ဝီကီပီးဒီးယား:Autoconfirmed usersဝီကီပီးဒီယားပေါ်တွင် အချို့သောလုပ်ဆောင်ချက်များကို အသုံးပြုသက်နှင့် တည်းဖြတ်ကြိမ်ရေပေါ် မူတည်၍ ကန့်သတ်ထားပြီး ကန့်သတ်ချက်နှင့် ကိုက်ညီသူများကို အလိုအလျောက်အတည်ပြုပြီးသူများ (autoconfirmed) အုပ်စုသို့ သွင်းသည်။ အလိုအလျောက်အတည်ပြုပြီး အဆင့်သို့ ရောက်ရှိသူ ဟုတ်၊ မဟုတ်ကို ကန့်သတ်ထားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်မည်ပြုတိုင်း စစ်ဆေးသည်။ ဆော့ဝဲလ်ဖြင့် စိစစ်ခြင်းဖြစ်ရာ ပြန်လည်ဖယ်ရှား၍လည်း မရပေ။ အလိုအလျောက်အတည်ပြုပြီးအဆင့်သို့ ရောက်ရှိရန် လိုအပ်ချက်မှာ ကွဲပြားမှုများ ရှိသည်။ အင်္ဂလိပ်ဘာသာသုံး ဝီကီပီးဒီးယား၌ အသုံးပြုသက် (၄) ရက်ရှိပြီး တည်းဖြတ်မှု အနည်းဆုံး (၁၀) ခု ပြုပြီးသူကို အလိုအလျောက်အတည်ပြုပြီးအဖြစ် သတ်မှတ်သည်။ သို့သော်လည်း လက်ရှိတွင် တိတ်တိတ်ပုန်းကွန်ရက် (Tor Network) ကို အသုံးပြုတည်းဖြတ်ပါက ကန့်သတ်ချက် ပိုကြီးပြီး အသုံးပြုသက် ရက် (၉၀) နှင့် တည်းဖြတ်ကြိမ် (၁၀၀) ရှိမှသာ စာရင်းဝင်သည်။ ![]() အလိုအလျောက်အတည်ပြုပြီးအဆင့်ကို စာမျက်နှာများ ရွေ့ရန်၊ တစ်ပိုင်းတစ်စ ကာကွယ်ထားသော စာမျက်နှာများအား တည်းဖြတ်ရန်၊ ဖိုင်တင်ရန်နှင့် လက်ရှိဖိုင်အား သစ်လွင်သောဖိုင်ဖြင့် အစားထိုးရန် ပြုလုပ်လိုက လိုအပ်သည်။ အလိုအလျောက်အတည်ပြုပြီးသူများအနေဖြင့် ကိစ္စအများစုကို ပုံဖမ်းစာဖမ်း (CAPTCHA) ပြုလုပ်စရာ မလိုတော့ပေ။ စာမျက်နှာများကိုလည်း စစ်ဆေးပြီးစာမျက်နှာ (Patrolled Page) အဖြစ် သတ်မှတ်ခွင့် ရမည်ဖြစ်သည်။ |
Portal di Ensiklopedia Dunia