ဝီကီပီးဒီးယား:ဖိုင်အမည်များ
ဝီကီပီးဒီးယား ဖိုင်အမည်များ သည် ရှင်းလင်းပြီး လက်တွေ့ကျသည့် အမည်များ ဖြစ်သင့်ပြီး အလွန်အမင်း ရှည်လျားမနေစေသင့်ပါ။ စာဖတ်သူများအား ပုံအမည်သည် များစွာမသက်ရောက်စေသော်လည်း (ဖော်ပြချက် စာမျက်နှာ သို့ ပုံပေါ်တွင် ကလစ်နှိပ်ခြင်းဖြင့် ရောက်ရှိနိုင်သည်) တည်းဖြတ်သူများအပေါ်တွင် သက်ရောက်မှု ရှိသည်။ ပုံများသည် ဖတ်ရလွယ်ကူပြီး ရှင်းလင်းသည့် အမည်ဖြစ်ပါက စွယ်စုံကျမ်းကို ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အခြားသော တည်းဖြတ်သူများအား အကူအညီ ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် "File:Skyline Frankfurt am Main.jpg" အမည်သည် "File:14004096 200703230833355477800.jpg" ထက် ပိုမိုလွယ်ကူ အထောက်အကူဖြစ်သည်။ ပုံများ သို့မဟုတ် အခြား မီဒီယာများအား မတော်တဆ ထပ်ရေးမိခြင်း မဖြစ်စေရန် အလွန်ယေဘုယျကျသော ဖိုင်အမည်များကို upload တင်ရာတွင် အသုံးမပြုသင့်ပေ။ ဥပမာ အယ်လ်ဘမ်တစ်ခု၏ အမည်အား "File:Cover.jpg" ဟူ၍ မပေးသင့်ပေ။ သိပ်မကြာမီ တစ်စုံတစ်ဦးက ထိုအမည်အတိုင်း ကြိုးစားတင်ခြင်းနှင့် တွေ့ကြုံနိုင်ကာ ပုံအဟောင်းအပေါ်တွင် ထပ်မံတင်မိခြင်း ဖြစ်သွားစေနိုင်သည်။ ပုံအသစ်သည် ပုံအဟောင်းအား အသုံးပြုထားသည့် နေရာတွင် ပေါ်လာမည်ဖြစ်သဖြင့် အယ်လ်ဘမ်ဆောင်းပါးတစ်ခုတွင် မှားယွင်းသည့် အယ်လ်ဘမ်ပုံပြသနေခြင်း ဖြစ်သွားနိုင်သည်။ ကောင်းမွန်သော ပုံအမည်များကောင်းမွန်သော ဖိုင်အမည် နမူနာများ
ဆိုးရွားသည့် ဖိုင်အမည် နမူနာများ ခွင့်မပြုထားသော ပုံအမည်များပုံအမည်များအား စာမျက်နှာကာကွယ်ခြင်း သို့မဟုတ် ခေါင်းစဉ်အမည်မည်းထည့်သွင်းခြင်း တို့ဖြင့် တားမြစ်ထားသည်။ ခေါင်းစဉ်တွင် အချို့သော စာလုံးသင်္ကေတများအား ပါဝင်နေခြင်းအား နည်းပညာကန့်သတ်ချက်အချို့ ရှိနေသည်။ နည်းပညာဆိုင်ရာ အကန့်အသတ်များနည်းပညာဆိုင်ရာ အကြောင်းပြချက်များအရ ဖိုင်အမည်များတွင် အောက်ပါစာလုံးသင်္ကေတများ ပါဝင်နေခြင်းကို ကန့်သတ်ထားသည်။ # < > [ ] | : { } / တူညီသော အကြောင်းပြချက်အရ (~~~) ဆက်တိုက်ဖြစ်နေခြင်းကိုလဲ တားမြစ်ထားသည်။ အခြားသော ဝီကီစာမျက်နှာ အမည်များကဲ့သို့ပင် ဖိုင်အမည်များသည်လည်း ပထမစာလုံးမှလွဲ၍ ကျန်စာလုံးများတွင် စာလုံးအကြီးအသေး သတ်မှတ်ချက်ရှိနေသည်။ အမည်မည်းသတ်မှတ်ခြင်းတားမြစ်ထားခြင်းကို MediaWiki:Titleblacklist မှတဆင့် ပြုလုပ်နိုင်သလို အမှားစာတိုများမှတဆင့်လည်း ဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် အသုံးများသည့် ယေဘုယျ ဖိုင်အမည်များ (ဒစ်ဂျစ်တယ် ကင်မရာများမှ အလိုအလျောက် သတ်မှတ်လိုက်သည့် အမည်များ) သည် အမှားစာတို MediaWiki:Titleblacklist-custom-filename ကို ပြသစေလိမ့်မည်။ ယေဘုယျ ဖိုင်အမည်များ![]() အချို့သော ဖိုင်အမည်များကို ယေဘုယျဆန်လွန်းသောကြောင့် upload တင်ခြင်းမှ ကာကွယ်ထားသည်။ ဥပမာ File:Image.jpg, File:Image.png, File:Image.gif နှင့် File:Image.svg တို့ ဖြစ်ကြသည်။ မည်သည့်ဖိုင်များအား အမည်ပြောင်းသင့်သလဲ?Wikipedia:ဖိုင်အမည်များ တွင် ဖိုင်အမည်ပြောင်းလဲသင့်သည်များကို ဖော်ပြထားသည်။ ယေဘုယျအားဖြင့် ဝီကီပီးဒီးယား ပြင်ပတွင် ကိရိယာများမှ ဖိုင်များအား သုံးစွဲနေနိုင်ခြင်းကြောင့် ဝီကီပီးဒီးယားသည် တည်ငြိမ်သည့် ဖိုင်အမည်များကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည်။ လက်ရှိတွင် အောက်ပါ ဖိုင်အမည်ပြောင်းခြင်း ကိုးခုအား ကျယ်ပြန့်စွာ အသုံးပြုနေသည်။
ဖိုင်အား ရွှေ့ပြောင်းပြီးပါက ကျေးဇူးပြု၍ ဖိုင်အဟောင်းလင့်ခ်နေရာတွင် အသစ်ဖြင့် သုံးစွဲထားသမျှအားလုံးတွင် အစားထိုးပါ။ အကယ်၍ မြန်မာဝီကီပီးဒီးယားရှိ ဖိုင်တစ်ခုအမည်သည် Commons ရှိ ဖိုင်အမည်နှင့် ဝိရောဓိဖြစ်နေပါက အမည်ပြောင်းလဲရန် မစဉ်းစားမီ ကျေးဇူးပြု၍ File usage on other wikis ကို ကြည့်ရှုစစ်ဆေးပါ။ Commons ရှိ ဖိုင်တစ်ခုအား အမည်ပြောင်းလဲပါက ပရောဂျက် ၅၀၀ ကျော်တွင် အကျိုးသက်ရောက်မှု ရှိစေနိုင်ပါသည်။ အကယ်၍ ဖိုင်အား WP:FNC#9 အရ ရွှေ့ပြောင်းခဲ့ပါက လင့်ခ်အားလုံးကို ပြင်ဆင်ပြီးပါက မည်သည့်ဖိုင်များအား အမည်မပြောင်းသင့်ဘူးလဲ?အခြေခံသဘောအရ တည်ရှိရာနေရာတွင် သုံးစွဲသော ယေဘုယျအမည်ရှိ ဖိုင်များအား အနည်းငယ် ကောင်းမွန်သည့် အမည်များ ရှိနေလျှင်တောင်မှ အမည်မပြောင်းဘဲ ထားပါ။ ဥပမာ
သို့သော်လည်း ရှုပ်ထွေးစေနိုင်သည့် အခြေအနေဖြစ်ပေါ်လာစေနိုင်ခြင်းအား ရှောင်ရှားရမည်။ ဆက်စပ်ကြည့်ရှုရန်
|
Portal di Ensiklopedia Dunia