သင်၊ ဆရာ ဆင်ဖြူကျွန်း​

ဆရာသင် ၊ ဆင်ဖြူကျွန်း (၁၈၆၀ ခန့် ၁၉၃၄ )

ဆင်ဖြူကျွန်းဇာတိ အဖ အဝယ်တော်ပဲ့မင်း ဦးစု၊ အမိ မိဖုရား ဆံတော်ရှင်မယ်ခွေ။ မန္တ လေးနှင့် ဆင်ဖြူကျွန်းတွင် ပညာသင်သည်။ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် ဦးမြတ်သာဒွန်းတို့ထံတွင် တပည့်ခံဖူးသည်။ မန္တ လေး မြန်မာမင်းထံ၌ လွှတ်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ သီပေါမင်း နန်းတက်ခဲ့သည့် အရေးတွင် အမည်မသိ လူအချို့က မျက်လုံးကို ဓားနှင့် ခြစ်သဖြင့် မျက်လုံးကွယ်ခဲ့သည်။ ထို့နောက် ဓနုဖြူ ကြုံလှ ဆရာဖုန်းကြီးထံတွင် နက္ခတ်၊ ဗေဒင်၊ ဆေးကျမ်းပညာကို သင်ယူသည်။ သဘင်သည်များအတွက် သီချင်းနှင့် ဇာတ်လမ်းများ ရေးသည်။ ကွက်စိပ်၊ နိပါတ် များလည်း ရေးသည်။ ကိုယ်တိုင်လည်း ကွက်စိပ်ဟောသည်။ ထိုမှ တစ်ဆင့် ရန်ကုန်သို့ ရောက်လာ၏။ ရန်ကုန်၌ အလုပ်လုပ်ပြီး ဟင်္သာတမြို့သို့ ပြန်ခဲ့သည်။ ဟင်္သာတ၌ ရုပ်သေးထောင်သည်။ ထိုသို့ ရုပ်သေးလှည့်ကရင်း သုံးခွ၌ အိမ်ထောင်ကျသည်။ ၁၉၀၇ တွင် သန်လျင်သို့ပြောင်းပြီး သန်လျင်၌ ကျောင်းထောင်သည်။ သန်လျင် ဗိုလ်ချုပ်ရွာ၌ အနိစ္စ ရောက်သည်။


ဆရာသင်သည် ‘စိန်ယင်းမာမင်းသမီး ပြဇာတ်’ ( ၁၈၈၂ ) ၊ ‘မောင်နန္ဒာရှင်မွေးလွန်းပြဇာတ်’ ( ၁၈၈၃ ) ၊ ‘စိန်နန်းသူ မြနန်းသူ ပြဇာတ်’ ( ၁၈၈၉ ) ၊ ‘သုဝဏ္ဏသျှံ ပြဇာတ်’ ( ၁၈၉၂ )၊ ‘နှင်းနွယ်သာဂရ ပြဇာတ်’ ( ၁၈၉၄ )၊ စသည့်ပြဇာတ်များ၊ ‘ပဒုမ္မဒေဝီဟောစာကြီးအသစ်’ ( ၁၉၀၃ ) ၊ ‘ဗုဒ္ဓဝင်တောထွက်ခန်းဟောစာကြီး’ ( ၁၉၁၄ ) စသည့် ဟောစာများ၊ ‘စကားပဒေသာ’၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ‘ဥတုဘောဇနသဂင်္ဟ’ ကျမ်း ကို လင်္ကာဖြင့် အတိုကောက်ဖွဲ့သော ‘ဥတုဘောဇန အတိုကောက် ဥတုရသဆေးကျမ်း’ ( ၁၉၁၂ ) တို့ကို ရေးခဲ့၏။ []

ကိုးကား

  1. မလိခ၊ မြန်မာစာ အဘိဓာန်၊ အတွဲ ( ၂ ) ၊ စာ ၁၇၁ - ၁၇၂ ။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya