ဝေဖြိုးအောင်

ဒေါက်တာဝေဖြိုးအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်သာကေတမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1985-05-15) ၁၅ မေ၊ ၁၉၈၅ (အသက် ၄၀)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးတင်ဝင်း
ဒေါ်သန်းသန်းဝင်း
မိခင်ကျောင်းဆေးတက္ကသိုလ်(၂) ရန်ကုန်
အလုပ်အကိုင်ဆရာဝန်၊ နိုင်ငံရေးသမား

ဒေါက်တာဝေဖြိုးအောင် (၁၅ မေ ၁၉၈၅ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဆရာဝန်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သာကေတမြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။[]

ငယ်ဘဝနှင့်ပညာရေး

ဒေါက်တာဝေဖြိုးအောင်ကို ၁၉၈၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းသာကေတမြို့နယ် တွင် မွေးဖွားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန်တွင် ဆေးခန်းဖွင့်လှစ်ခဲ့သည်။[]

နိုင်ငံရေး

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သူသည် သာကေတမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya