ဆောင်းပါးကောင်းစံအရည်အသွေးနှင့် ကိုက်ညီရန် ဆောင်းပါးအတွက် လိုအပ်သော မွမ်းမံမှုများနှင့် ဆောင်းပါးကောင်း စံအရည်အသွေး၏ အလွန်တွင်ရှိသည့် ဆောင်းပါးကို တိုးတက်ကောင်းမွန်စေရန် အကြံပေးချက်များကြား ကွဲပြားမှုကို သိသာမြင်သာစွာ ရှုမြင်တတ်ရန် တိုက်တွန်းပါသည်။ အကြမ်းဖျင်းနည်းအရ အင်္ဂါရပ်ခြောက်ခုထဲက တစ်ခုမှ အကြံပြုထားသော မွမ်းမံမှုကို မလုပ်ဆောင်နိုင်လျှင် နဂိုရှိရင်းစွဲအတိုင်း ထား(တံဆိပ်ကပ်)သင့်သည် (သို့) စိတ်ကြိုက် သတ်မှတ်ယူဆနိုင်သည်။ အမည်စာရင်းတင်သွင်းခြင်းခံရသော ဆောင်းပါးတစ်ခုကို ပုံမှန်ဝင်ရောက် တည်းဖြတ်သူများသည် ရိုးသားတည်ကြည်သည့် ရည်ရွယ်ချက်၊ ဆောင်းပါးတိုးတက်ကောင်းမွန်စေမည့် ရည်မှန်းချက်များနှင့်အညီ အထက်ပါ နည်းအတိုင်း ယူဆလက်ခံ၊ လုပ်ဆောင်သင့်ပေသည်။ အကဲဖြတ်သူများသည် ရေးသားထားသော အကြောင်းအရာအပေါ်တွင် ကျွမ်းကျင်မှု အားနည်းကောင်း နည်းနိုင်သည်။ အကဲဖြတ်သူက လက်တွေ့မကျသော တစ်နည်း မဆီလျော်သော အကြံပြုချက်များ ပေးသည်ဆိုပါက (ဥပမာ - မသိရှိနိုင်သော အချက်အလက်ထည့်သွင်းပါ၊ မတည်ရှိသည့် ပုံထည့်သွင်းပါ...) ထိုအကြံပြုချက်သည် မည်သည်ကြောင့် မဆီလျော်၊ လက်တွေ့မကျဟု ယဉ်ကျေးစွာ ရှင်းလင်းပြသပါ။ ပုံမှန်အကဲဖြတ်သူများတွင် ဆောင်းပါးကောင်း အင်္ဂါရပ်အလွန်တွင် ရှိတတ်သော မွမ်းမံပြင်ဆင်မှုများအတွက် များသောအားဖြင့် အကြံကောင်းများ ရှိတတ်သည်။ ဤအကြံပြုချက်များမှာ အင်္ဂါရပ်များနှင့် စပ်လျဉ်း၍ စိတ်ကြိုက်သဘောမျိုးဖြစ်နိုင်သည်။ သို့ရာ၌ ထိုအကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းသည် ပို၍သိသာကောင်းမွန်သော ဆောင်းပါးတစ်ခု ဖြစ်လာနိုင်ချေရှိရာ အထူးဆောင်းပါးအရည်အသွေး ရောက်ရှိနိုင်ကောင်း ရောက်ရှိနိုင်ပေသည်။ အကယ်၍ တည်းဖြတ်သူ၊ ဆန်းစစ်အကဲဖြတ်သူများ သဘောကွဲလွဲသဖြင့် လိပ်ခဲတည်းလည်းအခြေအနေ ရောက်ရှိနေမည်ဆိုလျှင် အများ၏ ပြန်လည်ဆန်းစစ်အကဲဖြတ်ခြင်းကို ရယူနိုင်၍ သဘောထားကွဲလွဲမှုများကို ပြေလည်စေနိုင်သည်။ သို့သော် ပထမဆုံးအနေဖြင့် သိသာမြင်သာသည့် ပြဿနာများစွာကို ဖြေရှင်းပြေလည်စေရန် လုပ်ဆောင်သင့်သည်ဟု အားလုံးကို တိုက်တွန်းအပ်ပါသည်။ ဆောင်းပါးကောင်းတစ်ခုဆိုသည်မှာဆောင်းပါးကောင်းတစ်ခု ဆိုသည်မှာ (၁) ကောင်းမွန်စွာရေးသားထားခြင်းActual Criteria
အချက် (a) က ဆိုလိုသည်မှာ:
(၂) အချက်အလက်ပိုင်းဆိုင်ရာ မှန်ကန်မှုနှင့် သက်သေပြသနိုင်မှုActual Criteria
အချက် (a) က ဆောင်းပါးတွင် အသုံးပြုထားသည့် ရင်းမြစ်စာရင်းတစ်ခု ပါဝင်သော ==အဆင့် ၂== ခေါင်းစဉ်တစ်ခုနှင့်အတူ အနည်းဆုံး အပိုင်းတစ်ခုရှိရမည်ဟု ဆိုလိုသည်။ ထိုအပိုင်း၏ ခေါင်းစဉ်၌ စာဖတ်သူများ ရှာဖွေမည့် အကြောင်းအရာကို ခွဲခြားဖော်ပြပေးထားသော ခေါင်းစဉ်အမည်တစ်ခု ပါဝင်သင့်ရာ ဥပမာအားဖြင့် ==မှတ်စု== (သို့) ==ကိုးကား(ချက်များ)== (သို့) ==ကိုးကားရင်းမြစ်များ== (သို့) ==အောက်ခြေမှတ်စု(အညွှန်း)များ== (သို့) အလားတူအဓိပ္ပာယ်မျိုးဖြင့် တစ်ခုခုရှိသင့်၏ ။ ဆောင်းပါးကောင်း စာရင်းတင်သွင်းထားသည့် ဆောင်းပါးတစ်စောင်အတွက် အချက် (a) ကို မကျော်ဖြတ်နိုင်သည်မှာ အလွန်တရာ သမားရိုးကျမဟုတ်သည်ဟု ဆိုရမည်ဖြစ်သည်။ သင်သည် ဤအခြေအနေကို တွေ့ကြုံလျှင် ဝီကီပီးဒီးယား ဆွေးနွေးချက်:ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်းတွင် အကြံဉာဏ် ရယူသင့်သည်။ အချက် (b) ဆောင်းပါးကောင်းအင်္ဂါရပ်များက တောင်းဆိုသော ပိုဒ်တွင်းကိုးကားချက်ပုံစံအတွက် အောက်ပါ ဖွင့်ဆိုချက်ငါးမျိုးကို အမည်ဖော်ပြထားရာ:
ဤစံသည် မူဝါဒအရ ချမှတ်ထားသော ပြည့်စုံသည့် အနည်းဆုံးစံအရည်အသွေးထက် မြင့်မားသော်လည်း တည်းဖြတ်သူများစွာ၏ အလေးပေးနှစ်ခြိုက်မှုထက် သိသိသာသာ လျော့နည်းပေသည်။ ဆောင်းပါးတစ်စောင်သည် ဤသို့သော (ကိုးကားဆိုင်ရာ) ပုံစံငါးမျိုးစလုံး မပါဝင်လျှင် ယေဘုယျ ကိုးကားချက်သဘောကို အသုံးချနိုင်သည်။ ဆောင်းပါး၌ အဆိုပါငါးမျိုးထဲက တစ်ခုခုပါဝင်လျှင် အချို့သော သီးသန့် ဖွင့်ဆိုရှင်းလင်းမှုများအတွက် ပိုဒ်တွင်းကိုးကားချက် ပုံစံအချို့ကို အသုံးပြုရမည်ဖြစ်သည် (အခြားဆောင်းပါတွင်ပါရှိသော စာသားများကို ယေဘုယျ ကိုးကားချက်က ထောက်ပံ့ထားနိုင်သည်) ။ သီးသန့်ဝါကျတစ်ကြောင်းကို သီးသန့်ကိုးကားမှုဖြင့် စာဖတ်သူအား သိစေ၊ မြင်စေရန် ပြုလုပ်ထားသော စနစ်ကို လက်ခံနိုင်သော ပိုဒ်တွင်းကိုးကားချက် နည်းလမ်းဟုခေါ်ဆိုသည်။ သို့ရာ၌ စနစ်တစ်ခုကိုသာ ပိုဒ်တွင်းကိုးကားမှုအဖြစ် ထက်အောက်လိုက်လျောမှုရှိစေရန် အသုံးပြုသင့်သည်။ ပိုဒ်တွင်းကိုးကားချက်သည် အထက်ပါဆိုခဲ့ပြီးသော ဖွင့်ဆိုချက်ငါးမျိုးထဲက တစ်ခုခုနှင့် သက်ဆိုင်လျှင် စာမျက်နှာနံပါတ် (သို့ ဆင်တူသော အသေးစိတ်) များကို လိုအပ်၏ ။ အကြောင်းမှာ စာဖတ်သူက ကိုးကားချက်ကို ရှာဖွေဖတ်ရှုလိုပါက စာမျက်နှာနံပါတ်မပါသော ကိုးကားချက်တွင် သိလိုသော အချက်ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သောကြောင့် ဖြစ်သည်။ အချက် (c) က ဆောင်းပါးကောင်းတစ်ပုဒ်တွင် အချက်အလက်များ၊ အမြင်များ၊ ပေါင်းစပ်ထည့်သွင်းထားမှုများသည် ကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များဆိုင်ရာ မူဝါဒနှင့်အတူ ယုံကြည်စိတ်ချရသော ရင်းမြစ်များကို အခြေခံသင့်သည်။ ဆောင်းပါးထဲ၌ ဖော်ပြရေးသားထားမှုများသည် ရင်းမြစ်ပါ အကြောင်းအရာကို ရောင်ပြန်ဟပ်သင့်သည်။ |
Portal di Ensiklopedia Dunia