သန်းသန်းနုသန်းသန်းနု သည် မြန်မာလူမျိုး ဘာသာပြန်အသံလွှင့်ခဲ့သူ နှင့် စာရေးသူ ဖြစ်သည်။ယင်းအပြင် ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ [၁] ဘဝဖြစ်စဉ်၁၉၄၇ ခု၊ အောက်တိုဘာလ ၃ ရက်တွင် ဦးနု၊ ဒေါ်မြရီတို့က ရန်ကုန်၌ မွေးသည်။ ၁၉၆၄-၆၈ ခုများတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၌ ပညာသင်သည်။ နိုင်ငံရေး အရှုပ်အထွေးကြောင့် ဖခင်ဖြစ်သူ တိမ်းရှောင်ရသည့် ၁၉၆၉ ခု၊ ဧပြီလတွင် အိန္ဒိယသို့ သန်းသန်းနုပါ ပါသွားသည်။ ၁၉၈၀ မှ ၂၀၀၃ ခုအထိ အိန္ဒိယ နိုင်ငံပိုင် အသံလွှင့်ဌာန (All India Radio) တွင် ဘာသာပြန်အသံလွှင့်သူ လုပ်သည်။ ၂၀၀၃ ခု၊ မတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ပါတီနိုင်ငံရေးထဲ ဝင်ရောက်လာခြင်းဒေါ်သန်းသန်းနုသည် ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ဒီမိုကရက်တစ်ပါတီ (Democratic Party (Myanmar)) တည်ထောင်ရာတွင် ဦးဆောင်အဖွဲ့ထဲ ပါဝင်ခြင်းဖြင့် ပါတီနိုင်ငံရေးထဲ ၂၀၁၀ ပြည့်နှစ်တွင် စတင်ဝင်ရောက် လာခဲ့သည်။[၂] အဆိုပါ ပါတီတွင် သူမသည် အတွင်းရေးမှူးချုပ်တာဝန်[၃] ယူခဲ့သည်။[၄] ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေ ၂၀၂၂ခုနှစ် မေလ ၁၈ရက်တွင် ကွယ်လွန်ပြီးနောက်[၅] သူမကို ပါတီဝင်များက ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။ ဒေါ်သန်းသန်းနုသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ [၆] မှနေ၍ လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း [၇] [၈] နေရာမှနေ၍လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိသည်ကိုတွေ့ရသည်။ မိသားစုဘဝဦးအောင်ငြိမ်းနှင့် လက်ထပ်ရာ ရှိန်မင်းနှင့် အောင်စည်ဟူသော သား ၂ ယောက် ရှိသည်။ ရှိန်မင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိမြို့တွင် နေထိုင်ပြီး အောင်စည်မှာ ဩစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့တွင် သုတေသီအဖြစ် အမှုထမ်းသည်။ [၉] ရေးသားခဲ့သော စာအုပ်များ
ကိုးကား
|
Portal di Ensiklopedia Dunia