သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)

သမ္မတကြီးထံ ပေးစာ သည် ၂၀၁၈ ထွက် မြန်မာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ စိန်ဌေး ရုပ်ရှင်အတွက် လူနေ၏ ခယဝယ ဝတ္ထုကို နေနော် ဇာတ်ညွှန်းခွဲကာ ဝိုင်း ရိုက်ကူးသည်။ ဖွေးဖွေး၊ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ မေဆူးမောင်၊ အရိုင်းနှင့် အခြားသရုပ်ဆောင်များ ပါဝင်ထားသည်။ နိုဝင်ဘာလ ၁၉ ရက်တွင် ရုံတင်သည်။

ဇာတ်လမ်းအကျဉ်း

ပဲပြုတ်သည် အဖွားအိုနှင့် အဆုတ်ရောဂါသည် အဖိုးအိုတို့၏ မွေးစားမြေး အောင်ကျော်မှာ မကျူးလွန်သည့် လူသတ်မှုအတွက် ထောင် (၁၀) နှစ် ကျနေသည်။ ပြုပြင်ပြောင်းလဲရေးကာလတွင် အကြောင်းကြားစာများ သမ္မတထံပို့နိုင်ကြောင်း ကြေညာရာ အဖွားအိုက သူ့မြေးအကြောင်းကို သမ္မတထံ ပေးစာရေးသည်။ စာရေးသည့်ညတွင်ပင် နှစ်ဦးလုံး တပြိုင်နက်ကွယ်လွန်ရာ ပေးစာရသည့် အိမ်နီးချင်း (အရိုင်း) က သမ္မတထံ ပို့ပေးသည်။ အကြောင်းအမျိုးမျိုးကြောင့် ထိုစာမှာ သတင်းထောက် ခက်ခက်ခိုင် (ဖွေးဖွေး) ထံ ရောက်သွားရာ အောင်ကျော့်အမှု၏ အမှန်တရားကို ပြန်ရှာရန် အားထုတ်တော့သည်။

ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya