သက်သာလောနိတ်ဩဝါဒစာပထမစောင်
၁။ စံတော်မီဝိသေသလက္ခဏာ လူမှုဆက်ဆံရေးတွင် အဖိုးတန်သောစာအဖြစ် ဆရာကြီးများက အလေးအနက်ထားအသိအမှတ်ပြုကြသည်။ ဤစာစောင်သည် ရှင်ပေါလုရေးသော ပထမဦးဆုံးဩဝါဒစာ ဖြစ်နိုင်သည်။ ရှင်ပေါလုသည် သက်သလောနိတ်သို့ ခဏတဖြုတ်ရောက်ရှိသည့်အခိုက်တွင် အယူအဆအမျိုးမျိုးပေါ်ပေါက်နေကြသည်ကို တွေ့မြင်ခဲ့သဖြင့် ဤအံ့ဖွယ်ရာ ခရစ်ယာန်အသက်တာ သွန်သင်ခြင်းဩဝါဒစာကို ရေးသားခြင်းဖြစ်သည်။ ယနေ့ကာလတွင် ချီဆောင်ခြင်းနှင့် သခင်ဘုရား ဒုတိယအကြိမ်ကြွလာခြင်းကို ဧဝံဂေလိအသင်းတော်များက မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။ ဓမ္မရေးရာတွင်နိုးထကြသည့် အထူးသဖြင့် (၁၈၂၅-၁၈၅၀) အတွင်း ဗြိတိန်နိုင်ငံ ကနေဦးညီအကိုများ အသင်းတော်များက ဤသက်သာလောနိတ်ဩဝါဒ ပထမစာစောင်ကို ကျယ်ပြန့်စွာအခြေပြုကြသည်။ ဤစာစောင်မပါရှိလျှင် ခရစ်တော်ဘုရား၏ တဖန်ပြန်လည်ကြွလာခြင်းအကြောင်း စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ၂။ ကျမ်းရေးသူ ဤကျမ်းစာစောင်ကို ရှင်ပေါလုလက်ရာ မဟုတ်ကြောင်း ဆင်ခြေတက်သည့် ကျမ်းစာပညာရှင်တစ်ပါးမှမရှိပါ။ J.E.Frameက “ရှင်ပေါလုသာ မရှိခဲလျှင် ဤဩဝါဒမျိုး ပေါ်ထွန်းခဲ့မည် မဟုတ်ပါ”ဟု ထောက်ခံရေးသားခဲ့သည်။ ရှင်ပေါလုလက်ရာဖြစ်ကြောင်း Pol၌carp,Ignatius နှင့် Justin တို့က ထောက်ခံထားသည်။ Marcionite နှင့် Muratonian တို့တွင် လည်းတွေ့နိုင်သည်။ အတွင်း သရုပ်အဖြစ် ရှင်ပေါလု၏ အသုံးအနှုန်း၊ဝေါဟာရ၊ ဟန်ပန်နှင့်စိတ်ရှည်သီးခံခြင်း၊ ဝိညာဉ်ဖခင် အရာခံယူခြင်းများ တွေ့ရသည်။ တမန်တော်ဝတ္တု ၁:၁နှင့် ၂:၁၈တွင်လည်း ရှင်ပေါလု ကိုယ်တိုင်သမိုင်း ဖြစ်စဉ်နှင့် ယှဉ်၍ ပြောထားသည်။ ၃။ အချိန်ကာလ ဤပထမဩဝါဒစာစောင်ကို ကောရိန္ဃုတွင် (၁၈)လကြာ နေထိုင်စဉ် တိမောသေ ရောက်ရှိပြီးမကြာမီ (၁သက် ၃:၆၊၂၁၇)တွင် ရေးခြင်း ဖြစ်သည်။ ဘုရင်ခံ Gallio(တခဂ)ကမူ သူကိုယ်တိုင် AD ၅၁ခုနှစ် နွေဦးကာလတွင် ရောက်ရာ၊ ရှင်ပေါလုသည် AD ၅ဝ အစောပိုင်းတွင် ရောက်၍ ရေးသားခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ ကျမ်းစာပညာရှင်များကလည်း AD ၅ဝ သို့မဟုတ် ၅၁တွင် ရေးသည်ဟု သဘောတူကြရာ သခင်ဘုရား ကောင်းကင်နိုင်ငံသို့ ပြန်ကြွပြီး နောက်နှစ်ပေါင်း (၂၀)ခန့်တွင် ရေးသားခြင်း ဖြစ်သည်။ ၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက် ရှင်ပေါလု၏ ဒုတိယဘာသာရေးခရီးစဉ် ဧဝံဂေလိသတင်းကောင်းသည် သက်သာလောနိတ် အမှောင်ထဲ၌ ရပ်တန့်ခဲ့သည်(တ၁၇:၁-၁၀)။ ပေါလုနှင့် သိလတို့ ဖိလိပိ္ပ ထောင်မှလွတ်လာပြီးနောက် အံဖိပေါလိနှင့် အာပေါလောနိမှတဆင့် သက်သာလောနိတ်သို့ ရောက်ရှိလာသည်။ ထိုစဉ်ကာလတွင် သက်သာလောနိတ်သည် စီးပွားရေးနှင့် နိုင်ငံရေးထွန်းကားသော မြို့တော် ဖြစ်သည်။ ရှင်ပေါလုသည် ယုဒတရားစရပ်များသို့ သွား၍ ဓမ္မဟောင်း မေရှိယသခင်သည် ဆင်းရဲဒုက္ခခံပြီး၊ သေခြင်းမှ ထမြောက်တော်မူကြောင်း ဟောပြောသည်။ ထိုမေရှိယသခင်သည် နာဇရက်ယေရှုဖြစ်ကြောင်း ထပ်မံရှင်းပြသည်။ သီတင်း(၃)ပတ် ကြာခဲ့သည်။ အချို့ယုဒများသည် သဘောပေါက် အတွေးရောက်သွားပြီး၊ ပေါလုနှင့် သိလအား နေရာပေးကြသည်။ သူတို့လည်း ယုံကြည်သူ ဖြစ်လာကြသည်။ ဂရိဘာသာရေး ဆရာကြီး အများအပြားနှင့် အမျိုးသမီး ခေါင်းဆောင်အနည်းငယ် ပြောင်းလဲကြသည်။ ထိုအချိန်မှစ၍ ပြဿနာစသည်။ တချို့မယုံကြည်သူများက ပေါလုနှင့်သိလ တည်းခိုသော Jason ၏နေအိမ်ကို လာရောက်ဝိုင်းပတ်ပြီး၊ အဓိကရုဏ်း လုပ်ကြသည်။ အိမ်ထဲဝင်ရောက်၍ ပေါလုနှင့်သိလကို မတွေ့သည့်အခါ အိမ်ရှင်နှင့် အခြားယုံကြည်သူများကို ဖမ်းဆီးပြီး မြို့တော်အာဏာပိုင်များ ထံအပ်နှံကြသည်။ ကမ္ဘာကြီးကို မှောက်လှန်မည့်သူများဟု စွပ်စွဲကြသည်။ ထိုစကားသည် အတိတ်တဘောင် ဖြစ်သည်။ ခရစ်ယာန်များသည် ဆီဇာဘုရင်နှင့် အပြိုင် ယေရှုဘုရင်ကို တင်မြောက်ကြကြောင်း စွဲချက် တင်ကြသည်။ မြို့တော်အာဏာပိုင်များ အကြပ်အတည်းတွေ့ကြသည်။ Jason အဖွဲ့အား မြို့ပြင်သို့ ဧည့်သည်များမောင်းထုတ်ရန် ပြင်းထန်စွာ အမိန့်ပေးပြီး ပြန်လည် စေလွှတ်လိုက်ကြသည်။ သက်သလောနိတ်မှ ယုံကြည်သူ ညီအကိုများသည် အလိမ္မာသုံးကာ၊ တရားဟောဆရာများကို ညတွင်းခြင်း ထေရိ သို့ပို့ဆောင်ကြသည်။ ရှင်ပေါလုနှင့်သိလ မရှိတော့သည့် နောက်ပိုင်းတွင် ယုံကြည်ခြင်းတရားကို မည်သူဟောကြားတော့မည်နည်း။ ညှဉ်းဆဲခြင်းကို မည်သူက ခံဝံ့မည်နည်း။ ပေါလုနှင့်မိတ်ဆွေများသည် စနေ(၃)ရက် နေခဲ့ကြောင်း တ၁၇:၂တွင် တွေ့ရသည်။ မည်သို့ပင် ဖြစ်စေရှင်ပေါလု၏ တရားစရပ် ဟောကြားချက်များသည် ထိချက်နာသည်။ ပေါလုနှင့် အဖွဲ့သည်(၃)လကြာအောင် မြို့ထဲတွင် ရှိနေပုံရသည်။ တမန်တော်ကြီး ဩဝါဒစာအရ သက်သလောနိတ်သားများသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ကင်းလွတ်ကြောင်း သိရသည်။ ၃ပတ်၊၄ပတ် ကြာမှ ဤစာကို ခက်ခက်ခဲခဲရရှိကြသည်။ ပေါလုသည်ဗေရိမှ အာသင်သို့သွားသည်(တ ၁၇:၁၅)။ အာသင်ရောက်သောအခါ သက်သာလောနိတ်သားများ ညှဉ်းဆဲခြင်းခံရသည့် သတင်းကြားသည်။ သွားဖို့ကြိုးစားသော်လည်း စာတန်ကတားဆီးသည် (သက်၂:၁၇)။ သို့ကြောင့် တိမောသေကို စေလွှတ်သည်(၃:၁-၂)။ တိမောသေက တိုက်တွန်းအားပေးရန်လိုကြောင်း အစီရင်ခံသည် (၃:၆-၈)။ သို့ကြောင့် ဤဩဝါဒကို ကောက်ကာငင်ကာ ထရေးခြင်း ဖြစ်သည်။ ဤစာတွင် အမှုတော် ဂုဏ်သိက္ခာ တိုက်ခိုက်ခြင်းကို ကာကွယ်သည်။ ရိုးရာယဉ်ကျေးမှုမှ ရုန်းထွက်ကြရန် ဆွဲဆောင်သည်။ ခရစ်တော်၌ သေလွန်သူများနှင့် ပတ်သတ်၍ ဇဝေဇဝါဖြစ်ခြင်းကိုရှင်းပြသည်။ ခရစ်တော်ကြွရောက်လာခြင်း၌ စိတ်အားကြီးသူများကို ဖြောင်းဖျသည်။ ဝိညာဉ်ဖခင်ကြီးများကို လေးစားကြည်ညိုရန် သန့်ရှင်းသူများကို တိုက်တွန်းသည်။ ဤပထမဩဝါဒစာစောင်၏ အဓိက အကြောင်းအရာမှာသခင်ယေရှုကြွလာမည့်အကြောင်းဖြစ်သည်။ အခန်း၅ခန်းဖြင့် အနည်းငယ်စီ ရှင်းပြထားသည်။ ထိုအကြောင်းကို G.R.Hardingက ဤသို့စုစည်းတင်ပြထားသည်။ ယခင်ယေရှုဘုရား ပြန်လည်ကြွလာခြင်းကို မျှော်လင့်သောယုံကြည်သူများအားဤသို့အားပေးသည်။ (၁)နှလုံးသားတွင် ရုပ်တုဆင်းတုနေရာမှရှိဟု(၁:၉၊၁၀) (၂)အမှုတော်တွင်တုံ့နှေးခြင်းမရှိရ(၂:၉၊၁၉) (၃)မဿဟာယ၌အဆင့်အတန်းခွဲခြားခြင်းမရှိရ(၃:၁၂၊၁၃) (၄)စိတ်ပျက်အားငယ်ခြင်းမရှိရ(၄:၁၃-၁၈) (၅) အသက်တာတွင် အပြစ်ဒုစရိုက်မပြုရ (၅:၂၃) ပါဝင်သည့်အချက်များ ၁။ နှုတ်ခွန်းဆက်ခြင်း(၁:၁) ၂။ သက်သာလောနိတ်သားများအား ပုဂ္ဂိုလ်ရေးအရ ပတ်သက်မှု (၁:၂–၁၀) (က) သက်သာလောနိတ်သားများအား ချီးမွမ်းခြင်း(၁:၂-၁၀) (ခ ) သက်သာလောနိတ်တွင် ပေါလု၏ အမှုတော်ဆောင်ခြင်း၊ ဒေသနာ၊ ညွှန်ကြားချက်များ ပြန်လည်ရှုမြင်ခြင်း(၂:၁ -၁:၂) (ဂ ) သက်သာလောနိတ်သားများ၏တုံ့ပြန်ချက်အား ပြန်လည်ရှုမြင်ခြင်း(၂:၁-၁:၆) (ဃ) သက်သာလောနိတ်သို့ မလာဖြစ်ခြင်း အကြောင်းရှင်းပြချက်(၂:၁၇-၂၀) (င ) သက်သာလောနိတ်သို့ တိမေသေစေလွှတ်ခြင်း (၃:၁-၁၀) (စ ) ရှင်ပေါလု၏ အထူးဆုတောင်းချက်(၃:၁၁-၁၃) ၃။ ထိရောက်သော တိုက်တွန်းနှိုးဆော်ချက်များ(၄:၁–၅:၂၂) (က) ဘုရားသခင်၏ အလိုတော်၌ စင်ကြယ်မှု ပြည့်စုံခြင်း (၄:၁-၈) (ခ ) ချစ်ခြင်းမေတ္တာသည် အခြားသူများအတွက် (၄:၉၊၁၀) (ဂ ) အသက်တာက သူများကိုစကားပြောခြင်း(၄:၁၁၊ ၁၂) (ဃ) မျှော်လင့်ခြင်းက ယုံကြည်သူများအား နှစ်သိမ့်ခြင်း (၄:၁၃-၁၈) (င ) သခင်ဘုရား၏ နေ့ရက် (၅:၁-၁၁) (စ ) သန့်ရှင်းသူများသို့ အမှန်တကယ် တိုက်တွန်းနှိုးဆော်ခြင်း(၅:၂၃ – ၂၈) TAGS: သက်သာလောနိတ်ဩဝါဒစာပဌမစောင် ကိုးကား |
Portal di Ensiklopedia Dunia