သတ္တပဏ္ဏိလိုဏ်ဂူ
သတ္တပဏ္ဏိလိုဏ်ဂူ သည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ရာဇဂြိုဟ်ပြည် ၏ အနောက်တောင်ဘက် ၃ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် ဗုဒ္ဓဘာသာဂူတစ်ခု ဖြစ်သည်။ [၁][၂]ဤဂူကို Sapta parni guha(Skr.) or Sattapanni guha(Pali) ဟုလည်း ခေါ်ဆိုကြသည်။ တောင်ကုန်းတွင် ပြုလုပ်ထားသည့် ဂူဖြစ်သည်။ ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ ဤဂူတွင် သီတင်းသုံးခဲ့သည်ဟု ယုံကြည်မှုများ ရှိသည့်အတွက် ဤဂူသည် ဗုဒ္ဓဘာသာဆိုင်ရာ အရေးကြီးသည့် နေရာလည်း ဖြစ်သည်။ [၃]ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဤဂူ၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ အနာဂတ်ကာလ သာသနာတော်အတွက် ဘုရားဟောသည့်တရားတော်များကို သင်္ဂါယနာတင်ရန်အတွက် ရဟန်းတစ်ရာခန့်သည် အသျှင်အာနန္ဒာနှင့် အသျှင်ဥပါလိကို တာဝန်ပေးအပ်ခဲ့သည်။[၁][၄][၅] ဗုဒ္ဓသည် သူ၏ သင်ကြားပြသမှုများကို စာဖြင့်ချရေးမှုမပြုခဲ့ပေ။ ဤပထမသင်္ဂါယနာတင်ပွဲတွင် အသျှင်အာနန္ဒာသည်သူ၏ မှတ်သားထားသည့် တရားတော်များကို နုတ်ထွက်စကားဖြင့် “အခါတစ်ပါး၌ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရသည်” ဟူသည့် စကားဖြင့် အစချီကာ တရားတော်များကို မှတ်တမ်းတင်ခဲ့သည်။ အသျှင်ဥပါလိသည် ရဟန်းများအတွက် ပညတ်တော်မူခဲ့သည့် ဝိနည်းများကို ရွတ်ဆိုကာ မှတ်တမ်းတင်ခဲ့သည်။ ဤမှတ်တမ်းတင်ခဲ့သည်များကို ဝိနယပိဋကတ်တွင် ဖတ်ရှုနိုင်သည်။[၁][၆] ![]() ကိုးကား
|
Portal di Ensiklopedia Dunia