ဝီကီပီးဒီးယား:သင်ခန်းစာများ/ဆွေးနွေးချက်စာမျက်နှာ
ဆွေးနွေးချက်စာမျက်နှာများ ဟာ ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ အခြားသော ဝီကီပီးဒီးယန်းတွေနဲ့ ပတ်သက်ပြီးသော်လည်းကောင်း ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။ စကားပြောခန်းတွေ၊ ကြုံရာကျပန်း ပြောဆိုမှုတွေ အတွက် မဟုတ်ဘဲ ဆောင်းပါးအကြောင်းအရာကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး မေးစရာတစ်ခုခု ဒါမှမဟုတ် ဆွေးနွေးစရာတစ်ခုခု ရှိနေရင် ဆောင်းပါးရဲ့ ဆွေးနွေးချက်စာမျက်နှာမှာ ဝင်ရောက်ရေးသားနိုင်ပါတယ်။ စာမျက်နှာထိပ်က "ဆွေးနွေးချက်များ" ကို နှိပ်လိုက်ပါ။ ချိတ်ဆက်က အနီရောင်ဖြစ်နေလို့ မစိုးရိမ်ပါနဲ့။ ဆွေးနွေးချက်စာမျက်နှာ မရှိသေးရင် ဖန်တီးလိုက်လို့ ရပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး သင်က ပြန်ပြောဖို့ရှိနေရင် သူတို့ရဲ့အောက်မှာပဲ သင့်သုံးသပ်ချက်ကို ရေးပါ။ ပတ်သက်မှုမရှိဘဲ အသစ်ပြောဆိုဖို့အတွက် "အပိုင်းသစ်စတင်ရန်" + ကိုနှိပ်ပြီး ရေးမယ်ဆိုရင် အလိုအလျောက် စာမျက်နှာအောက်နားကို ရောက်သွားမှာပါ။ သင့်သုံးသပ်ချက်တွေအတွက် အမြဲတမ်း လက်မှတ်ထိုးပေးပါ။ သင့်နာမည်နဲ့ အချိန်ကို ဖော်ပြဖို့အတွက် ~~~~ လို့ ရေးပါ။ ပြီးရင် "စာမျက်နှာကို သိမ်းရန်"ကို နှိပ်လိုက်ရင် သင့်လက်မှတ်ကို အလိုအလျောက် ထည့်သွင်းပေးပါလိမ့်မယ်။ အဲလိုမဟုတ်ရင် သင့်စာစုဟာ သင့်အမည်မပါဘဲ ပေါ်နေပါလိမ့်မယ်။ (သင့်အတွက် တည်းဖြတ်တဲ့ အကွက်အောက်နားမှာ ဆိုင်းထိုး "--~~~~" ဆိုတဲ့ ခလုတ်လေးကို ထည့်သွင်းပေးထားပါတယ်။) သင့်မှာ အသုံးပြုသူအကောင့် မရှိသေးရင်၊ ဒါမှမဟုတ် လော့ဂ်အင်မဝင်ထားရသေးဘူးဆိုရင် သင်အသုံးပြုတဲ့ ကွန်ပျူတာရဲ့ ပြင်ပ အိုင်ပီလိပ်စာ ကို သင့်လက်မှတ်အစား အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဲလိုအခြေအနေမှာ သင့်သုံးသပ်ချက်မှာ လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ သင့်အိုင်ပီလိပ်စာကို စာမျက်နှာ ရာဇဝင်မှာ မှတ်သားထားမှာ ဖြစ်ပါတယ်။ သင့်အိုင်ပီလိပ်စာကို ဝီကီပီးဒီးယားမှာ မှတ်သားမထားစေချင်ဘူးဆိုရင်တော့ အခမဲ့ အကောင့်တစ်ခုကို လုပ်လိုက်ပါ။ အသုံးပြုသူ ဆွေးနွေးချက်စာမျက်နှာများမည်သည့် တည်းဖြတ်သူမဆို (အကောင့်ရှိသော မည်သူမဆို) မှာ အခြားအသုံးပြုသူတွေ ဝင်ရောက်စာတိုရေးသားနိုင်တဲ့ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ရှိနေပါတယ်။ အကောင့်မရှိသူတွေပါ ဝင်ရောက်ရေးသားနိုင်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို စာတိုရေးသားခဲ့တယ်ဆိုရင် ဝီကီပီးဒီးယား စာမျက်နှာ ထိပ်ဆုံးမှာ သင့်ရဲ့ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ဆီကို ချိတ်ဆက်ထားတဲ့ "You have new messages" ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စာပြန်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်ခုက သင်စာပြန်မယ့်သူရဲ့ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာမှာ သွားရောက် ပြန်စာရေးသားခြင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ သင့်ရဲ့ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာပေါ်က မူရင်းစာတို အောက်မှာ ပြန်စာရေးသားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဝီကီပီးဒီးယားမှာတော့ နှစ်မျိုးလုံးကို အသုံးပြုကြပါတယ်။ ဒါပေမယ့် သင့်ကိုယ်ပိုင် ဆွေးနွေးချက် စာမျက်နှာမှာ ရေးသားခြင်းက အကယ်၍ သင့်ဆွေးနွေးချက် စာမျက်နှာကို အသုံးပြုသူက ပြန်မဝင်ကြည့်ဖြစ်ခဲ့ရင် သင့်ပြန်စာကို တွေ့မှာ မဟုတ်ပါဘူး။ အဆင့်ဆင့်ရေးသားခြင်းအဆင့်ဆင့်ရေးသားခြင်းဖြင့် ဆွေးနွေးချက်ကို ဖတ်ရှုရာမှာ ပိုမိုလွယ်ကူစေပါတယ်။ စံအလေ့အကျင့်ကတော့ သင်စာပြန်မယ့်သူရဲ့အောက် တစ်ဆင့်နှိမ့်ပြီး ရေးသားခြင်းပါပဲ။ ဝီကီပီးဒီးယားမှာ အဆင့်ဆင့်ရေးသားဖို့ နည်းလမ်းတွေ ရှိပါတယ်: ဗြောင်အရှင်းဆုံးနည်းလမ်းကတော့ ကော်လံ (:) ကို စာကြောင်းထိပ်မှာ ထားလိုက်ခြင်းပါပဲ။ ကော်လံများလေ စာကြောင်းအဆင့်ပိုများလေ ဖြစ်ပါတယ်။ နမူနာပြရရင်:
အောက်ကလိုမျိုး တွေ့မြင်ရမှာ ဖြစ်ပါတယ်:
Bullet pointsစာရင်းအစီအစဉ်တွေမှာ သုံးတဲ့ bullets ကိုလည်း သုံးနိုင်ပါသေးတယ်။ ခရေပွင့် (*) ကို စာကြောင်းထိပ်မှာ ထည့်သွင်းရေးသားနိုင်ပါတယ်။ နမူနာပြရရင်:
အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်:
နံပါတ်စဉ်ထိုးခြင်းနံပတ်စဉ်ထိုးပြီးတော့လည်း ရေးသားနိုင်ပါသေးတယ်။ (#) သင်္ကေတကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီသင်္ကေတကို များသောအားဖြင့် မဲပေးခြင်းတွေမှာပဲ ပိုမို အသုံးပြုလေ့ရှိပါတယ်။ နမူနာ:
အောက်ပါအတိုင်း ပြသပေးမှာ ဖြစ်ပါတယ်:
နမူနာ ဆွေးနွေးချက်များအောက်မှာ ပြထားတာကတော့ ပုံစံတကျ ရေးသားထားတဲ့ ဆွေးနွေးချက် နမူနာ ဖြစ်ပါတယ်: Hi. I have a question about this article. I'm pretty sure purple elephants only live in New York! JayRandumWikiUser 02:49, 10 Dec 2003 (UTC)
သင့် သုံးသပ်ချက်မှာ စာရင်းတွေ ထည့်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ရေးသားနိုင်ပါတယ်။
သင့်စာသားကို လက်မှတ်ထိုးဖို့ မမေ့ပါနဲ့:
သင့်အနေနဲ့ လက်မှတ်ချည်း၊ ဒါမှမဟုတ် ရက်စွဲချည်းပဲ ထည့်နိုင်ပါတယ်။ ဒါပေမယ့် သုံးစွဲလေ့မရှိပါဘူး။ နမူနာအနေနဲ့:
မဲပေးခြင်းတွေအတွက် နာမည်သီးသန့် သုံးလေ့ရှိပါတယ်။ ပိုမိုသိရှိလိုပါက Help:ဆွေးနွေးချက် စာမျက်နှာများ မိတ်ဆက် ကို ဖတ်ပါ
မှတ်သားရန် သင်ခန်းစာကို ဆက်သွားမယ် →
|
Portal di Ensiklopedia Dunia