ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ)/မော်ကွန်း ၁
အစိုးရ အဖွဲ့အစည်းတွေကလဲ ဆိုင်ရာဆိုင်ရာ အကြောင်းအရာတွေမှာ ကူညီရေးသားပေးကြမယ်ဆိုရင် ပိုပြီးတိုးတက်ကျယ်ပြန့်လာမှာ သေချာပါတယ်၊၊ ကာလတို လုပ်ငန်းကာလတို ရည်မှန်းချက်အနေနဲ့ ဟင်္သာရဲ့ နီနေတဲ့ ခေါင်းစဉ်တွေ ပြာအောင်လုပ်မယ် စိတ်ကူးတယ်။ Lionslayer ၀၈:၄၁၊ ၇ ဒီဇင်ဘာ ၂၀၁၀ (UTC)
အခန်းကဏ္ဍစွယ်စုံကျမ်း စီဒီတွင် (ကဏ္ဍပေါင်းစုံ) ပါသည်။
ပါသည်။ အဲ့ဒီလို ကဏ္ဍ ခွဲရင်ကောင်းမလား...ဝိုင်း စဉ်းစားပေးကြပါဦး။--Mayor mt ၀၉:၃၉၊ ၇ ဒီဇင်ဘာ ၂၀၁၀ (UTC)
Outstanding person of Myanmar Wikipedia 2010မြန်မာဝီကီပီးဒီးယားအတွက် Outstanding person of Myanmar Wikipedia 2010 ကို ဆုပေးဖို့ တစ်စုံတစ်ယောက်က ကမ်းလှမ်းလာပါတယ်။ ကျေးဇူးပြုပြီး မဲပေးပေးကြပါ။ http://micropoll.com/t/KEqQ5ZBsMv Zawthet ၁၄:၁၇၊ ၂၃ ဒီဇင်ဘာ ၂၀၁၀ (UTC) ကိုယ့်အကြောင်း ကိုယ်ရေးလို့ ရလားကိုယ့်အကြောင်းကိုယ် ရေးဖို့ မိမိရဲ့ အသုံးပြုသူ စာမျက်နှာ ထဲမှာ ရေးပါ။ ဝီကီဆောင်းပါးမှာ ရေးခံရဖို့အတွက် သတင်း၊ သတင်းစာ၊ ဝဘ်ဆိုက်သတင်း တစ်ခုခုမှာ ဖော်ပြခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေအတွက်လည်း အလားတူ ဖြစ်ပါတယ်။ Lionslayer ၁၇:၄၀၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၁ (UTC) ဖျက်ရန် သို့မဟုတ် ပြောင်းရန်
လိုရင်းအချုပ်ခေါင်းစဉ်မှားနေရင် ဆောင်းပါးအပေါ်က မြားလေးက ရွှေ့ပါကို နှိပ်ပြီး ခေါင်းစဉ်ပြောင်းလို့ရပါတယ်။ ရေးပြီးသားဆောင်းပါးကိုတော့ အက်ဒမင်သာ ဖျက်နိုင်ပါတယ်။ အက်ဒမင်တွေ ဖျက်ဖို့ ဖျက်စေချင်တဲ့ဆောင်းပါးမှာ {{delete}} လို့ ရေးခဲ့ပါ။ Speedy Deletion ခေါင်းစဉ်အောက် ဝင်သွားပါလိမ့်မယ်။ အောက်က အကြောင်းပြချက်နေရာမှာ ဘာကြောင့်ဖျက်စေချင်တယ်ဆိုတဲ့ အကြောင်းပြချက်ပါရေးပေးပါ။ ကျေးဇူးတင်ပါတယ်။ @=={Lionslayer> ၀၉:၀၇၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၁ (UTC) ဒီ အချုပ် ဆိုတဲ့ ခေါင်းစဉ်ကြီးက သိပ်တော့ မနှိပ်လှဘူးမှတ်တယ်..။ :D Lagoonaing ၁၄:၂၁၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၁ (UTC) သံခိပ်တာ.. :P @=={Lionslayer> ၁၄:၂၄၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၁ (UTC) Power Rangersကိုမောင်မောင်ဆန်းကို ပြောပေးပါ... ဘာကြောင့် Power Rangers အကြောင်းကို wiki မှာ မတင်ပေးတာလဲလို့...။ :D JK Lagoonaing ၁၃:၅၃၊ ၂၂ နိုဝင်ဘာ ၂၀၁၀ (UTC)
ပေါ့စိမ့်တစ်ခွက်လောက်ဗျာ....။ Lagoonaing Licensesဖိုင်တင်ရင် လိုင်စင်မရှိဘူး ဖြစ်နေလို့ CC license Template တွေ လုပ်ထားလိုက်တယ်။ အက်မင်တွေ Special:Upload မှာ Update လုပ်ပေးပါ။ နောက်တစ်ခုက ယူဇာတွေ Google က ရှာလို့တွေ့တိုင်း မတင်ကြပါနဲ့။ ပြန်ပြီး ဝေမျှလို့ရတယ်လို့ လိုင်စင်တပ်ထားမှ Upload လုပ်ကြပါ။ Wikimedia commons ထဲကဖိုင်တွေဆို တိုက်ရိုက်ယူသုံးလို့ ရပါတယ်။ Google image search သုံးရင် Advanced search ဆိုတာကို ကလစ်နှိပ်ပါ။ Labeled for reuse with modification ဒါမှမဟုတ် Labeled for commercial reuse with modification ကိုရွေးပါ။ Commons ထဲက မဟုတ်ရင် ဘယ်ကယူတယ်ဆိုတာ လင့်တပ်ပေးပါ။ Lionslayer ၀၈:၃၇၊ ၉ ဖေဖော်ဝါရီ ၂၀၁၁ (UTC) အကြောင်းပြချက်မြန်မာမဟုတ်တဲ့ တခြား ဝီကီ အက်ဒမင်တွေ လာလာကျပ်နေကြလို့ ဆောင်းပါးတစ်ပုဒ်ကို ပြင်ရင် ဘာကြောင့်ပြင်တယ်ဆိုတဲ့ အကြောင်းပြချက်အတိုကို အကျဉ်းချုပ်နေရာမှာ ဘိုလို ရေးခဲ့ကြပါ။ Lionslayer ၁၀:၀၄၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၁ (UTC)
မှီငြမ်းကိုးကားအင်္ဂလိပ်ဝီကီက ဘာသာပြန်ရင် မှီငြမ်းကိုးကားကို အင်္ဂလိပ်ဝီကီလင့် ထည့်ပေးမဲ့အစား အင်္ဂလိပ်ဝီကီမှာပါတဲ့ Cite တ ွေပြန်ထည့်ပေးပါ။ ကျေးဇူးပါ။ @=={Lionslayer> ၀၅:၂၈၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၁ (UTC) ဝီကီအကူအညီ Wiki Helpdeskတန်းပလိတ်အဲယာတက်နေတယ်ကျွန်တော် လက်ရှိရေးနေတဲ့ အကြောင်းအရာရဲ့ တန်းပလိပ်မှာ အဲယာတစ်ခု တက်နေတယ်။ တန်းပလိတ် နာမည်က လူပါ။ ဒီဇင်ဘာ ၈ရက်နေ့လောက်က ကြွယ်ဝမှုဆိုတာကို ထပ်ထည့်ထားပါတယ်။ ထည့်ပြီးနောက်ပိုင်း ရေးလာတာ ဆောင်းပါး ၄၈ ခုလောက်ရှိပါပြီ။ အားလုံး အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး။ ဆောင်းပါးထဲရဲ့ တန်းပလိတ် ထဲမှာ ကြွယ်ဝမှု၊ မွေးရက်တွေ ထည့်ထားပေမယ့် မပေါ်ဘူးဖြစ်နေတယ်။ အဲ့ဒိဆောင်းပါးရဲ့ ဒီနေရာမှာလဲ ကျွန်တော် ရေးထားတယ်။ ကူညီကြပါအုံးခင်ဗျာ။--Chitpone ၀၄:၀၃၊ ၇ ဇန်နဝါရီ ၂၀၁၁ (UTC) အိန္ဒိယရဲ့ ၁၃ ယောက်မြောက်သမ္မတအကြောင်းအိန္ဒိယရဲ့ ၁၃ ယောက်မြောက်သမ္မတအကြောင်း ကိုယ်ရေးအကျဉ်းလေးရေးထားတာ အဆင်မပြေဘူးဖြစ်နေပါတယ်။ ကျွမ်းကျင်သူများ ပြင်ဆင်လိုက်ကြပါအုံး။ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုတော့မှာဖြစ်ပါတယ်။ အမှီတင်ထားစေချင်လို့ပါ။ " ပရာနတ်မူခါဂျီး" လို့ ရိုက်လိုက်ပါ။ ပေါ်လာမည့် page ကို ပြင်လိုက်ကြပါအုံး။
ContributionDear Sir, I want to contribute Wikipedia (Myanmar) in translated version of "Burma" pages from Wikipedia English version. I have some knowledge in file formats such as PNG, SVG, JPEG. I believe I can translate them into Burmese. My problem is, I have no knowledge on Myanmar Unicode System you are using on this Wiki pages. Some Myanmar words showing me wrongly on my machine such as "ဒီမှာ ဘာလင့်တွေရှိလဲ" I usually use "Arieal TT" font which switches between Burmese and English fonts easily by pressing Control+Shift. My suggestion is you should insert one link on your page for the font you are using or show the link for that font. Thanks and regards, Myo Aung
အကြောင်းအရာ အရည်အတွက်ရှေ့က Central_Bicolano နဲ့ ကျွန်တော်တို့က နဲနဲပို ပြတ်နေသလားလို့..။ မကြာခင်မှာပဲ ကျွန်တော်တို့ အကြောင်းအရာ ငါးထောင်ကျော်မယ်လို့ ထင်တယ်ဗျ..။ ခုတောင် လေးထောင့်ခုနစ်ရာကျော်နေတော့မှ ငါးထောင်ကတော့ အသာလေးမှတ်တာပဲ..။ ကျွန်တော်လည်း ညနေပိုင်းတွေ အားရင် အားသလို ဝင်ပြီးအားဖြည့်ပေးပါ့မယ်...။ Lagoonaing ၁၄:၃၄၊ ၂၁ ဇန်နဝါရီ ၂၀၁၁ (UTC) စတီးဝတ်စတီးဝတ်တွေ လျှောက်ဖို့ ခေါ်နေတယ်။ အနည်းဆုံး အက်မင်သက်တမ်း ၃ လရှိရမယ် ပြောတယ်။ ကိုဇော်သက်နဲ့ ကိုသင်ကာတို့ လျှောက်ကြပါ။ စတီးဝတ်ရရင် မြန်မာဝီကီကို စိတ်ကြိုက်ပြင်လို့ရပြီ။ Lionslayer ၀၈:၂၄၊ ၂၆ ဇန်နဝါရီ ၂၀၁၁ (UTC) ကွန်ပြူတာထဲမှ ပုံများကို တင်လိုခြင်းဝီကီမှာ စာပဲရေးတတ်ပါတယ်။ကျွန်တော်ဆွဲထားတဲ့ block diagram တွေတင်ချင်လို့ပါ။အညွှန်းမှာ ဖတ်ကြည့်ပေမယ့် နားမလည်သောကြောင့် ဒီမှာ မေးရခြင်းဖြစ်ပါတယ်။နေရာလွဲနေရင် တောင်းပန်ပါတယ်။
ပြီးရင် ပုံမှန်ပါဘဲ။ ပုံဘယ်လိုထည့်လဲဆိုတာကတော့ အကူအညီမှာ ကြည့်ပါခင်ဗျာ။Battoe ၀၆:၁၈၊ ၆ မတ် ၂၀၁၁ (UTC) Wiktionary's Burmese NamePlease vote for my.Wiktionary.org Burmese name here. @=={Lionslayer> ၀၅:၄၈၊ ၁၀ မတ် ၂၀၁၁ (UTC) help with UnicodeI don't write with myanmar unicode .please help me.````
To use Unicode Keyboard, please follow the instruction in thislink. Let us know if you still have problems. Zawthet ၁၆:၀၉၊ ၁၆ မေ ၂၀၁၁ (UTC) New Administrators ProposalWe now have six admins here in Myanmar Wikipedia. Only Ko Zaw Thet and Ko Thinker are the active admins here. I'd like to propose to remove inactive admins and add more active admins here.
The rests are guest admins from meta I guess. This is no offense to the inactive admins. I respect them for their dedication and contributions. But I've seen many Sysops or Bureaucrats resigned themselves since they cannot be active any longer. We also need to encourage the current active contributors. I also encourage active contributor who contributed more than a thousand edits to apply for adminship here. Please vote for removing inactive admins under this line. I will go ask SRP to remove them. Thanks. @=={Lionslayer>☎ ၀၉:၀၄၊ ၉ စက်တင်ဘာ ၂၀၁၁ (UTC) Ko Lionslayer, Show your abilities, get the admin rights, do the best, improves our Burmese Wikipedia site. We need more and more Admins, Bots, Users, ... but nothing to do with someone already has admin rights. Be positive my friend. Cheers! kyawgyi Inactive for 3 years? I don't think so. Do you have rights to see our login times? MyMyanmar (talk) ၁၉:၄၆၊ ၁၂ ဧပြီ ၂၀၁၂ (UTC)
သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲယနေ့ကမ္ဘာသည် အချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေသည့်အချိန်အခါဖြစ်ရာ ထိုသို့ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အသီးအပွင့်များကို လူသားအားလုံးမျှဝေခံစားနိုင်သကဲ့သို့ ဘေးထွက်ဆိုးကျိုးများကိုလည်း လူသားများသာမက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ခံစားလာကြရသည်။ ထိုသို့ အဆိုးနှင့် အကောင်း ဒွန်တွဲဖြစ်ပေါ်လာသည့် အခါတိုင်း မည်သည့်ဘက်တွင် မည်သို့လုပ်ဆောင်သင့်သည်များကိုလည်း ဝိုင်းဝန်းအဖြေရှာကြရသည်။ အတတ်နိုင်ဆုံး အဆိုးများမဖြစ်ပေါ်စေရန် လုပ်ဆောင်ကြရသည်။ ယနေ့ကမ္ဘာကြီးအတွက် အဓိကပြသ၁နာသည် သဘာဝပတ်ဝန်းကျင်များပျက်စီးယိုယွင်းလာခြင်းပင်ဖြစ်သည်။ ယင်းဖြစ်ရပ်ကို ဖြေရှင်းနိုင်မည့်သူမှာ ကမ္ဘာပေါ်တွင်နေထိုင်သူသက်ရှိများထဲတွင် လူသားများသာစွမ်းဆောင်နိုင်မည်ဖြစ်သည်။ သို့အတွက် ယနေ့ကမ္ဘာကြီး အနာဂတ်တွင် ရေရှည်တည်တံ့နိုင်ရန်နှင့် နောင်အနာဂတ် မျိုးဆက်သစ်များကို ဆိုးမွေထက် ကောင်းမွေကိုသာ ပေးစွမ်းနိုင်ရန်အတွက်မှာ လူသားများအပေါ်တွင်များစွာတည်မှီလျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့အတွက် ယနေ့မှစကာ တစ်ဦးချင်းဖြစ်စေ...အစုအဖွဲ့လိုက်ဖြစ်စေ...တတ်စွမ်းသမျှဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်သိမ်းခြင်း၊ ကာကွယ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။ လက်ရှိ ပျက်ယွင်းနေသည်ထက် ပိုမိုမပျက်စီးစေရန်နှင့် ထိန်းသိမ်းကာကွယ်မှုမပြုနိုင်လျှင်တောင်မှ မိမိကြောင့် မထိခိုက်သွားစေရန် အသိရှိရှိဖြင့် သတိထားကာ ရှောင်ရှားသွားသင့်သည်ဟု ပြောလိုသည်။ ထိုသို့ ပြုမူနိုင်လျှင်ပင် ထိန်းသိမ်းကာကွယ်ရာရောက်သည်ဟု ထင်မြင်ယူဆမိပါသည်။
ပလက်စတစ်အိတ်ရဲ့ အန္တရာယ်
:ကိုလဂွန်းအိန်ရဲ့အကြံပြုဆွေးနွေးချက်ဟာ ကောင်းမွန်မှန်ကန်တဲ့ဆွေးနွေးအကြံပြုချက်ဖြစ်ပါတယ်.... ပလတ်စတစ်အိတ်တွေဟာ ဒီကနေ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်...ပလတ်စတစ်အိတ်ဟာ လူသားတွေနဲ့ နေ့စဉ်ထိတွေနေတဲ့အရာတစ်ခုဖြစ်တဲ့အတွက်...အဲဒါကို တစ်ဦးချင်းအနေနဲ့ ပါဝင်ထိန်းသိမ်းသွားဖို့လိုပါတယ်...အတတ်နိုင်ဆုံး ချွေတာသုံးစွဲသွားခြင်းဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာရောက်ပါတယ်...အဲဒီလိုလုပ်ဆောင်ခြင်းဖြင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသူတစ်ယောက်အဖြစ် မိမိကိုယ်မိမိအသိအမှတ်ပြုနိုင်သူတွေများစွားပေါ်ပေါက်လာဖို့ကိုလည်း မျှော်လငိ့်မိပါတယ်...Ast0023 13:54, 29 အောက်တိုဘာ 2008 (UTC) ကျွန်တော် တစ်ဦးတည်းအနေနဲ့ကတော့ ပလတ်စတစ်အိတ်သုံးတာကို လျှော့ချပြီးတတ်နိုင်ရင် ဆိုင်ကနေ ပလတ်စတစ်အိတ်နဲ့ထည့်ပေးတာကို မယူပဲနေတာများတယ်ဗျ..။ဒါပေမယ့် ကြားဖူးတာပြောတာနော်..။အိန္ဒိယမှာ... ပလတ်စတစ်သုံးစွဲခြင်းဆန့်ကျင်လှုပ်ရှားတဲ့ အဖွဲ့သီးသန့်ရှိတယ်တဲ့ဗျ...။သူတို့အဖွဲ့ဝင်တွေက ပလတ်စတစ်အိတ်နဲ့ ရောင်းတဲ့ဆိုင်တွေမှာတတ်နိုင်ရင်ဈေးလုံးဝမဝယ်ဘူး၊အားမပေးဘူးပေါ့ဗျာ..။မတတ်သာတဲ့အဆုံးဝယ်ပြီဆိုရင်လည်း ပလတ်စတစ်အိတ်နဲ့ ထည့်ပေးတာကို ငြင်းပယ်ပြီးကိုယ်ပိုင် စက္ကူအိတ်တွေဆောင်ထားတတ်ကြတယ် ..ဆိုပဲ..။မိတယ်၊မိုက်တယ်နော်...။ကျွန်တော်တို့ဆီမှာ အဲဒီလိုလုပ်လို့ကတော့ အရူး ပြောခံရမလားပဲဗျ..။နာမည်ကြီး ဆူပါမားကတ်(တစ်ကယ်တော့ ဆူပါအဆင့်မရှိပါ။ဟန်ဆောင်ဆူပါတွေ။:P)တစ်ခုမှာ ကျွန်တော်ခဏခဏ ငြင်းဖူးတယ်ဗျ..။အိတ်မယူတော့ပါဘူး၊ဘောက်ချာပဲပေး ဆိုပြီးတော့လေ..။ ဒါပေမယ့် ကောင်တာက ကလေးမလေးတွေက တောင်းပန်တဲ့မျက်နှာနဲ့ ယူသွားပါ အစ်ကိုရယ်..ကျွန်မတို့မထည့်ပေးလို့ဆိုပြီး အဆူခံထိနေဦးမယ်တဲ့...။ခက်တယ်...။--လဂွန်းအိန် 14:09, 29 အောက်တိုဘာ 2008 (UTC)
မြန်မာနိုင်ငံမှာလည်းအခုတော့ ပလတ်စတစ်အိတ်ရဲ့ ဆိုးကျိုးတွေကို တော်တော်များများသိရှိလာကြပါပြီ...အစ်ကိုပြောသလိုပဲ ဒီနေ့အချိန်ထိကတော့ ပလတ်စတစ်အိတ်ကို ဖောဖောသီသီသုံးစွဲနေကြတုန်းပါပဲ...ပလတ်စတစ်ရဲ့အန္တရာယ်ကို တစ်ယောက်က စလို့ ဆယ်ယောက်....အယောက်တစ်ရာ...အဲဒီကမှ မြန်မာပြည်သူအားလုံးသိရှိပြီး သုံးစွဲမှုကိုလျှော့ချသွားနိုင်ဖို့ကို မျှော်လင့်မိပါတယ်...အဲဒီ့လိုအသိပညာပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးနိုင်ဖို့အတွက်က NGO အဖွဲ့အစည်းတွေများစွာလိုအပ်နေပါတယ်...စေတနာ့ဝန်ထမ်းတွေလည်းလိုအပ်နေပါတယ်...Ast0023 14:09, 1 နိုဝင်ဘာ 2008 (UTC)
ကောင်းကျိုးက ပုလင်းတွေ ဗူးတွေ မမြင်ရတော့ဘူး ၊ အကုန်လုံး ပြန်သုံးတဲ့ နေရာကို ကိုယ်ပိုက်ဆံ နဲ့ ကိုယ်ပြန်အပ်ရသလိုပေါ့၊ တစ်ချို့ကြတော့ မူးပြီးတော့ ပုလင်းမသယ်နိုင်သူတွေပေါ့၊ ပွဲတော်ဆို ပုလင်းတွေ ဗူးတွေဟာ မိုးပေါ်က ရွှေမိုးငွေမိုးရွာထားသလိုပေါ့၊ ပုလင်းလိုက်ကောက်သူတွေဟာ ပွဲတော်ဆို ယူရို ထောင်ချီရကြသူတွေတောင်ရှိတယ်၊ အဲလိုလိုက်ကောက်သူတွေ ရှိမှန်းသိလို့ ဖင်းတွေကလည်း သောက်သာ သောက်တာ ယဉ်ကျေးကြတယ်၊ ပုလင်းတွေ ဗူးတွေကို ကောက်တဲ့သူတွေအတွက် အမှိုက်ပုံးထဲ မထည့်ဘူး၊ လူမြင်နိုင်မည့်နေရာ လူမနင်းမည့်နေရာမှ တင်တင်ထားပေးကြတယ်။ လမ်းမှာ တစ်ခါတလေ ကျွန်တော်လည်း ကောက်တယ်၊ လမ်းမှာ ပြား ၂၀ ကောက်ရသလိုပေါ့၊ ပြား ၂၀ ကတော့ သေးတာပေါ့၊ သူကတော့ အကြွေဖောင်းဖောင်းလေးပေါ့ းစ၊ တစ်ခုကောင်းတာက အစိမ်းရောင်ပါတီ ရှိနေတာပဲ၊ သဘာဝပါတ်ဝန်းကျင်ကိစ္စကို သူတို့က အမြဲလိုဘီလုပ်နေတော့၊ နိုင်ငံအစင့် စတင်လုပ်ကိုင်လာတွေ ရှိတယ်၊ နိုင်ငံပါတော့ ပြည်သူတွေလည်း ပါရတာပေါ့၊ ဒီမှာ စားကျွင်းအမှိုက်၊ ပလပ်စတစ်၊ ဗူး၊ သံ၊ စက္ကူခွံကြီး အသေး အကုန်ခွဲရတယ်။ အကြိုက်ဆုံးက စားကျွင်းကို တိုက်ရိုက်မြေဆွေး လုပ်ပြစ်တာပဲ၊ လုပ်ရင်ဖြစ်ပါတယ်လေ၊ ဖြစ်အောင်လုပ်လို့ရအောင် စီစဉ်ပေးတဲ့သူတွေလည်း ရှိဖို့လိုတာပေါ့။ထိုက်မင်း (talk) ၁၉:၃၂၊ ၁၆ မေ ၂၀၁၂ (UTC) စိတ်မဆိုးလျှင်ပြောချင်တယ်ကမ္ဘာ့လူဦးရေကလည်း သန်း၆ဝဝဝကျော်နေတာဆိုတော့ လူတော်တော်များများက တစ်ခါသုံး ပလပ်စတစ်အိတ်ကိုတတ်နိုင်သမျှရှောင်ကျဉ်တာ၊ စွန့်ပစ်မှုမှာသတိထားတာတွေကလည်း သဘာဝပါတ်ဝန်းကျင်ကြီးကို အရှည်သဖြင့်ကောင်းအောင်ကြံရွယ်ကြိုးပမ်းမှုမှာ ထိရောက်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူများပြောတာနားစွန်နားဖျားကြားဖူးလို့ဖြစ်စေ ဂျူး ရေးသားပညာပေးတာဖတ်ဖူးလို့ဖြစ်စေ ဒီလိုလိုက်နာသူတွေထဲမှာ ဆေးလိပ်တွေနင်းကန်သောက်နေကြတာမျိုး၊ လမ်းခရီးထွက်တိုင်း ဆိုင်ကယ်တဝူးဝူး/ မော်တော်ကားတဝီဝီမောင်းနှင်လမ်းသလားနေကြတာမျိုးတွေမရှောင်လျှင် ဘယ်လိုလုပ်မလဲ။ အစ်ကိုတို့တစ်တွေက စွမ်းအင်တွေကိုရောကူညီခြွေတာပေးဖူးကြရဲ့လားလို့ အေရာထောက်ပြချင်ပါတယ်။ ဒီခေတ်ထဲမှာ ပင်နီအင်္ကျီယောထဘီဝတ်ပြီး ဝံသာနုရက္ခိတ လုပ်၊ ပြည်တွင်းဖြစ်ကိုပဲ အားပေးရမယ်လို့မဆိုချင်ပေမယ့် စည်သူလွင်ဆံပင်ဆေးဆိုးသလိုကြောင်ကြောင်ကျားကျားလိုက်ဆိုးတာမျိုး/ကိုရီးယားကားတွေကြည့်ပြီး ဆံပင်တွေဖြောင့်ကြ စင်းကြလုပ်နေသူတွေက တစ်ခါသုံးအိပ်ယူဖို့လေးပဲ လက်တွန့်နေတယ်ဆို ဘာနေရာကျသေးလဲ။ အဲဒါတွေကလည်း အရေးတစ်ကြီးမလိုအပ်လှပဲ နိုင်ငံခြားငွေတွေကုန်စေပြီး ကမ္ဘာကြီးမှာ အရေးမပါတဲ့ ဓါတုဗေဒထုတ်ကုန်တွေ ထုတ်ပေးနေကြရတာပဲလေ။ စိတ်ကြည်နူးစေပီတိဖြစ်စေတဲ့ခံစားမှုကို ဒါတွေမသုံးစွဲပဲ ဘယ်လိုနည်းလမ်းတွေနှင့်အစားထိုးနိုင်ကြမှာလည်း ဆိုတာမျိုးပါ ဝိုင်းဝန်းစဉ်းစားပေးကြစေလိုကြောင်းလည်းအကြံပြုပါတယ်ရှင်။ --အေရာ 07:21, 16 နိုဝင်ဘာ 2008 (UTC) မော်တော်ဆိုင်ကယ်/ကား၊ ဆေးလိပ်နဲ့ ဓာတုထုတ်ကုန်များ ကမ္ဘာကြီးကို ငဲ့ညှာပါမအေရာရဲ့ဆွေးနွေးချက်က ကောင်းမွန်ထိရောက်လှပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပျက်စီးယိုယွင်းမှုတွေဟာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းကိုပဲ ဦးတည်ပြီး သူ့ကြောင့်လို့ပြောဆိုလို့ရတဲ့အရာမဟုတ်ပါဘူး။ အသေးအမွှားလေးကစပြီး အားလုံးဆင်ခြင်သုံးသပ် ထိန်းသိမ်းကာကွယ်မှရမယ့်ကိစ္စပါ။ ကမ္ဘာကြီးပူနွေးလာတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာတာ၊ ရာသီဥတုတွေဖောက်ပြန်လာတာ အဲဒါတွေက ငါနဲ့ဘာဆိုင်တာမှတ်လို့ဆိုပြီး မသိကျိုးကျွန်ပြုနေလို့မရပါဘူး။ အဲဒါတွေက ဒီကမ္ဘာပေါ်မှာ နေထိုင်နေတဲ့ အသိဉာဏ်အကြီးမားဆုံးလို့ဆိုကြတဲ့ လူသားတစ်ရပ်လုံးနဲ့ဆိုင်ပါတယ်။ တစ်ခါက ကိုလဂွန်းအိန်ပြောဆိုဆွေးနွေးခဲ့သလိုပါပဲ။ ဒီနေ့ကမ္ဘာပေါ်မှာ လူစိတ်ရှိတဲ့လူတွေ များများပေါ်ထွက်လာဖို့ကလည်း များစွာသက်ဆိုင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ လူစိတ်ရှိတဲ့လူဆိုတာ မျိုးသုဉ်းရှားပါးသတ္တဝါစာရင်းထဲထည့်ရတော့မယ်လို့ အစ်ကိုကဆိုခဲ့ပါတယ်။ အဲဒီ လူစိတ်ရှိတဲ့လူစာရင်းထဲမှာ(အတတ်နိုင်ဆုံးပေါ့) ကျွန်တော်တို့ပါအောင်တော့ကြိုးစားရမှာပဲ။ မအေရာပြောခဲ့သလိုပါပဲ ဆေးလိပ်နင်းကန်သောက်တာ၊ မလိုအပ်ပဲ ဆိုင်ကယ်၊ မော်တော်ကားတွေ မောင်းနှင်ကြတာတွေ၊ ဓာတုဆေးဝါးတွေ အဲဒါတွေဟာ ကမ္ဘာကြီးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်းထိခိုက်စေပါတယ်။ အဲဒါကို လူအများသိရှိ လိုက်နာရှောင်ရှား ကြမယ်ဆိုရင်တော့ ကမ္ဘာကြီးဟာ မကျန်းမမာဖြစ်နေတယ်ဆိုရင်တောင်မှ လေကောင်းလေသန့်ရှုရှိုက်နေရတဲ့ လူမမာတစ်ယောက်လိုတော့ နေထိုင်နိုင်ဦးမှာဖြစ်ပါတယ်။ လူသားအားလုံးပဲ ကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ် ကမ္ဘာကြီးကို ဝိုင်းဝန်းကယ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။Ast0023 07:48, 17 နိုဝင်ဘာ 2008 (UTC) ဘီယာ နဲ့ ဆေးလိပ်ဟာ ဖက်ရှင်လိုဖြစ်လာတယ်၊ သယ်ရင်းသောက်လို့ ငါသောက်မယ်ပေါ့၊ မသောက်လည်းရပါတယ်၊ ဒါပေမဲ့ တွန်းအားကတော့ ရှိနေတာပဲ။ အစိုးရက ဘာလုပ်သလဲဆိုတော့၊ ဒီမှာ ဆေးလိုက်ဝယ်ချင်ရင် ကောင်တာတိုင်းမှာ စက်တစ်ခုထားပေးတယ်၊ အသက်၁၈ နှစ်အောက်တွေကတော့ ဝယ်မရဘူးပေါ့၊ အရက်ရော ဆေးလိပ်ရော၊ ဒါပေမဲ့ ခိုးသောက်နေကြတာပါပဲ။ ကောင်တာမှာ ပုံကို နှိပ်လိုက်ရင် ဆေးလိပ်က ထွက်လာတယ်၊ အဲလိုပဲ လွယ်တာပေါ့ ဝယ်ရတဲ့သူတွေ၊ စက်က နှိပ်လိုက်ရင် ဖလွတ်ဆို ထွက်လာတာကိုး၊ အဲဒီတော့ ဝယ်ရခက်အောင် ပုံတွေအားလုံးကို နံပါတ်လုပ်ပစ်တယ်၊ ဝယ်တဲ့သူတွေက ဘာနံပါတ်က ဘာဆေးလိပ်ပါဆိုတာ ကို မဖော်ပြထားဘူး၊ မမေးရင် ကံစမ်းမဲ ဖောက်သလိုပဲ၊ ကိုယ်မသိတော့ နှိပ်ချင်တာ နှိပ်ရရင် အကုန်ထွက်လာမှာပေါ့၊ သိချင်ရင် ကောင်တာ ငွေရှင်းကို မေးရတယ်၊ မာဘိုရို ဘာနံပါတ်လည်းပေါ့လေ၊ ကောင်တာငွေရှင်းကလည်း ဆေးလိပ်ပေါင်းစုံ နံပါတ် ဘယ် မှတ်မိမလည်း၊ ကဒ်ပြားမှာ ပြန်ကြည့်ရတယ်၊ အဲဒီကဒ်ပြားကို လူမြင်အောင် မပြရဘူး၊ ခက်ခဲအောင်လုပ်လိုက်တော့၊ အဝယ်အင်းအားကတော့ ကျသွားမှာပဲ၊ အခုဆို ကလေးတွေ ဆေးလိပ်ကို နံပါတ်ပဲ မြင်ရတော့တယ်၊ သူတို့ သောက်ချင်ရင်တောင် ဘယ်နံပါတ်ဝယ်ရမှန်းသိမှာမဟုတ်ဘူး၊ ဒါပေမဲ့ သောက်တဲ့သူတွေကတော့ ဆက်သောက်နေဦးမှာပဲ၊ နောက် မသိသေးတဲ့သူတွေအတွက်တော့ ဝေးသွားနိုင်တယ်ပေါ့။ ကောင်းတဲ့ ဥပမာလေးပါထိုက်မင်း (talk) ၁၉:၄၇၊ ၁၆ မေ ၂၀၁၂ (UTC) ဂေဟဗေဒ ချိန်ခွင်လျှာညီမျှစေဖို့သဘာဝပတ်ဝန်းကျင်ကိုချစ်တယ်ဆိုတာ အလွန်ကောင်းပါတယ်၊ လုပ်နည်းလုပ်ဟန်မသွေလွဲစေဖို့ သိနားလည်မှုက အတော်အရေးပါမယ်ထင်ပါတယ်။ အရာရာကိုသဘာဝအတိုင်းထားရမယ် သဘာဝကျကျပြုမူနေထိုင်ကြရမယ်လို့ အတွေးဝင်မှာစိုးမိတယ်၊ ဥပမာ အေရာတို့လူတွေကလူမှုဘဝလိုအပ်ချက်တွေအရ တောင်ယာစိုက်ချင်လို့ဖြစ်စေ/ သစ်ဝါးလိုချင်လို့ဖြစ်စေ အပင်တွေကိုခုတ်မှာသုံးမှာပဲ၊ စက္ကူအတွက်လည်းခုတ်နေရတာပဲ။ စနစ်တကျခုတ်ယူသုံးစွဲပြီး စနစ်တကျအစားထိုးစိုက်ပျိုးပေးတဲ့စနစ်မျိုးရှိဖို့ နဲ့တိတိကျကျလိုက်နာဖို့တော့လိုတာပေါ့။ စနစ်ကျဖို့ဆိုတာမှာလည်း ခေတ်မီနည်းပညာ စက်ယန္တယားစွမ်းအင်ဆိုတာမျိုးတွေကလိုပြန်ရော၊ ဒီတော့ ယန္တာယားထုတ်လုပ်တဲ့စက်ရုံတို့/ဓါတ်အားထုတ်တဲ့စက်ရုံတို့လည်းလိုပြန်တာပဲ။ အာသာဟေလီရဲ့ ဝတ္တုတစ်ပုဒ်မှာ သဘာဝပါတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက လျှပ်စစ်ဓါတ်အားပေးစက်ရုံအသစ်တိုးချဲ့တည်ဆောက်ရေးစီမံကိန်းတွေကို ကန့်ကွက်ဟန့်တားကြတယ်။ ဒီလိုစက်ရုံတွေရှိဖို့လိုအပ်လာမှာရယ် အရေးပါတယ်ဆိုတာကိုသိမြင်တဲ့သူတွေလည်းရှိတယ်။ သူတို့အကြောင်း အသေးစိတ်ဖတ်ချင်လျှင်တော့ Overload (1978) A novel by Arthur Hailey ကိုဖြစ်ဖြစ် ဘာသာပြန်ပဲဖြစ်ဖြစ်ရှာဖွေဖတ်ရှုကြဖို့ ညွှန်းလိုပါတယ်။--အေရာ 07:52, 16 နိုဝင်ဘာ 2008 (UTC) မှန်ပါတယ်...မအေရာ။ သဘာဝပတ်ဝန်းကျင်ဆိုတာ ဟိုး...ရှေးခေတ်ကတည်းကတည်ရှိခဲ့တဲ့၊ ကျောက်ခတ်လူသားတွေ နေထိုင်ခဲ့တဲ့ အခြေအနေမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီနေ့မှာ ရှိနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ထုတ်ယူသုံးစွဲမှုနဲ့ ထိန်းသိမ်းကာကွယ်မှု သဟဇာတမျှတစွာ အသုံးချတတ်ဖို့ကိုပဲလိုတာပါ။ သဘာဝပတ်ဝန်းကျင်မှာ သူ့အတိုင်းအတာနဲ့သူ ထုတ်ယူသုံးစွဲနိုင်တဲ့ ပမာဏတွေရှိနေပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ ကျားသတ္တဝါတွေအတွက် အကျယ်ဆုံး နယ်မြေလို့ဆိုတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာတောင် ကျားကောင်ရေဟာ စိုးရိမ်စရာအခြေအနေကိုရောက်ရှိ နေပါပြီ။ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မုဆိုးတွေက အရင်လို မိမိတို့ ဝမ်းစာဖူလုံရုံအတွက် အမဲလိုက်တာမျိုးမဟုတ်တော့ဘဲ သားကောင်တွေကို ရသလောက်ပစ်ခတ်ဖမ်းဆီးလာတဲ့အတွက် ကျားတွေအတွက် အစာရေစာရှားပါးလာခြင်းကနေစတင်ပါတယ်။ သဘာဝမှာ သတ်မှတ်အတိုင်းအတာတစ်ခုအထိထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒီထက်လွန်ကဲသွားရင်တော့ ထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ဒီကနေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေကြတာမှာလည်း ထိုနည်းအတိုင်းပါပဲ။ နောက် ဒေသခံတွေကို အစားထိုးလုပ်ငန်းတွေလုပ်ကိုင်စေခြင်းဖြင့်လည်း ထိန်းသိမ်းကာကွယ်ကြပါတယ်။ ဥပမာ-မုဆိုးတစ်ယောက်ကို လုံလောက်တဲ့ ဝင်ငွေရရှိတဲ့ အလုပ်အကိုင်အသစ်ရှာဖွေပေးတာမျိုးပေါ့ မအေရာ အထက်မှာ ပြောခဲ့သလို မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ မလိုအပ်ပဲမောင်းနှင်ကြတဲ့နေရာမှာလည်း အသိစိတ်ဓာတ်ရှိမယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး လမ်းလျှောက်သွားလို့ ရတဲ့ခရီးဆိုရင် ကိုယ်ခြေထောက်နဲ့ကိုယ် လှမ်းလျှောက်သွားတာက ကျန်းမာရေးအတွက်တောင် ပိုမိုကောင်းမွန်စေပါတယ်။ အဲလိုလူတန်းစားတွေ များများပေါ်လာဖို့လိုပါတယ်။ ခက်တာက လမ်းထိပ်လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ကွမ်းဝယ်တာ၊ ဆေးဝယ်တာကအစ မလိုအပ်ပဲ စက်ပစ္စည်းတွေကို အသုံးချနေတာပဲဖြစ်ပါတယ်။ အားလုံး အသိစိတ်ဓာတ်ရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Ast0023 08:08, 17 နိုဝင်ဘာ 2008 (UTC) To protect Enviroment ! -- မှင်စာလေး 12:42, 16 နိုဝင်ဘာ 2008 (UTC)သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစေလိုပါက သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းရမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် အခြားသယံဇာတများပါ ပြုန်းတီးသွားနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် ယခင်က သစ်တောလွှမ်းမိုးမှု ၅၀% ခန့်ရှိရာ ယခုအခါတွင် ၄၀% ခန့်သာ ရှိပါတော့တယ်။ ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိ်မ်းစေလိုလျှင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရပါမယ်။ သစ်တောပြုန်းတီးမှု၏ ဆိုးကျိုးများမှာ များပြားလှပေသည်။--မှင်စာလေး 12:42, 16 နိုဝင်ဘာ 2008 (UTC) ကိုယ့်လူ .. ၄၀% ဆိုတာသေချာရဲ့လား ...။များမနေဘူးလားကွာ..။--လဂွန်းအိန် 12:34, 11 ဒီဇင်ဘာ 2008 (UTC) ဟိုလူကြီးတောင် သစ်တောလုပ်ငန်းမလုပ်တော့ဘူးတဲ့ ၊ သဘာဝ ပါတ်ဝန်းကျင်လား လူပါးဝ ပါတ်ဝန်ကျင်လားမသိဘူး ပြောတော့ပြောတယ်၊ သစ်ပင်တွေ ကုန်သွားလို့ ရပ်လိုက်တယ်ဆိုလား၊ .. ဘာလား ညာလား.. မြန်မာပြည်မှာ အချမ်းသာဆုံးဆိုတဲ့ လူကြီးလေ၊ သူလည်း မြန်မာ့ပါတ်ဝန်းကျင်ကို ချစ်ပါတယ်တဲ့ထိုက်မင်း (talk) ၁၉:၅၀၊ ၁၆ မေ ၂၀၁၂ (UTC) မေတ္တာရပ်ခံချက်။ရှေးဟောင်းရောမ နှင့် ဂရိယဉ်ကျေးမှု့ထွန်းကားပုံ သမိုင်းတွေကို အထူးပြည့်စုံစွာရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့် ၀၂:၂၄၊ ၁၇ နိုဝင်ဘာ ၂၀၁၁ (UTC) ၀၂:၂၄၊ ၁၇ နိုဝင်ဘာ ၂၀၁၁ (UTC)~~
Old pageHi Adimns, Pls update this page Special:WantedPages , we really need it. Aunghtike ၁၅:၄၅၊ ၈ ဒီဇင်ဘာ ၂၀၁၁ (UTC)
ပွားရအောင်စာချည်းပဲ ရေးနေလို့ ပျင်းနေမှာ စိုးတဲ့ အတွက် ပွားရအောင်ဆိုပြီး တော့ပစ် ဖွင့်ထားပါတယ်။ ပွားချင်တာများ ရှိရင် ဝင်ပွားသွားကြပါ။ :D Zawthet (talk) ၁၆:၃၂၊ ၁၆ မေ ၂၀၁၂ (UTC)
ဘယ်သူမှ ဘာငွေကြေးအကျိုးအမြတ်မှ မရပါဘူး။ မယူပါဘူး။ တခါကတော့ တက္ကနစ်ရှင်တယောက်က သူလိုချင်တဲ့ ကွန်တန့်တွင် ပိုက်ဆံပေးပြီး ရေးခိုင်းပေမယ့် မလုပ်ခဲ့ပါဘူး။ ထိုင်းမှာ ဝီကီတပုဒ် ဘတ် ၅၀၀ နဲ့ ရေးလို့ရတယ်လည်း ကြားဖူးပါတယ်။ သေချာတော့ မသိ။ မြန်မာဝီကီမှာတော့ အကုန်က အချိန်နဲ့ အတတ်ပညာကို အလှူသဘောနဲ့ လုပ်ကြတာပါ။ mm thinker (talk) ၀၅:၀၅၊ ၁၉ မေ ၂၀၁၂ (UTC)
ခက်တာက Unicode vs Zawgyi မကွဲေသးဘူး Boss တစ်ေယာက်က article တစ်ခုကုိ ဘယ်ေလာက်ေပးမယ် ဘာညာဆုိြပီး fund ေပးရင်ေကာင်းသား အကုန်လုံးက ေစတနာဝန်ထမ်းေတွပဲေလ ဝင်ေဖာလုိက်ပါတယ် User:Dr_Lotus_Black ရန်ပုံငွေ လှူချင်ပါတယ် တတ်နိုင်သလောက်။ အဓိက အစိုးရက ဆိုင်ရာဆိုင်ရာ ဘာသာရပ်တွေမှာကူညီရေးသားပေးရင် အကောင်းဆုံးလို့ထင်ပါတယ်။ ပညာရှင်တွေ ဆိုင်ရဝန်ထမ်းတွေနဲ့ အသင့်တော်ဆုံး ဖျစ်သင့်ဆုံးပါ donation link for wikiဟိုင်း အက်မင်များ ခင်ဗျား - မြန်မာပြည် မှာ နိုင်ငံခြားဘဏ် တွေနှင့် ချိတ်နေပါပြီ၊ မကြာခင် ငွေလွဲတာ လုပ်နိုင်တော့မယ်။ ဝီကီကို ဝင်မရေးနိုင်သူများလည်း ပိုက်ဆံလှူလို့ရအောင် လင့်ခ်လေး ထည့်ပေးစေချင်တယ်။ ဘယ်လောက်ပဲ ရေးထား ရေးထား၊ ဆာဗာတွေ ပိတ်သွားရင်တော့ အလကားပဲ မဟုတ်လား Aunghtike (talk) ၂၃:၁၉၊ ၁ အောက်တိုဘာ ၂၀၁၂ (UTC) ဆာဗာက မိန်းဝီကီနဲ့အတူ တင်ထားတာမဟုတ်ဘူးလား၊ ကိုယ့်ဟာကို တင်ထားကြတာလား၊ မိန်းဝီကီကလည်း တစ်ခါတစ်ခါ ပိုက်ဆံကုန်လို့ အလှုခံတာမျိုးရှိတယ်လေ၊ အဲဒီပိုက်ဆံက ဒီမြန်မာပိုင်းကိုထောက်ပံ့တာမဟုတ်ဘူးလား?