သမိုင်းပညာရှင်သမိုင်းစာပေကိုကျွမ်းကျင်သောပညာရှင်ဆရာကြီး (သမိုင်းဆိုင်ရာစာတမ်းများ၊ သမိုင်းသုတေသန ဆောင်းပါးများရေးသား ပြုစုရေးသားသောသမိုင်းစာပေကိုကျွမ်းကျင်သော ပညာရှင်) ကို သမိုင်းပညာရှင် ဟု ခေါ်ဆိုကြသည်။ သမိုင်း ဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ သမိုင်းဟူသည်မှာ အစဉ်မှတ်သားရအောင်ပြုလုပ်သောသမိုင်းဆိုင်ရာ စာပေကိုဆိုလိုသည်။ ဘုရား ၊ ဂူ၊ ကျောင်း၊ တန်ဆောင်း၊ စဆွံ၊ ဓမ္မသာလာ၊ တန်တား၊ ပုဂ္ဂိုလ်ထူး၊အကြောင်းအရာထူး၊ သမိုင်းဆိုင်ရာရှေးဟောင်းစာပေများ၊ သမိုင်းဆိုင်ရာခေတ်သစ်စာပေများ၊သမိုင်းဆိုင်ရာအကြောင်းအရာများ စသည်တို့နှင့်စပ်လျဉ်း၍ စကားပြေဖြင့် ဖြစ်စေလင်္ကာဖြင့်ဖြစ်စေ စီကုံးရေးသားထားသည်များကို သမိုင်း ဟုခေါ်သည်။ သမိုင်းစာပေများစွာကို ဦးဆောင်ဦးရွက်ပြုသော၊ ရှေ့ဆောင်လမ်းပြသော၊ သမိုင်းသုတေသန စာတမ်းများပြုစုရေးသားသော၊ ကျွမ်းကျင်သောဆရာ ကို သမိုင်းပညာရှင် ဟု ခေါ်ဆိုသည်။ မြန်မာ့သမိုင်း ပညာရှင်များတွင် သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း သည် ဩဇာအကြီးမားဆုံးသော သမိုင်း ပညာရှင်တစ်ဦးဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်းသည် မြန်မာနိုင်ငံသားများအတွက် သမိုင်းဆိုင်ရာ ရှာဖွေမှုများနှင့်သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနှင့် သမိုင်းဆိုင်ရာစာပေကိစ္စပေါင်း များစွာကို အနစ်နာခံ ဆောင်ရွက်ခဲ့သော နိုင်ငံချစ် ကမ္ဘာသိပညာရှင်ကြီး တစ်ဦးအဖြစ် မော်ကွန်းထိုးလောက်သည့် ဆရာကြီး တစ်ဦး ဖြစ်ပေသည်။ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်ညွန့် သည်လည်း သမိုင်းဆိုင်ရာစာတမ်းနှင့်စာပေများစွာကို ရေးသားလျက်သော၊ ထင်ရှားသော၊ ဗဟုသုတများသော သမိုင်းပညာရှင်ဆရာကြီးတစ်ဦးဖြစ်သည်။ သမိုင်းသုတေသန စာတမ်းများပြုစုထုတ်ဝေလျက်ရှိပါသည်။ [၁][၂][၃][၄][၅][၆][၇] ကျမ်းကိုးစာရင်း
|
Portal di Ensiklopedia Dunia