ဝီကီပီးဒီးယား:အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ထားသူများ
ပုံမှန်အားဖြင့် အိုင်ပီလိပ်စာများ သို့မဟုတ် အိုင်ပီလိပ်စာအုပ်စုများကို ကာလရှည် ပိတ်ပင်ခြင်းသည် အကောင့်ဝင်ထားသော တည်းဖြတ်သူကို သက်ရောက်မှု မရှိပါ။ သို့သော်လည်း တစ်ခါတစ်ရံတွင် နှောက်ယှက်မှုများမှ ကာကွယ်ရန်အတွက် အမည်မသိအသုံးပြုသူများနှင့် အကောင့်ဝင်ထားသော တည်းဖြတ်သူများကို hard block နည်းလမ်းဖြင့် ပိတ်ပင်ရန် လိုအပ်လာလေ့ရှိသည်။ စီမံခန့်ခွဲသူများ နှင့် ဘော့များသည် အဆိုပါပိတ်ပင်မှုများမှ (Tor ပိတ်ပင်မှုများ[၁] မှ လွဲ၍) အစဉ်ကင်းလွတ်ခွင့် ရှိသည်။ အခြားသော တည်းဖြတ်သူများအနေဖြင့် အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့် ကို အသုံးပြုသူ တစ်ဦးခြင်းစီအလိုက် လုပ်ဆောင်ချက်များအပေါ် မူတည်၍ တောင်းဆိုနိုင်သည်။ အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ဖြင့် တည်းဖြတ်သူများသည် တည်းဖြတ်ခြင်းကို အနှောက်အယှက်မရှိ ပြုလုပ်နိုင်သည်။ အသုံးပြုသူတစ်ဦးသည် ဤအခွင့်အရေးအား အလွဲသုံးစားမပြုနိုင်ဟု ယုံကြည်ထိုက်သော အခြေအနေတွင် proxy အသုံးပြု၍ တည်းဖြတ်ခြင်းကိုလဲ ဆောင်ရွက်နိုင်သည်။ အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရရှိထားသော တည်းဖြတ်သူများအနေဖြင့် proxyများမှတဆင့် ခွင့်မပြုထားသော တည်းဖြတ်ခြင်း၊ သို့မဟုတ် အကောင့် အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် အခြားသော အပြုအမူများကြောင့် ဤမူဝါဒကို ကျိုးပေါက်စေနိုင်ကြောင်း သတိမူရန် လိုအပ်ကာ ဤအခွင့်အရေးအား ပြန်လည်ရုတ်သိမ်းသွားစေနိုင်သည်။ ဤခွင့်ပြုချက်ကို ယေဘုယျအားဖြင့် အတွေ့အကြုံရှိသော အသုံးပြုသူများအတွက် ၁၂ လသက်တမ်းဖြင့် ခွင့်ပြုလေ့ရှိပြီး လိုအပ်ပါက သက်တမ်းကုန်ဆုံးချိန်တွင် နောက်တစ်ဖန် ပြန်လည် တောင်းဆိုနိုင်သည်။ အတွေ့အကြုံနည်းသော အသုံးပြုသူများအနေဖြင့် ဤမူဝါဒရှိ သတ်မှတ်ချက်များနှင့် အကျုံးဝင်နေပါက အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို သက်တမ်းတိုဖြင့်သာ ရနိုင်မည် ဖြစ်သည်။ လတ်တလောတွင် အသုံးပြုသူ ၆ ဦးသည် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့် ရရှိထားသည်။ ကင်းလွတ်ခွင့် တောင်းဆိုခြင်းနှင့် ခွင့်ပြုခြင်းအိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို အဓိကနှစ်ချက်ဖြင့် အသုံးပြုသည်။
