ဝီကီပီးဒီးယား:Requests for adminship
စီမံခန့်ခွဲသူအဖြစ် တောင်းဆိုခြင်း (Requests for adminship; အတိုကောက် RfA) သည် ဝီကီပီးဒီးယား အသိုင်းအဝိုင်းမှ မည်သူသည် စီမံခန့်ခွဲသူ (အက်ဒမင် ဟုလည်း ခေါ်ကြသည်) ဖြစ်လာနိုင်ကြောင်း ဆုံးဖြတ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိကိုယ်တိုင် သို့မဟုတ် အခြားသော အသုံးပြုသူအား စီမံခန့်ခွဲသူအဖြစ် အဆိုပြုခြင်း ဆောင်ရွက်နိုင်သည်။ ဝီကီပီးဒီးယား အသိုင်းအဝိုင်းမှ ယုံကြည်စိတ်ချရသော အသုံးပြုသူများအား စီမံခန့်ခွဲသူများအဖြစ် ခန့်အပ်သည်။ စီမံခန့်ခွဲသူများ၏ လုပ်ဆောင်ချက်များအား အများသူငှာ မှတ်တမ်းတွင် မှတ်တမ်းတင်ထားပြီး အခြားသော စီမံခန့်ခွဲသူများမှလည်း နောက်ပြန် ပြင်ဆင်နိုင်သည်။ စီမံခန့်ခွဲသူများသည် အသုံးပြုသူများအား တည်းဖြတ်ခြင်းမှ ပိတ်ပင်ခြင်း၊ စာမျက်နှာများ ကာကွယ်ခြင်း၊ ဖျက်ခြင်းနှင့် စာမျက်နှာတိုင်းတွင် သက်ရောက်မှုရှိသော interface များအား ပြင်ဆင်ခြင်းများကို လုပ်ဆောင်နိုင်သည်။ မေတာ၏ စီမံခန့်ခွဲသူ မူဝါဒအရ inactive ဖြစ်နေသော စီမံခန့်ခွဲသူများအား စီမံခန့်ခွဲသူအဖြစ်မှ ဖယ်ရှားခြင်းခံရမည် ဖြစ်သည်။ တောင်းဆိုမှုတစ်ခု ပြုလုပ်ခြင်းအခြားသော အသုံးပြုသူ သို့မဟုတ် သင်ကိုယ်တိုင်အား အဆိုပြုခြင်း မပြုလုပ်မီ အဆိုပြုလိုက်သော အသုံးပြုသူသည် စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာရန်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ သေချာစေရန်အတွက် ကျေးဇူးပြု၍ စီမံခန့်ခွဲသူများအတွက် သတ်မှတ်ချက်များကို ဖတ်ရှုပေးပါ။ သင့်အနေဖြင့် မော်ကွန်းဟောင်းများကို ဦးစွာ ပြန်လည်ကြည့်ရှုခြင်းဖြင့် အခြားသူများ၏ တောင်းဆိုမှုများ အောင်မြင်ခြင်း၊ ကျရှုံးခြင်းများကို တွေ့မြင်နိုင်ပါမည်။ စီမံခန့်ခွဲသူများ၏ ကိရိယာများသည် ဝီကီပီးဒီးယားကို ပိုမိုကောင်းမွန်လာစေရန်အတွက် အကူအညီများဖြစ်ပါသည်။ ယင်းတို့သည် အခြားသော အသုံးပြုသူများထက် ပိုမိုသာလွန်စေခြင်း မဟုတ်ပါ။ အဆိုပြုတောင်းဆိုရန်အတွက် စီမံခန့်ခွဲသူအဖြစ် လတ်တလော တောင်းဆိုမှုများ ခေါင်းစဉ်အောက်တွင် သင့်အသုံးပြုသူ အမည်နှင့်တကွ တောင်းဆိုမှု ပြုလုပ်ပါ။ စီမံခန့်ခွဲသူအဖြစ် လတ်တလော တောင်းဆိုမှုများဗျူရိုကရက်အဖြစ် လတ်တလော တောင်းဆိုမှုများပုံပန်းသွင်ပြင်စီမံခန့်ခွဲသူအဖြစ် လတ်တလော တောင်းဆိုမှုများ |
Portal di Ensiklopedia Dunia