ဝီကီပီးဒီးယား:သင်ခန်းစာများ/ပုံစံချခြင်း
ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ်ကို ပုံစံချခြင်း ဆိုတာဟာ ပုံမှန် စာရေးသားတာနဲ့ ကွဲပြားမှုရှိပါတယ်။ ပေါ့ပါးတဲ့ ဝီကီဘာသာစကား wikitext (သို့မဟုတ် wiki-markup) ကို အသုံးပြုပြီး လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ်။ cheatsheet မှာ wikitext ကုဒ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ စာလုံးထူနှင့် စာလုံးစောင်းများအများဆုံး အသုံးပြုကြတာကတော့ စာလုံးထူ နဲ့ စာလုံးစောင်းများ ပဲ ဖြစ်ပါတယ်။ စာလုံးထူခြင်း နဲ့ စာလုံးစောင်းခြင်း တို့အတွက် စကားလုံး ဒါမှမဟုတ် စာသားကို ' သင်္ကေတများနဲ့ ပြုလုပ်ပါတယ်: ![]()
ဝီကီပီးဒီးယားမှာ ဆောင်းပါးတစ်ခုရဲ့ အကြောင်းအရာအမည်တွေကို ဆောင်းပါးတွင်းမှာ ပထမဆုံး ဖော်ပြတဲ့နေရာမှာ စာလုံးအထူ ကို သုံးပါတယ်။ နမူနာအနေနဲ့ အလောင်းမင်းတရား ဆောင်းပါးကို ကြည့်ရအောင်:
စာလုံးစောင်း ကိုတော့ စာအုပ်၊ ရုပ်ရှင်၊ အယ်လ်ဘန်၊ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းအမည်တွေမှာ သုံးလေ့ရှိပါတယ်။ စာအုပ် ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ကား အမည်ကို ပထမဆုံး ဖော်ပြတဲ့နေရာမှာဆိုရင်တော့ စာလုံးစောင်းအထူ ကို သုံးပါတယ်။
ခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများတွေဟာ ဆောင်းပါးတစ်ပုဒ်ကို စုစည်းဖော်ပြနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကယ်၍ ဆောင်းပါးတစ်ခုမှာ အကြောင်းအရာမျိုးစုံနဲ့ စာပိုဒ်အစုတွေ ပါဝင်နေရင် သင့်အနေနဲ့ သင့်လျော်တဲ့ ခေါင်းစဉ်တွေ တပ်ပြီး ခွဲခြားရေးသားနိုင်ပါတယ်။ အဲဒီအပိုင်းတွေ ထဲမှာ နောက်ထပ်အပိုင်းခွဲတွေ (ခေါင်းစဉ်ခွဲတွေ) ထပ်ထည့်နိုင်ပါသေးတယ်: ဒါက ခေါင်းစဉ်အပိုဒ်ခွဲပါခေါင်းစဉ်စာသားကို '=' လေးထည့်သွင်းခြင်းဖြင့် ခေါင်းစဉ်တွေဖန်တီးနိုင်ပါတယ်။ '=' သင်္ကေတများများသုံးလေ ခေါင်းစဉ်ခွဲများလေ ဖြစ်မှာပါ:
ထပ်မံသိရှိလိုပါက Help:Wiki markup ကို ဖတ်ပါ
Subscript and superscriptTo use the subscript format you type an opening The code displays: H2SO4 → 2 H+ + SO42− ထပ်မံသိရှိလိုပါက Help:Wiki markup ကို ဖတ်ပါ
တည်းဖြတ် ကိရိယာဘား
ထပ်မံသိရှိလိုပါက Help:Edit toolbar ကို ဖတ်ပါ
အချိတ်အဆက်များ သင်ခန်းစာကို ဆက်သွားမယ် →
|
Portal di Ensiklopedia Dunia