ထိုက်မင်း (talk) ၁၃:၃၀၊ ၂ အောက်တိုဘာ ၂၀၁၂ (UTC) ကဿပဘုရားစာကိုယ် ၁၆ မှ ၃၀ အထိ အရ ကဿပ ဘုရားသည် ဂေါတမမြတ်စွာဘုရားကို ဗျာဓိတ်ပေးခဲ့တော်မူသော မြတ်စွာဘုရားဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားနောက်ပွင့်တော်မူမည့် ဘုရားအလောင်းတော် မဟုတ်ပါ။ နောက်ပွင့်တော်မူမည့် မြတ်စွာဘုရားမှာ အရိမေတ္တယျ မြတ်စွာဘုရားဖြစ်ပါတယ်။ ဓာတ်ပုံတွေနည်းသေးတယ်ဓာတ်ပုံတွေတင်မကပါဘူး။ တခြားပုံကြမ်းတွေ၊ မြေပုံတွေလည်း နည်းနေပါသေးတယ်။ နောက်ပြီး Wikipedia pageမှာ ဘာဖြစ်လို့ မြန်မာမပါသေးတာလဲ။ −−−--Arkar Shine (talk) ၁၀:၃၄၊ ၃၁ ဒီဇင်ဘာ ၂၀၁၂ (UTC) ဓာတ်ပုံတွေနည်းသေးတယ်ဓာတ်ပုံတွေတင်မကပါဘူး။ တခြားပုံကြမ်းတွေ၊ မြေပုံတွေလည်း နည်းနေပါသေးတယ်။ နောက်ပြီး Wikipedia pageမှာ ဘာဖြစ်လို့ မြန်မာမပါသေးတာလဲ။ --Arkar Shine (talk) ၁၀:၃၅၊ ၃၁ ဒီဇင်ဘာ ၂၀၁၂ (UTC) Yes, me too wanna know why myanmar wiki is not in language page of main wiki. ကၽြန်တော်တို႔ျပဳစုထားတဲ႔ သမိုင်းရုပ်ရွင်ဇာတ်လမ်းတွေကို ထုတ်လုပ်သူတွေသိအောင်ဘယ်လိုလုပ်ရမလဲ ။ PDF ဖိုင်တွေဖြစ်အောင်ဘယ်လိုပြောင်းရမလဲ ။ Wikiversitywikiversity ကိုမြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးစေချင်ပါတယ် ၀၅:၅၃၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၆ (UTC)
Page name ကို creat မလုပ်တတ်လို့ပါ။ကျွန်တော်က အခုမှ page အသစ်လုပ်တာပါ။ ကျွန်တော့် page name ကို "English text Grade 11" လို့ပေးမလို့။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါဦး။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ page ကိုဖျက်နည်းလေးလည်း ပြောပြပါ။ ကျေးဇူး တင်ပါတယ်။ ပေါင်းစပ်ရန်ကျွန်တော် မက်ဇူကာဘတ်အကြောင်းရေးတာ မာ့ခ် ဇက်ကာဘာ့ဂ်ဆိုပီခေါင်းစဉ်ကလည်းရှိပီးသာဆိုတော့ ကျွန်တော်စီမှာပေါင်းစီရန်ဆိုတာကြီးထပ်ဆုံးမှာလာပေါ်နေတယ်။ ဘာဆက်လုပ်ရမလဲ ခင်ဗျ — Preceding unsigned comment added by BannerCoe (ဆွေးနွေး • ပံ့ပိုး)
Wikipedia to the Moon working phaseDear Burmese Wikipedia language community, First of all, I am sorry to write this in English. You may already have heard about Wikipedia to the Moon: A team of scientists called the “PT Scientists” are going to send a space craft to the moon in 2017 and they want to take Wikipedia along with them. Because Wikipedia is so big, we cannot send all of it to the moon. That is why the international Wikipedia-community has voted to send all “Featured Articles and Featured Lists“ from all languages in Wikipedia. “Featured Articles“ is a category in many language versions of Wikipedia that collects the very best articles in that language. Your community does not currently have a „Featured Articles“ category. Ideally, we want to take every language on Wikipedia to the moon and we also want to take the best articles in your language. That is why we would like you to tell us what the very best articles in your language are. There are two ways you could do this:
The deadline for Wikipedia to the Moon is 31 October 2016. After that date, we will put all the Featured Articles and Lists onto a special disc and give it to the “PT Scientists.” They will take the Wikipedia articles into space next year. --Denis Schroeder (WMDE) (ဆွေးနွေး) ၁၄:၄၂၊ ၁၇ ဩဂုတ် ၂၀၁၆ (UTC) The visual editor landing here soonHi all, and sorry for crossposting! See this announcement. Thanks! --Elitre (WMF) (ဆွေးနွေး) ၀၈:၃၂၊ ၄ အောက်တိုဘာ ၂၀၁၆ (UTC)
December 2016ဆွေးနွေးချက်အသစ်ကို ဘယ်မှာ စရေးရမလဲ ရှာမတွေ့လို့ သူများ စာအောက်မှာပဲ မေးလိုက်ပါရစေ။ မြန်မာလို ရိုက်နေရာက အင်္ဂလိပ်လို ဘယ်လို ပြောင်းရိုက်ရမလဲဟင် Myanmar3 မှာ ဇော်ဂျီဖောင့်လိုမျိုး ကွန်ထရိုးရှစ် နှိပ်ပြီး ပြောင်းလို့လည်း မရဘူး။ Bhone.bm (ဆွေးနွေး) ၀၃:၅၅၊ ၂၂ ဒီဇင်ဘာ ၂၀၁၆ (UTC)
|
Portal di Ensiklopedia Dunia