open proxy အသုံးပြုမှုများ ပါဝင်နေခြင်းကြောင့် ယင်းတို့ကို ကိစ္စရပ်တစ်ခုစီအလိုက် ကိုင်တွယ်ဆုံးဖြတ်သည်။ အိုင်ပီလိပ်စာ အုပ်စုအား ပိတ်ပင်မှုကို ဖြတ်ကျော်ရန် အသုံးပြုခြင်းအိုင်ပီလိပ်စာ အုပ်စုအတွင်းရှိ ယာယီအကောင့်များနှင့် sock-puppets များ၏ ရေရှည်နှောက်ယှက်ခြင်းများမှ ကာကွယ်ရန်အတွက် အိုင်ပီလိပ်စာအုပ်စုအား အထူးပိတ်ပင်ခြင်း ကို အသုံးပြုလေ့ရှိသည်။ ယုံကြည်စိတ်ချရသော တည်းဖြတ်သူတစ်ဦးအနေဖြင့် အဆိုပါ ပိတ်ပင်မှုများအတွင်း ကျရောက်နေလျှင် စီမံခန့်ခွဲမှုအရ ဆုံးဖြတ်ခွင့်ဖြင့် ပိတ်ပင်မှုမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး အိုင်ပီလိပ်စာအုပ်စု ပိတ်ပင်ခြင်းမှ အနှောက်အယှက်မရှိ တည်းဖြတ်နိုင်မည် ဖြစ်သည်။ ဤခွင့်ပြချက်အား ပေးအပ်နိုင်သည့် အခြေအနေများမှာ
ထို့အပြင် အိုင်ပီလိပ်စာအုပ်စုဖြင့် အထူးပိတ်ပင်ခြင်းကြောင့် သက်ရောက်မှုရှိနေသော ယုံကြည်ရသော တည်းဖြတ်သူများအတွက် စီမံခန့်ခွဲသူတစ်ဦးသည် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်အား တောင်းဆိုခြင်း မရှိဘဲ ပေးအပ်နိုင်သည်။ လက်သရမ်းမှုများမှ ကာကွယ်ရန် အိုင်ပီလိပ်စာအုပ်စုအလိုက် ပိတ်ပင်ထားပြီး တည်းဖြတ်သူအား အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့် ပေးထားကြောင်းကို တည်းဖြတ်သူအား အကြောင်းကြားသင့်သည်။ အဆိုပါ တည်းဖြတ်သူများသည် ဤအပိုင်းအား ရှင်းလင်းစွာ သိရှိရန် ဖတ်ရှုထားသင့်ပြီး ပိတ်ပင်ထားသော proxy များမှ တည်းဖြတ်ခဲ့ပါက ဤအခွင့်အရေးအား ပြန်လည် ဖယ်ရှားနိုင်ကြောင်း သိရှိထားရမည်။ (အောက်တွင်ရှိသော စာတွဲများနှင့် တမ်းပလိတ်များ ကို ကြည့်ပါ။)
အမည်မသိနိုင်သော proxy သုံး၍ တည်းဖြတ်ရာတွင် အသုံးပြုခြင်းopen proxy နှင့် VPN ဝန်ဆောင်မှုကဲ့သို့သော အမည်မသိနိုင်သော proxy များမှ တည်းဖြတ်ခြင်းသည် လွယ်ကူစွာ အလွဲသုံးစားပြုလုပ်နိုင်သည်။ ဤအခြေအနေတွင် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို ယုံကြည်ရသော အသုံးပြုသူများကိုသာလျှင် ပေးအပ်သည်။ တည်းဖြတ်သူများ၏ စွယ်စုံကျမ်းအပေါ် ကောင်းမွန်သည့် ဆောင်ရွက်ချက်များ ပြသနိုင်သော အသုံးပြုသူများနှင့် ယခင်က နှောက်ယှက်သော တည်းဖြတ်မှုများ မပြုလုပ်ခဲ့သည့် ရှိနှင့်ပြီး အသုံးပြုသူများသည် ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုကို ပြုလုပ်နိုင်သည်။ သို့သော် အသုံးပြုသူအများစုသည် သူတို့၏ ဘရောက်ဆာတွင် open proxy များ ထည့်သွင်းအသုံးပြုထားခြင်းကို မသိမမူမိဘဲ ဝင်ရောက်လေ့ရှိသည်။ အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို မတောင်းဆိုမီ သင့် ဝဘ်ဘရောက်ဆာနှင့် အင်တာနက် ဆက်သွယ်မှုတွင် proxy ထည့်သွင်းထားခြင်း ရှိမရှိကို ဦးစွာ စစ်ဆေးပါ။
ဂလိုဘယ် အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင်နှင့် ဆက်စပ်မှုမြန်မာဝီကီပီးဒီးယားရှိ ဒေသတွင်း အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်သည် အသုံးပြုသူများအား ဂလိုဘယ် ပိတ်ပင်မှုတွင် ပါဝင်နိုင်သော မည်သည့် အိုင်ပီလိပ်စာမှ မဆို တည်းဖြတ်နိုင်ရန် ခွင့်ပြုထားသည်။ အကယ်၍ ဒေသတွင်း အထူးပိတ်ပင်မှုရှိနှင့်ပြီး ဖြစ်ပါက ဂလိုဘယ် အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ဖြင့် အသုံးပြုသူတစ်ဦးသည် တည်းဖြတ်နိုင်ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ မြန်မာဝီကီပီးဒီးယားတွင်သာ တည်းဖြတ်ရန် ရည်ရွယ်ပြီး အခြားပရောဂျက်များတွင် တည်းဖြတ်ရန် ဆန္ဒမရှိသည့် အသုံးပြုသူများအား ဂလိုဘယ် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့် အစား ဒေသတွင်း အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ကို ပေးအပ်ခြင်းက ပိုမိုသင့်လျော်သည်။ အပြန်အလှန်အားဖြင့် ဤမူဝါဒအရ ကျေနပ်ဖွယ်မရှိသော အသုံးပြုသူများကို ဂလိုဘယ် အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်အား အမြဲတစေ ပေးအပ်လိမ့်မည် မဟုတ်ပါ။ အခွင့်အရေး ပြန်လည်ဖယ်ရှားခြင်းအိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်သည် လိုအပ်သော တည်းဖြတ်သူများနှင့် အလွဲသုံးစား မပြုဟု ယုံကြည်ရသော တည်းဖြတ်သူများကို ပေးအပ်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အကောင့်တစ်ခုမှ အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်မှ ဖယ်ရှားနိုင်သော ယေဘုယျ အကြောင်းပြချက်များမှာ
မည်သည့် ပိတ်ပင်မှုမျိုးဖြင့် မဆို (ကင်းလွတ်ခွင့်အား ဖယ်ရှားခြင်းလည်း ပါဝင်) ကြားနေစီမံခန့်ခွဲသူတစ်ဦးသည် အခွင့်အရေးကို ဖယ်ရှားခြင်း သို့မဟုတ် အများဖြင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ စီမံခန့်ခွဲသူများအနေဖြင့် အသုံးပြုသူအား သူတို့၏ အိုင်ပီပိတ်ပင်မှုမှ ကင်းလွတ်ခွင့်အား ဖယ်ရှားတော့မည့်အကြောင်းကို ကြိုတင်အသိပေးခြင်းဖြင့် အသုံးပြုသူအား ဆွေးနွေးရန် အခွင့်အရေးပေးသင့်သည်။ သက်တမ်းတိုးခြင်းအား တောင်းဆိုမှုအပေါ်မူတည်၍ ပြုလုပ်နိုင်သည်။ စီမံခန့်ခွဲသူများအတွက် လမ်းညွှန်
စာတွဲများနှင့် တမ်းပလိတ်များ
အခြားကြည့်ရန်
မှတ်စု
|
Portal di Ensiklopedia Dunia