ဝီကီပီးဒီးယား:သင်ခန်းစာများ/ရင်းမြစ်များကို ကိုးကားခြင်း
ဒါဟာ စွယ်စုံကျမ်းတစ်ခု ဖြစ်တဲ့အတွက် ဆောင်းပါးရေးသားဖို့ ဒါမှမဟုတ် ဖြန့်ကျက်ရေးသားဖို့အတွက် လိုအပ်တဲ့ အကိုးအကား တွေဖြစ်တဲ့ ဝက်ဘ်ဆိုဒ်တွေ၊ သတင်းစာတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေ နဲ့ အခြားရင်းမြစ်တွေကို ပြုစုထားဖို့ လိုပါတယ်။ ထပ်မံပေါင်းထည့်တာတွေနဲ့ ပြင်ဆင်ချက်တွေအတွက် ယုံကြည်ရတဲ့ ရင်းမြစ်အကိုးအကားတွေပေါ် မူတည်ပြီးပဲ ပြုလုပ်သင့်ပါတယ်။ ဘယ်နေရာကနေပဲဖြစ်ဖြစ် စာသားတွေ ကူးလာပြီး ရေးထည့်လိုက်တာမျိုး မလုပ်ဘဲ သတင်းအချက်အလက်တွေကို စိစစ်အတည်ပြုနိုင်ရမှာ ဖြစ်ပါတယ်။ အကိုးအကား မထည့်ထားတာ ဒါမှမဟုတ် အကိုးအကားအားနည်းတဲ့ ဆောင်းပါးသစ်တွေနဲ့ ရှိနှင့်ပြီး ဆောင်းပါးတွေထဲကို ထပ်ပေါင်းရေးသားချက်တွေဟာ ဖျက်ပစ်ခံရနိုင်ပါတယ်။ အောက်ခြေမှတ်စုများပုံမှန်အားဖြင့် အကိုးအကားများကို စာကြောင်းအဆုံးနဲ့ စာကြောင်းအဖြတ်တွေနောက်မှာ ထည့်သွင်းလေ့ရှိတယ်။ ဝီကီပီးဒီးယားအနေနဲ့ တည်းဖြတ်သူတွေကို ကိုးကားထည့်သွင်းတဲ့ မည်သည့်ပုံစံကိုမဆို အသုံးပြုခွင့် ပေးထားပါတယ်။ စာကြောင်းလိုက် ကိုးကားချက်တွေကို အောက်ခြေမှတ်စုများ အနေနဲ့ ထည့်သွင်းလေ့ရှိပါတယ်။ ကိုးကားချက်ကို ပုံမှန်ရိုက်ထည့်သွင်းခြင်းအသုံးအများဆုံး နည်းလမ်းကတော့ စာကြောင်းလိုက် အောက်ခြေမှတ်စု ကိုးကားချက်ထည့်သွင်းခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ Wiki markup ထဲက ref tags ကို အောက်ပါအတိုင်း အသုံးပြုထည့်သွင်းနိုင်ပါတယ်:
ဆောင်းပါးထဲမှာ အောက်ခြေမှတ်စုတစ်ခု ကို ထည့်သွင်းပြီးရင် အဲဒီစာသားကို ဝီကီပီးဒီးယား ဆော့ဖ်ဝဲလ်ကနေ ပြန်လည်ပြသပေးဖို့ လုပ်ပေးရဦးမှာပါ။ အောက်က စာသားမျိုး ဖြစ်ပါတယ်:
အဲဒီစာသားကို သင့်ပြင်ဆင်ချက်တွေကို သိမ်းလိုက်တာနဲ့ ref tag က သင့်ရဲ့ ကိုးကားချက်စာသားကို အောက်ခြေမှတ်စု အနေနဲ့ ပြသပေးပါလိမ့်မယ် ([၁] လိုမျိုးပေါ့)၊ ကိုးကားစာသား အပြည့်အစုံကတော့ ကိုးကားခေါင်းစဉ်အပိုင်းမှာ ပြသပေးပါလိမ့်မယ်။ သင့်ရဲ့ ကိုးကားချက်ဟာ ပြင်ပဝက်ဘ်ဆိုဒ်တစ်ခုဖြစ်နေရင် ဝက်ဘ်ဆိုဒ်လိပ်စာ (URL) ကို လေးထောင့်ကွင်း တစ်စုံအကြားမှာ စာသားအချို့နဲ့ ထည့်သွင်းရေးသားရင် ဖတ်ရှုသူဟာ လင့်ခ်ချိတ်ဆက် ကို မြင်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ အရေးမကြီးပေမယ့် အောက်ခြေမှတ်စုမှာ အချက်အလက် အပြည့်အစုံ ထည့်ပေးဖို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။ အောက်မှာ ပိုမိုပြည့်စုံတဲ့ နမူနာကို ပြထားပါတယ်။
URL ချည်းသက်သက် ကို ပြင်ပကိုးကားချက်အနေနဲ့ မသုံးဖို့ အကြံပြုလိုပါတယ်။ ပိုမိုပြသထားတဲ့ အောက်ကလမ်းညွှန်ကို ဖတ်နိုင်ဖို့ ညာဖက်က ပြ ဆိုတာကို နှိပ်ပါ။ ကိုးကား နမူနာ လမ်းညွှန်
ဗီဒီယို သင်ခန်းစာ ကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။ ပိုမိုသိရှိလိုပါက Help:Introduction to referencing with Wiki Markup/1 နဲ့ Wikipedia:ကိုးကားချက် ဆောင်ရန် ရှောင်ရန်များ ကို ဖတ်ပါ
ဆွေးနွေးချက်စာမျက်နှာများ သင်ခန်းစာကို ဆက်သွားမယ် →
|
Portal di Ensiklopedia Dunia