သိန်းဇော်

မန္တလေးသိန်းဇော် သို့မဟုတ် ကဗျာဆရာ Kဇော် သည် မြန်မာ့ဇာတ်သဘင်လောကတွင် ထင်ပေါ်ကျော်ကြားခဲ့သော ဇာတ်မင်းသား တစ်ဦးဖြစ်သည်။ ထို့ပြင် မြန်မာသံစဉ်တေးသီချင်းများကို သီဆိုသော အဆိုတော် တစ်ဦးလည်းဖြစ်သလို ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်တစ်ဦးလည်းဖြစ်ခဲ့သည်။ ကလောင်အမည် Kဇော် ဖြင့်သာမက မောင်သိန်းဇော်အမည်ဖြင့်လည်း ကဗျာများရေးသားထုတ်ဝေခဲ့သည်။

ငယ်ဘဝ

မောင်သိန်းဇော်ကို မကွေးတိုင်းပခုက္ကူခရိုင်မြိုင်မြို့တွင် မိဘများဖြစ်ကြသော ဦးဗလနှင့်ဒေါ်မြကျင်တို့မှ မြန်မာသက္ကရာဇ် ၁၃၂၁ ခု၊ ဝါဆိုလဆန်း ၆ ရက် (ခရစ်နှစ် ၁၉၅၉ ခုနှစ်၊ ဇူလိုင်လ ၁၀ရက် ) နေ့တွင် မွေးဖွားသည်။


ကဗျာလောကသို့ ရောက်ရှိခြင်း

၁၉၈၆ ခုနှစ်က ရုပ်ရှင်အောင်လံမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော "မွေးနေ့လက်ဆောင် ကဗျာ" သည် ပထမဆုံး ကဗျာဖြစ်သည်။ ဇာတ်မင်းသား မန္တလေးသိန်းဇော်အဖြစ် အောင်မြင်ကျော်ကြားနေချိန်ဖြစ်သော်လည်း ခေတ်ပေါ်ကဗျာများကို ရေးသားရွတ်ဆိုမှုကို ခုံမင်သည့်အတွက် ဇာတ်ပွဲကရင်း ကဗျာများကို ရွတ်ဆိုပြကာ ကဗျာဆရာဘဝကို ထုဆစ်ခဲ့သူဖြစ်သည်။

ရေးသားထုတ်ဝေခဲ့သော ကဗျာစာအုပ်များ

စဉ် စာအုပ် ထုတ်ဝေသည့် ခုနှစ် ထုတ်ဝေသူ မှတ်ချက်
ပြုံးနေတဲ့သံဆူးကြိုးကလေး ၁၉၈၈ (ပထမအကြိမ်)
၂၀၁၇ (ဒုတိယအကြိမ်)
စာပေလောကစာအုပ်တိုက်
စိတ်ကူးချိုချိုစာအုပ်တိုက်
နှင်းရည်စက်လက်+ရှုမျှော်ခင်း၂၁ ၂၀၀၁ စာပေလောကစာအုပ်တိုက်
တောင်ကုန်းအဟောင်းများ ၂၀၁၃ (ပထမအကြိမ်)
၂၀၁၇ (ဒုတိယအကြိမ်)
စိတ်ကူးချိုချိုစာအုပ်တိုက် အင်္ဂလိပ်ဘာသာပြန် မောင်သာနိုး
ဉာဏ်ပန်းအိုးလေး ၂၀၁၆ (ပထမအကြိမ်)
၂၀၁၇ (ဒုတိယအကြိမ်)
နှစ်ကာလများစာပေ အင်္ဂလိပ်ဘာသာပြန် ကိုကိုသက်
ညနေသည်ဖတ်ရှုရန်မျှသာ ၂၀၁၆ (ပထမအကြိမ်) စိတ်ကူးချိုချိုစာအုပ်တိုက် အင်္ဂလိပ်ဘာသာပြန် ကိုကိုသက်

မိသားစု

ကဗျာဆရာ Kဇော် (မောင်သိန်းဇော် )သည် ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။

ကိုးကား

  1. Kဇော် (၂၀၁၆)။ ဉာဏ်ပန်းအိုးလေး။ နှစ်ကာလများစာပေ။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya