သန်းငြိမ်း

ဒေါက်တာသန်းငြိမ်း
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ထူထောင်သူ
တာဝန်သက်တမ်း
၉ ဇူလိုင် ၂၀၁၀ – ၁၆ ဇွန် ၂၀၁၂
ယခင်လူကိုယ်တိုင်စတင်
ဆက်ခံသူဦးခင်မောင်ဆွေ
၁၉၉၀ရွေးကောက်ပွဲ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(NLD)
တာဝန်သက်တမ်း
အခြေခံဥပဒေ စတင် – အခြေခံဥပဒေ ဖျက်သိမ်း
ယခင်လူကိုယ်တိုင်
ဆက်ခံသူဦးအောင်ကျော်ခင် (USDP)၂၀၁၀
မဲဆန္ဒနယ်ကျောက်တန်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1938-08-05)၅ ဩဂုတ်၊ ၁၉၃၈
ကျောက်တန်းမြို့နယ်
ခနောင်အရှေ့ ကျေးရွာ
ကွယ်လွန်မေ ၂၁၊ ၂၀၁၄(2014-05-21) (အသက် ၇၅)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
ကြင်ဖော်ဒေါ်ခင်အေး
သားသမီး၅ဦး
မိခင်ဒေါ်ခင်ညွန့်
ဖခင်ဦးတင်ညွန့်
ပညာရေးBachelor of Medicine, Bachelor of Surgery
မိခင်ကျောင်းရန်ကုန်ဆေးတက္ကသိုလ်
အလုပ်အကိုင်ဆရာဝန်၊နိုင်ငံရေးသမား

ဒေါက်တာသန်းငြိမ်း (၁၉၃၈- ၂၀၁၄ )သည် မြန်မာ့နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗဟိုအလုပ်အမှုဆောင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေး ကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ရန် သဘောထားမတိုက်ဆိုင်မှုများကြောင့် NLD ပါတီမှ နုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ဒေါက်တာသန်းငြိမ်းသည် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် မြန်မာနိုင်ငံ၏ နဝမမြောက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ဇနီးဖြစ်သူ ဒေါက်တာခင်ဝင်းရွှေ၏ အကိုလည်းဖြစ်သည်။[][]

ငယ်စဉ်ဘဝ

၁၉၃၈ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်၊ ခနောင်အရှေ့ ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။မွေးချင်း ၉ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။ ၁၉၅၄ ခုတွင် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် တက္ကသိုလ်ဝင်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။

နိုင်ငံရေး

တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ တောင်ငူခရိုင်နှင့်မြင်းခြံခရိုင်တွင် အနာကြီးရောဂါ တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မြင်းခြံဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ကျောက်ကြီး ၊ ရေကြည်နှင့် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်တွင် လည်းကောင်း၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သီရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ) လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။၁၉၈၈ အရေး တော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။ ကျောက်တန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

၁၉၉၆ ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာ လတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့် ဒေါ်မေဝင်းမြင့် တို့နှင့်အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။ ရန်ကုန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရသည်။ လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။ ၂၀ဝ၈ခုနှစ် ၊ စက်တင်ဘာလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်း ဒု-ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀ဝ၉ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ရွှေဂုံတိုင်စာတမ်းကို ပြုစုသောအဖွဲ့တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၂၀၁၀ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်သင့်ကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။ NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂၀၁၀)ရက်နေ့အထိ ပါတီနှင့်အတူ ရှိနေခဲ့သည်။ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီအင်အားစု (National Democratic Force, NDF) ပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ပါတီတရားဝင် မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။[] []၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအရ ပါတီခေါင်း ဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။ အကျဉ်းကျခံနေရစဉ်အတွင်း အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ မခံခဲ့ရ၍ ထောင်မှလွှတ်ပြီးနောက် နိုင်ငံခြားသို့ ၁၀ ကြိမ်တိုင်တိုင် သွားရောက်ဆေးကုသခဲ့ရသည်။

ပုဂ္ဂိုလ်ရေးဘဝ

သူသည်နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ရှင်းတမ်းစာတမ်းမှာ စိတ်ဝင်စားစရာ ဖြစ်သည်။ တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သူလည်း ဖြစ်သည်။အတွင်းရေးမှူး (၁) ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် ဒေါက်တာ သန်းငြိမ်း မှာမောင်နှမ အရင်း ဖြစ်သည်။[] ဇနီးသည်မှာ ဒေါ်ခင်အေး ဖြစ်သည်။သားသမီး ၅ဦး ရှိသည်။

ဘဝနိဂုံး

ဆရာကြီး ဒေါက်တာသန်းငြိမ်း သည် အသက် ၇၆ နှစ်အရွယ်တွင် ၂၀၁၄ ခုနှစ် မေလ ၂၁ ရက်နေ့ တွင် ရန်ကုန် ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။


ကိုးကား

  1. NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကွယ်လွန်BBC Burmese (၂၁ မေ ၂၀၁၄)။ ၅ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ကွယ်လွန်The Irrawaddy (၂၁ မေ ၂၀၁၄)။ ၅ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. စစ်အစိုးရနဲ့ ပူးပေါင်းပြီး ရင်ကြားစေ့ရေး လမ်းကြောင်းလျှောက်မယ်လို့ NDF ခေါင်းဆောင်ပြောRFA Burmese (၂၅ ဒီဇင်ဘာ ၂၀၁၀)။ ၅ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပါတီတွေ မျှမျှတတ မဲဆွယ်ခွင့် ရကြမှာလားBBC Burmese (၁၆ စက်တင်ဘာ ၂၀၁၀)။ ၅ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒေါက်တာသန်းငြိမ်းအမှတ်တရမိုးမခ (၂၃ မေ ၂၀၁၄)။ ၅ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya