သနပ်

သနပ် (အင်္ဂလိပ်: pickle) သည် တောင်အာရှနှင့် အရှေ့တောင်အာရှတွင် လူသိများသော ဟင်းရံအစားအစာတမျိုးဖြစ်သည်။ ချို ချဉ် စပ် အရသာများဖြင့် ဈေးကွက်တွင် ဝယ်ယူနိုင်သည်။

ဝေါဟာရပေါ်ပေါက်ခြင်း

အသီးတို့ကို အိုး၌ထည့်ကာ နှပ်ထားရသောကြောင့် သီးနှပ်ခေါ်သည်။ ကာလရွေ့သော် သနပ်ဖြစ်လာသည်။ "အသီးနှပ် သနပ်၊ အရွက်နှပ် ချဉ်ဖတ်" ဟု ဆိုရိုးရှိသည်။[ကိုးကားချက်လိုသည်]

လုပ်နည်း

သနပ်လုပ်နည်းမှာ မီးဖိုချောင်သုံးနည်းဖြစ်သော အိုးထဲ၌ ဆားရည် သို့မဟုတ် ရှာလကာရှည်ထည့်ကာ အလုံပိတ်ထားခြင်း ဖြစ်သည်။ သိပ္ပံအခေါ်အဝေါ်အနေဖြင့် အောက်ဆီဂျင်မဲ့အချဉ်ဖေါက်ခြင်း (Anaerobic fermentation) ဖြစ်သည်။ လုပ်နည်းပေါ်မူတည်၍ အရောင်နှင့်အရသာ ကွဲသည်။ ထည့်ရသော အဆာပလာမှာ ပုံစံအမျိုးမျိုးဖြစ်၏ ။ ဘက်တီးရီးယားကဲ့သို့ ပိုးမွှားများကို သေစေနိုင်သော ကြက်သွန်ဖြူ၊ မုန်ညင်းစေ့၊ သစ်ကြံပိုးခေါက်နှင့် လေးညှင်းတို့ကို ထည့်လေ့ရှိကြသည်။[]

သနပ်လုပ်ရန် အသုံးများသောအသီးမှာ သရက်၊ သံပရာ၊ မရမ်း၊ ဆီးဖြူ၊ ဖန်ခါးတို့ ဖြစ်သည်။ သရက်သီးကို အကင်းအရွယ်၌ သနပ်လုပ်သည့်နည်းတူ အလုံးကြီးမှပင် အစိတ်စိတ်ပိုင်းကာ သနပ်လုပ်တတ်သည်လည်းရှိ၏ ။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya