သစ်လွင်၊ လင်းယုန်

လင်းယုန်သစ်လွင် (၁၉၁၇-၁၉၉၃)

၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။

၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။

၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်ပြည်တော်သစ်ဂျာနယ်လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။

၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။

၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။

၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။

၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။

၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့

  1. ဘုံကျွန်
  2. သေမင်းတမန်လမ်းပေါ်ဝယ်
  3. သောင်းဒီပါမြေ
  4. ဓမ္မရက္ခိတ
  5. သီတာသောင်ခြေဦး(စာပေဆုရ)
  6. ဓမ္မဝိလာသ(စာပေဆုရ)
  7. ယိုးဒယားမြန်မာမီးရထားလမ်းကိုယ်တွေ့ ချွေးတပ်မှတ်တမ်း(စာပေဆုရ)
  8. ဆားချက်မြေ
  9. ပင်လယ်တံငါ
  10. အသက်သွေးချွေးစတေး၍
  11. ယမုံနာ(ဝတ္ထုတိုပေါင်းချုပ်)
စာရေးဆရာ လင်းယုန်သစ်လွင် ရေးသားခဲ့သောစာအုပ်များ
စဉ် စာအုပ်အမည် ထုတ်ဝေသောခုနှစ် စာအုပ်တိုက် မှတ်ချက်
တူပြိုင်လေကူးမယ်ပ ၁၈၅၂
သက်ဆုံးကြော့ကေခိုင် ၁၉၅၃
ဆိုက်ကားသမား ၁၉၅၃
ချစ်တုန့်မပြန် ၁၉၅၄
ဘုံကျွန် ၁၉၅၄
မေတ္တာသာလျှင် ၁၉၅၅
လက်ရွေးစင်ဝတ္ထုတိုများ ၁၉၅၆
ကရုဏာလှိုင်း ၁၉၅၇
အမွေဆိုင်ညီအစ်ကို ၁၉၅၈
၁၀ တရားခံ ၁၉၅၈
၁၁ လျှိ ၁၉၅၉
၁၂ နှင်းဆီမြိုင်လူသတ်မှု ၁၉၅၉
၁၃ ငွေရတုဂိုဏ်း ၁၉၅၉
၁၄ ရတနာခင်နှင့်လူသတ်ဂိုဏ်း ၁၉၅၉
၁၅ အသက်သွေးချွေး ၁၉၆၀
၁၆ ချစ်သောမာမီ ၁၉၆၀
၁၇ ခြေတော်တင်ခံမလေး ၁၉၆၁
၁၈ မိုးတစ်ညဝယ် ၁၉၆၁
၁၉ စပယ်ခြံလူသတ်မှု ၁၉၆၁
၂၀ သီတာသောင်ခြေဦး ၁၉၆၂
၂၁ မေတ္တာရနံ့ပြယ်လေသော် ၁၉၆၂
၂၂ စောနန်းမွန် ၁၉၆၂
၂၃ ဘဝဇာတ်ဆရာထံတွင် ၁၉၆၂
၂၄ သမုဒယသံယောဇဉ် ၁၉၆၂
၂၅ ဂလက်ဒီယေးတားဂိုဏ်း ၁၉၆၂
၂၆ သေနတ်တစ်ချက်အသက်တစ်ချောင်း ၁၉၆၂
၂၇ လျှို့ဝှက်ရတနာ ၁၉၆၂
၂၈ လူသတ်ပတ္တမြား ၁၉၆၂
၂၉ မေတ္တာပုလဲပန်း ၁၉၆၂
၃၀ ရွှေမနိုင်ခင်လေး ၁၉၆၃
၃၁ သွေးသောက်ဓား ၁၉၆၃
၃၂ သိန်းထိုက်ရတနာ ၁၉၆၃
၃၃ ချစ်ရလေမည့်မွေးရပ်မြေ ၁၉၆၃
၃၄ မေတ္တာနှောင်ကြိုး ၁၉၆၃
၃၅ သေမင်းတမန်လမ်းပေါ်ဝယ် ၁၉၆၄
၃၆ သောင်းဒီပါမြေ ၁၉၆၅
၃၇ သမုဒယနှောင် ၁၉၆၅
၃၈ သက်စွန့်ဆံဖျား ၁၉၆၅
၃၉ ယမုံနာတံငါဝတ္ထုတိုများ ၁၉၆၅
၄၀ နှစ်ဦးမေတ္တာဆုံကြရာဝယ် ၁၉၆၅
၄၁ ရတနာနဒီ ၁၉၆၆
၄၂ ဓမင်းဆိပ်သို့ရောက်လေသော် ၁၉၆၆
၄၃ လျှို့ဝှက်ဂေဟာ ၁၉၆၇
၄၄ စစ်သူလျှိုဂိုဏ်း ၁၉၆၇
၄၅ ကပ္ပဒိန်မာဒင် ၁၉၆၇
၄၆ ယိုးဒယား-မြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း ၁၉၆၈ အတွဲ (၁) နှင့် (၂) သတင်း နှင့် စာနယ်ဇင်း ‌ော်ပို‌ေးရှင်း၊ အတွဲ (၃) ‌ောမင်းကြီးစာ‌ေ မူလ (၃) အုပ်ကို (၂၀၀၃) တွင် စပယ်ဦးစာပေမှ ပေါင်းထုတ်သည်။
၄၇ ပင်လယ်တံငါ ၁၉၇၁
၄၈ ဓမ္မဝိလာသ ၁၉၇၁
၄၉ ဆားချက်မြေ ၁၉၇၃
၅၀ ပါးစပ်လိုက်လား လက်လိုက်လား ၁၉၇၃
၅၁ အလွှာ ၁၉၇၄
၅၂ ဓမ္မရက္ခိတ ၁၉၇၄
၅၃ မိုးသောက်ကြယ် ၁၉၇၅
၅၄ အနာဂတ်အတွက်မွေးဖွားခြင်း ၁၉၈၄
၅၅ ကျွန်းပြန်စိန်တစ်ပွ့ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၅၆ အိမ်‌ော်မြခင် စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၅၇ ကိုဖိုးဒေါင်း စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၅၈ တို့ကျောင်းတော်သူ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၅၉ ရွာခေါင်းဆောင် စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၆၀ ခွင့်လွှတ်ပါမောင်ရယ် စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၆၁ သည်လယ်မြေ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၆၂ ဆောင်းလပြာသို စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၆၃ အဖြစ်နှင့်အမှန် စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
၆၄ ငပိပဒေသာ ၁၉၇၃
၆၅ လှေ ၁၉၈၁
၆၆ မြန်မာ့အာဟာရငပိနှင့်ငန်ပြာရည် ၁၉၈၆

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya