သင်္ချာပညာရေး

မျက်မှောက်ခေတ်ပညာရေး၌ သင်္ချာပညာသင်ကြားပို့ချခြင်း၊ သင်ယူခြင်း အစရှိသည့် လုပ်ဆောင်ချက်များနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို သင်္ချာပညာရေးဘာသာဟု ခေါ်ကြသည်။

သင်္ချာပညာရေးဘာသာရပ်၌ သုတေသနပြုသူတစ်ဦးသည် သင်္ချာပညာ သင်ယူ/ပို့ချခြင်းနှင့် သက်ဆိုင်သည့် ကိရိယာတန်ဆာများ၊ နည်းနာများ၊ ချဉ်းကပ်ပုံအကြံဉာဏ်များ စသည်တို့နှင့် ပတ်သက်၍ လေ့လာစူးစမ်းသည်။ အချို့ဒေသများ (သာဓကအားဖြင့် ပင်မဥရောပတိုက်တွင်း) တွင် သင်္ချာပညာရေးဆိုင်ရာ သိပ္ပံနည်းကျပို့ချခြင်းအနုပညာ (didactics or pedagogy) ကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုကြပြီး၊ ၎င်းဘာသာရပ်၏ ကိုယ်ပိုင် သဘောတရားများ၊ သီအိုရီများ၊ နည်းနာနိဿယများ၊ နိုင်ငံလုံးဆိုင်ရာနှင့် နိုင်ငံတကာ အသင်းအဖွဲ့များ၊ ကွန်ဖရင့်များ၊ သုတေသနစာပေများ စသည့်ဖြင့် ဘာသာရပ်တစ်ခုအဖြစ် သီးခြားကျယ်ပြန့်စွာ တည်ရှိသည်။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya