သည်းခံခြင်း

သည်းခံခြင်း Patience (or) forbearing သည် မင်္ဂလသုတ် တွင် ပါဝင်သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော မင်္ဂလာတရားဖြစ်သည်။ သည်းခံခြင်း(Khandi) တရားသည် ကမ္ဘာ့ မင်္ဂလာတရား ဖြစ်သည်။

မင်္ဂလသုတ် မြန်မာပြန်တွင် “အို... နတ်သား... သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာ ဟူ၍ သင် မှတ်သားဦးလော့ (ခန္တီစ သောဝစဿတာ၊သမဏာနဉ္စ ဒဿနံ၊ကာလေန ဓမ္မသာကစ္ဆာ၊ဧတံ မင်္ဂလ မုတ္တမံ”ဟူ၍ဗုဒ္ဓမြတ်စွာဘုရားကမိန့်ဆိုခဲ့သည်။

မင်္ဂလသုတ် သည် ဗုဒ္ဓ မြတ်စွာဘုရား ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန် လည်းဖြစ်သည်။ မင်္ဂလသုတ်ပါဠိတော်သည် ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှ ဦးစီးဖွင့်လှစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ မင်္ဂလာတရား ၃၈-ပါး တွင် ခန္တီစ မင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း သည် မင်္ဂလာတရားဖြစ်ကြောင်း ပါဝင်သည်။ မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သိကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်၌ အကာလ ည အခါတွင် တောင်းပန် လျှောက်ထားမှု ကြောင့် လူ၊ နတ်၊ ဗြဟ္မာ Gods တို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ [][][][]လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာပါရမီဆယ်ပါး တွင် ခန္တီ ပါရမီ (သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊၊ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် နာယကဂုဏ် ၆-ပါး နှင့် မင်းကျင့်တရား (၁၀)ပါး တွင် သည်းခံခြင်း(ခေါ်) ခန္တီတရားများ ထားရှိရခြင်းပါဝင်သည်၊၊

ပြင်ပလင့်ခ်များ

ကျမ်းကိုး

  1. သုတေသန သရုပ်ပြအဘိဓာန်
  2. My Buddhist Life » Five Buddhist techniques for practising patience။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2013 တွင် ပြန်စစ်ပြီး။
  3. Buddhism :: Bodhisattva :: Patience
  4. Buddhism Is a Real True Scientific Religion because.., article by Myoma Myint Kywe
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya