သိန်း၊ ဆရာ (မော်ပီ)
မော်ပီ ဆရာသိန်းကား ပဲခူးတိုင်း ဟံသာဝတီ စီရင်စု မော်ပီမြို့ အပိုင် မော်ပီမြို့နှင့် ၃ မိုင်ခန့်အကွာ မင်းရွာ၌ သက္ကရာဇ် ၁၂၂၃ ခုနှစ် နှောင်းတန်ခူး လဆန်း ၂ ရက် တနင်္လာနေ့ ဖွားမြင် ခဲ့လေသည်။ အဖမှာ ဦးရွှေကြူး၊ အမိမှာ ဒေါ်ငွေတို့ ဖြစ်ပါ၏။ ဦးရွှေကြူးသည် အင်းစိန် ခရိုင် လှည်းကူးမြို့နယ် ဒရယ်ဘို ရွာသား တောင်သူ လယ်သမား ရိုးရိုးပင် ဖြစ်၍၊ အမိသည် တောင်တွင်းကြီး မြို့ဝန် ဇေယျမင်းခေါင်၏ မြေးအရင်း ဖြစ်ပေသည်။ သားချင်း လေးယောက် ရှိသည့် အနက် ဆရာသိန်းမှာ ဒုတိယ မြောက်သား ဖြစ်၍ ငယ်မည် မောင်ဖိုးသိန်း ခေါ်သည်။ အစ်ကိုအကြီး ဦးဖိုးငြိမ်းမှာ တွံတေးမြို့တွင် အမိန့်တော်ရ ဖြစ်ပြီး တွံတေးမြို့ တွင်ပင် ကွယ်လွန် ခဲ့လေသည်။ ညီဖြစ်သူ ဦးပန်းဦးမှာ ယစ်မျိုးဆိုင်ရာ အရာရှိ ဖြစ်၍ မော်ပီမြို့ တွင်ပင် ကွယ်လွန်ခဲ့ပါ၏။ နှမငယ် ဒေါ်အုန်းပွင့်မှာ မူကား စောစောကပင် မော်ပီမြို့၌ ကွယ်လွန် သွားခဲ့သည်။ ငယ်ဘဝဆရာသိန်းကို မိသားတစ်စုမှာ အလွန်ပင်ပန်း ဆင်းရဲလှ သဖြင့် မင်းရွာတွင် နေထိုင်လျက် အဖ ဖြစ်သူက တောင်သူ လယ်လုပ်ဖြင့် ဇနီး၊ သားသမီး တို့အား ပြုစု စောင့်ရှောက်ရ ရှာသည်။ ငယ်စဉ် ကပင် သားအကြီး မောင်ဖိုးငြိမ်းနှင့် သားအငယ် မောင်ဖိုးသိန်း တို့အား မင်းရွာ ကန်ကုန်းကျောင်း ဆရာတော် ဦးဝဏ္ဏထံ အပ်နှံ၍ တောသူ တောင်သား ဘာဝ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ပရိတ်ကြီး စသည် တို့ကို သင်ကြား စေသည်။ ဤကဲ့သို့ ပညာရှာ ရင်းလည်း ဆင်းရဲ နွမ်းပါး လှသော ညီအစ်ကို နှစ်ယောက်သည် အမိ အဖ တို့ကို ကူညီသော အားဖြင့် မင်းရွာ၏ ပတ်ဝန်းကျင်ရှိ ကွမ်းခြံကုန်း၊ ညောင်တုန်း၊ မဌေးအစု၊ ဗုံလုံဆိပ်၊ မရမ်းဆယ်၊ ငစင်ရိုင်း၊ တလိုင်းကုန်း၊ ဖက်တန်း အစရှိသော ကရင် ရွာကလေးများသို့ နွားကျောင်း၊ ထမင်းပို့ အလုပ်ကို လူငှားခ - စပါးပေးဖြင့် လုပ်ကိုင်ကြ ရှာသေးသည်။ သို့ရာတွင် ညီအစ်ကို နှစ်ယောက် စလုံးပင် စာပေ မြတ်နိုးသူများ ဖြစ်ကြသည့် အလျောက် ဆရာတော် ဦးဝဏ္ဏ ထံ၌ ဆည်းကပ် ရချိန်တွင် လည်းကောင်း၊ ဝမ်းရေး အတွက် နွားကျောင်း ရချိန်တွင် လည်းကောင်း ရသမျှသော စအုပ် စာတမ်း များကို လေ့လာ ဖတ်မှတ် ကြကုန်သည်။
မြိတ်၊ သျှီလင် သျှောင်ထုံးနဲ့၊ ဖော့လုံးဆင် လက်ဟောင်း၊ ပေါင်းပြန်ခဲ့ပြီ၊ ပျို့၊ ကဗျာ သာရတုရယ်နဲ့၊ ကဗျာမှု အတော်မှီ မော်ပီက ဆရာသိန်း၊ နည်းထုံးကိုရှာ၊ စည်းထုံးသံစာစာနဲ့၊ မြို့ရွယ်လည်ကာ လျှောက်ပါလို့၊ မွှေနှောက်ကာ စာကို ကူးတယ်၊ ထူးမြတ်တဲ့ ကိန်း။ ။"
ဆရာသိန်း၏ စတိုင်လူပုံပန်းမှာ ပိန်ပိန်ရှည်ရှည် မျက်နှာပေါက်ပေါ်ပေါ် ပါးချိုင့်ချိုင့် ဖြစ်လေသည်။ ခေါင်းတွင် ကွမ်းသီးလုံးခန့် ယောင်ကလေးကို ပတ်၍ နှစ်စထောင့် ခေါင်းပေါင်းဖြူ ဖော့လုံး ပေါင်းထားသည်။ အင်္ကျီမှာ ပိတ်ဖြူတိုကျပ်ကျပ် ကြယ်သီးစုံတပ်ထားသည်။ ပုဆိုးမှာ ချည်ထည်၊ အနက်စင်း အဖြူခံဖြစ်သည်။ မြန်မာဆန်လှသော ပုံသဏ္ဌာန်ဖြစ်သည်။ ဆရာသိန်းသည် အိမ်တွင်နေသောအခါ ချည်ဖြူနံငယ် ဝတ်နေလေ့ရှိသည်။ စားသောက်သည့် အခါတွင်လည်း ယွန်းဒေါင်းလန်းကြီးတွင် ဟင်းခွက်များကို ထည့်၊ ဒေါင်းလန်းငယ်တွင် ထမင်းထည့်၍ စားတတ်လေသည်။ ရေသောက်ရန် အတွက်မူ အုန်းမှုတ်ကို အချောပြုလုပ်၍ လက်ကိုင်ကြေးကွင်း တပ်ထားသော ရေသောက်ခွက်ကို သုံးလေသည်။
ဘဝနိဂုံး၁၉၄၂-ခုနှစ်၊ ဇန္နဝါရီလ(၁)ရက်(မြန်မာ၁၃၀၃-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၁)ရက် ည စက်နာရီ ၆ နာရီ နှင့် ၂၅ မိနစ် အချိန်တွင် မော်ပီနေအိမ်တွင် ရုတ်တရက် ကွယ်လွန်သည်။ ထိုအချိန်တွင် ဆရာကြီးမှာ အသက် ၈ဝ ပြည့် ရှိ၍ နေပေပြီ။ ဆရာသိန်း ကွယ်လွန်ချိန်တွင် ဒုတိယ ကမ္ဘာစစ်ဖြစ်နေ၍ ကွယ်လွန်သည့်သတင်းကို သိပ်မသိကြပေ။ ၁၉၄၂-ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် သူရိယမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးသိန်းမောင်အမှူးပြုသော စာရေးဆရာအသင်းက သင်းလုံးကျွတ် အစည်းအဝေးပြုလုပ်ပြီးလျှင် ဆရာသိန်းကွယ်လွန်သည်ကို ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့လေသည်။ "မှော်ဘီဆရာသိန်းကြီး"၏စာပေလက်ရာများမှာ ၁။ပေါရာဏဒီပနီကျမ်း(ပထမတွဲ) ၂။ပေါရာဏဒီပနီကျမ်း(ဒုတိယတွဲ) ၃။ဗဟုသုတဟင်းလေးအိုးစာတမ်း ၄။ရှေးဖြစ်စာတမ်း ၅။နှောင်းဖြစ်စာတမ်း ၆။ရှေးဟောင်းရှေးဖြစ်စာတမ်း ၇။ရှေးတံဆိပ်တော်ရ ဆရာတော်များစာတမ်း ၈။ယျလေးလုံးပုံပြင် (ဒွန်းစဏ္ဍားနှင့်မင်းသမီးညားပုံ) ၉။ဗျိုင်းနားမင်္ဂလာစာတမ်း ၁၀။စကားပဒေသာစာတမ်း ၁၁။ထိမ်းမြားမင်္ဂလာပွဲလက်စွဲကျမ်း ၁၂။အရူးလွယ်အိတ်စာတမ်း ၁၃။ဂီတလင်္ကာရဒီပနီကျမ်း ၁၄။ဘုရားသမိုင်းပေါင်းချုပ် ၁၅။နတ်လမ်းညွှန်စာတမ်း ၁၆။ပါးစပ်ရာဇဝင်(ပထမတွဲ) ၁၇။ပါးစပ်ရာဇဝင်(ဒုတိယတွဲ) ၁၈။နန်းမတော်မယ်နု ၁၉။နရစိုးလုလင်ပျို့ ၂၀။ပညာယှိ(ရှိ)ကြီးများအကြောင်း ၂၁။မြန်မာဝန်ကြီးမှူးကြီးများ ၂၂။ထွန်းဖေ ဂွန်းမေ ပြဇာတ်တို ၂၃။တောသူမ လင်ပျောက်ရှာပုံတော် ၂၄။တောသား မယားပျောက်ရှာပုံတော် ၂၅။မုခ်အမျိုးမျိုး ပုံပြင်စာတမ်း ၂၆။ဆယ့်နှစ်ရာသီဖွဲ့ပေါင်းချုပ် ၂၇။မင်္ဂလာဆယ်ရပ် ၂၈။မြန်မာ့ဇာတ်ပွဲသဘင်နှင့်မြန်မာပြဇာတ်စာအုပ်များ ၂၉။အခြားသော စာတိုပေစလက်ရာများ၊ကဗျာအတို အစများ ၃၀။သူရိယမဂ္ဂဇင်း စသောမဂ္ဂဇင်းများ၌ ရေးသား သော စာပေလက်ရာဆောင်းပါးများ ၃၁။သုသောဓိတမဟာရာဇဝင်တော်ကြီး (ဆရာဉာဏ်၊ဆရာဘီ တို့နှင့်တွဲဖက် ရေးသားတည်းဖြတ်သည်။) တို့ဖြစ်သည်။ သိန်း၊ မော်ပီဆရာ (မြန်မာ ၁၂၂၃-၁၃ဝ၃)မော်ပီဆရာသိန်းသည် မှော်ဘီခရိုင်၊ (ယခင် အင်းစိန်ခရိုင်) မှော်ဘီမြို့နယ် မင်းရွာ၌ ၁၂၂၃ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက်၊ တနင်္လာနေ့တွင် အဖဦးရွှေကြူးနှင့်အမိဒေါ်ငွေတို့မှဖွားမြင်ခဲ့လေသည်။ ငယ်မည်မှာ မောင်ဘိုးသိန်းဖြစ်၍ သားချင်းလေး ယောက်ရှိ၍ မောင်ဘိုးသိန်းမှာ ဒုတိယသားဖြစ်သည်။ အမိအဘများမှာဆင်းရဲနွမ်းပါးလှသဖြင့် အဘဖြစ်သူကတောင်သူလယ်လုပ်ဖြင့် ဇနီးသားသမီးတို့ကို ပြုစုစောင့်ရှောက်ရသည်။ နောင်သောအခါ မော်ပီဆရာသိန်းကြီးဟု စာပေလောကတွင်ထင်ရှားကျော်စော လာမည့်မောင်ဘိုးသိန်းကလေးသည် အကိုဖြစ်သူမောင်ဘိုးငြိမ်းနှင့်အတူ ငယ်စဉ်အခါကမင်းရွာ ကန်ကုန်းကျောင်းဆရာတော် ဦးဝဏ္ဏထံတွင် တောင်သူတောင်သားဘာဝ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ပရိတ်ကြီးစသည်တို့ကိုသင်ကြားခဲ့ရသည်။ ဤသို့ပညာရှာရင်း ဆင်းရဲ နွမ်းပါးလှသောညီအကိုနှစ်ယောက်သည် နွားကျောင်းထမင်းပို့အလုပ်ကို လူငှားခ စပါးပေးဖြင့် လုပ်ကိုင်ခဲ့ရရှာသည်။ သို့သော် ထိုစဉ်ကပင် မောင်ဘိုးသိန်းကလေးသည်ဝမ်းရေးအတွက် နွားကျောင်းရချိန်၌ပင် ရသမျှသောစာအုပ်စာတမ်းများကို လေ့လာဖတ်မှတ်ခဲ့လေသည်။ ထိုကမှတစ်စတစ်စ ဆရာကောင်း၊ မားကောင်းများထံ ဆည်းကပ်မှတ်သား၍လည်းကောင်း၊ အားလပ်ခွင့်ရတိုင်း ဒေသန္တရ ဗဟုသုတရှာမှီးရေးအတွက် အနယ်နယ်အရပ်ရပ်သို့ မပြတ်မလပ်သွားရောက်လှည့်လည်၍လည်းကောင်း၊ ပညာဗဟုသုတကို ရှာဖွေစုဆောင်းခဲ့လေသည်။ အသက် ၁၉ နှစ်အရွယ်တွင်မောင်ဘိုးသိန်းသည် ပဲခူး၊ ဟံသာဝတီ ကြေးတိုင်ရုံးတွင်စာရင်းရေး စာရင်းစစ်အဖြစ်နှင့် အမှုထမ်းခဲ့သည်။ ၂၃ နှစ်အရွယ်တွင်မှော်ဘီမြို့အုပ်ရုံးတွင် မြို့စာရေးအဖြစ် အမှုထမ်းပြန်သည်။ အသက် ၃ဝ ခန့်အရွယ် တွင် ဘောလယ်ကျွန်းဘက်သို့ ပညာရှာထွက်ရာတွင် ဘောလယ်ကျွန်း၊ ကျွန်းဦးတိုက်သူကြီး ဦးသိုင်း၊ ဒေါ်လင်းတို့၏သမီး ဒေါ်ငွေနှစ်နှင့် အကြောင်းပါခဲ့သည်။ သားသမီး လေးယောက်ထွန်းကားခဲ့၏။ တစ်ဖန်အသက် ၃၄ နှစ်တွင်မှော်ဘီမြို့အုပ်ရုံးမှပြောင်းပြီးလျှင် ကွမ်းခြံကုန်းမြို့ အုပ်ရုံးတွင်မြို့စာရေးအဖြစ် အမှုထမ်းခဲ့သေးသည်။ ထိုသို့အစိုးရအမှုကိုထမ်းဆောင်နေစဉ်အတွင်း လောကီ၊ လောကုတ္တရာ အကျိုးစီးပွားနှင့်စပ်လျဉ်းသော ကျမ်းဂန်တို့ကို သင်အံမှတ်နာ တိုင်းထွာဆင်ခြင်ခြင်း၊ ခဲရာခဲဆစ်များကို ဝိုးဝါးဒွိဟ မရှိရလေအောင် ပညာရှိ ရဟန်းရှင်လူတို့ကို ချဉ်းကပ်ကာဆွေးနွေးမေးမြန်းခြင်းတို့ကိုပြုလုပ်ခဲ့လေသည်။ အထူးသဖြင့် ငယ်ဆရာတစ်ဦးဖြစ်သော အင်းစိန်ရွာမကျောင်း ဆရာတော် ဦးနာရဒကားပညာဗဟုသုတအတွက် ဦးဘိုးသိန်း အထူးဆည်းကပ်အားထားသောပု ဂ္ဂိုလ်ဖြစ်၏။ ဦးဘိုးသိန်းသည် အထုံဝါသနာအလျောက် ပညာရှိရဟန်းရှင်လူအများထံမှ မိမိမှတ်သားဆည်းပူး ခဲ့ရသမျှတို့ကို ဖြန့်ဖြူးဝေငှလိုသဖြင့် ကွမ်းခြံကုန်းမြို့ မြို့အုပ်ရုံးတွင်လုပ်ကိုင်ထမ်းရွက်နေစဉ် ပေါရာဏ ဒီပနီကျမ်းပဌမတွဲကို ၁၂၅ရခုနှစ်တွင် ရေးသားပြုစုပြီးစီးသည်။ ထိုနှစ်အတွင်းအစိုးရလခစားအလုပ်မှ နုတ်ထွက်လိုက်၍ သာသနာလင်္ကာရ စာတမ်းအလို မိလိန္ဒမင်းကြီး စံနေသော သာဂလပြည်သည်ဇင်းမယ်မြို့ ဟုညွှန်ပြသည်ကို အမှန်အကန်သိလိုရင်းဆန္ဒရှိသဖြင့် သက္ကရာဇ် ၁၂၅၈ ခုနှစ် အယုဒ္ဓယတိုင်းပြည်၊ ရဟိုင်းမြို့နှင့်လကွန်းမြို့၊ လပုံးမြို့၊ ဇင်းမယ်မြို့၊ မုံးနန်းမြို့၊မုံးတစ်မြို့ဟူသော ယွန်းငါးမြို့နယ်သို့ဒေသန္တရ ဗဟုသုတအဖြစ်ဖြင့် သွားရောက်စုံစမ်းလှည့်ပတ်နေခဲ့သည်။ ထိုသို့ဇင်းမယ်မြို့ဘက်သို့ထွက်ခွာမသွားသေးမီ ဇနီးဒေါ်ငွေနှစ်နှင့်မကြာခဏမသင့်မတင့်ဖြစ်ခဲ့သည်မှအစ ကွာရှင်းခဲ့လေသည်။ ရန်ကုန်မြို့ဟံသာဝတီပုံနှိပ်တိုက်တွင်စာရေးအဖြစ် သက္ကရာဇ် ၁၂၅၉ ခုနှစ်၌လုပ်ကိုင်ဆောင်ရွက်ခဲ့၍ မြန်မာနိုင်ငံကမ္ပည်းကျောက်စာရုံးတွင် ကမ္ပည်းကျောက်စာ အဖတ်အပြန် အရေးအသားတို့ကိုခေတ္တ ခဏမျှဝင်ရောက်သင်ကြားခဲ့၏။ ထိုနောက် ပျဉ်းမနားတွင် လွှစက်သူဌေးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးလျှင် ဇာတ်ရုပ်စုံသဘင်ပညာသည်တို့အတွက် ဇာတ်လမ်းဇာတ် ထုပ်စသော ကဗျာသီချင်းများကို စာရေး စာဆိုဆရာအဖြစ်နှင့်အစမ်းလုပ်ကိုင်ခဲ့သေးသည်။ ၁၂၆၃ ခုနှစ်တွင်ပညာဗဟုသုတထပ်မံရှာမှီးရေးအတွက် အထက်အောက်မြန်မာနိုင်ငံတစ်လွှား အနှံအပြားသွားရောက်၍ ရှေးဟောင်းစာတမ်းများ၊ ပျို့လင်္ကာရာဇဝင်သမိုင်းများ၊ ကျောက်စာမော်ကွန်း အမှတ်အသားများနှင့် ရှေးပညာရှိတို့၏ အတ္ထုပ္ပတ္တိများကို လှည့်လည်ရှာဖွေစုဆောင်းမှတ်သားခဲ့သည်။ ၁၂၆၄ ခုနှစ် တွင် မဟာဗောဓိသတင်းစာကိုစတင်ထုတ်ဝေသည့် စာရေးအဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၂၆၅ ခုနှစ်မှ ၁၂၆၇ခုနှစ်အထိ ဧရာဝတီစာပုံနှိပ်တိုက်တွင် တိုက်အုပ်အဖြစ်လုပ်ကိုင်ခဲ့၍ ၁၂၆၈ ခုနှစ်တွင် အင်္ဂလိပ်မြန်မာပုံနှိပ်တိုက်သို့ ရွှေ့ပြောင်း လုပ်ကိုင်ခဲ့ပြန်သည်။ ဦးဖိုးသိန်းသည် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအရာရှိ ကြီးများဖြစ်ကြသော မစ္စတာစတူးဝပ်နှင့် မစ္စတာဗွီဗွီဆင်တို့ကို မြန်မာမှုအနုပညာတစ်ရပ်ဖြစ်သော ပျို့ကဗျာလင်္ကာ ရာဇဝင် စာဟောင်းစာတမ်းများကို သင်ကြားပို့ချပေးခဲ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံသုတေသနအသင်းတွင် အသင်းသို့စာဟောင်း စာတမ်းများ ကူညီမစသည့်ဘက်မှ အသင်းဝင်တစ်ဦးအဖြစ် ဆောင်ရွက်ရသေးသည်။ ဤသို့အားဖြင့် ပညာလိုလား အမျိုးသားအပေါင်းတို့အား ပညာဗဟုသုတ ဖြန့်ဖြူးရင်း၊ မိမိကိုယ်တိုင်လည်းစုဆောင်းရင်းဖြင့် ၁၂ရ၄ ခုနှစ်တွင် ပေါရာဏ ဒီပနီဒုတိယတွဲကိုပြုစုထုတ်ဝေခဲ့၏။ ဦးဘိုးသိန်းသည်အသက် ၅ဝ အရွယ်ခန့်တွင် မှော်ဘီမြို့မှ ဆိုင်းဆရာကြီးဆရာချိန်၏ အစ်မ ဒေါ်စိုးကြွယ်နှင့် ထပ်မံအိမ်ထောင်ပြုခဲ့ရာ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ထပ်မံထွန်းကားခဲ့သည်။ သို့ရာတွင် ပထမအိမ်ထောင်နည်းတူ ဒုတိယအိမ်ထောင်သည်လည်း မသာမယာဖြစ်ခဲ့ပြန်၍ နောက်ဆုံးတွင် ဇနီးသား သမီးများနှင့်ခွဲခွာရသည့် အခြေသို့ပင် ရောက်သွားခဲ့လေသည်။ ဤသို့သော စိတ်ဆင်းရဲမှုများအကြားမှပင် ဆရာကြီး သည် မှတ်တမ်းနှစ်ဆူ၊ ပညာဗဟုသုတများဖြင့် အထူးပြည့်စုံ သော ကျမ်းပေါင်းများစွာရေးသားပြုစုခဲ့၏။ ထိုကျမ်းတို့တွင် နတ်လမ်းညွှန်။ ပေါရာဏဒီပဏီ၊ ပ၊ဒု။ ဒွန်းစဏ္ဍားနှင့် မင်းသမီးညားပုံ ဝတ္တု။ ပစပ်ရာဇဝင်ပ၊ဒု။ ဗျိုင်းနားစာတမ်း။ ရှေးဖြစ် စာတမ်း။ အရူးလွယ်အိတ်၊ ပ၊ဒု။ ဟင်းလေးအိုး။ နှောင်းဖြစ်စာတမ်း။ ဂီတာလင်္ကာရ။ မြန်မာပညာရှိကြီးများ အကြောင်း။ မြန်မာဝန်ကြီးမှူးကြီးများ။ တောသူမ လင်ပျောက်ရှာပုံ။ တောသားမယားပျောက် ရှာပုံ စသည်တို့ ပါဝင်လေသည်။ ဦးဘိုးသိန်းသည် အသက် ၈ဝ အရွယ် ၁၃ဝ၃ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် (ခရစ် ၁၉၄၂ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်) နေ့တွင်မှော်ဘီမြို့၌ကွယ်လွန်သည်။[၁] ကျမ်းကိုး
|
Portal di Ensiklopedia Dunia