သီဟိုဠ်ဘာသာစကား
သီဟိုဠ်ဘာသာစကား (ပါဠိ: သီဟဠီ sīhaḷī; සිංහල, siṁhala,[၃] (/ˌsɪn(h)əˈliːz, ˌsɪŋ(ɡ)ə-/; အင်္ဂလိပ်: Sinhala, /ˈsɪnhələ, ˈsɪŋələ/) သည် အင်ဒို-အာရိယာန်ဘာသာစကားတစ်ခုဖြစ်၍ သီရိလင်္ကာနိုင်ငံရှိ သီဟိုဠ်သူ၊ သီဟိုဠ်သားများ၏ မူရင်းစကားတစ်ခုလည်းဖြစ်ကာ ပြောဆိုသူပေါင်း ၁၆ သန်းခန့်ရှိသည်။[၄][၁] သီဟိုဠ်စကားကို သီရိလင်္ကာနိုင်ငံရှိ အခြားတိုင်းရင်းသားတို့ကလည်း ပထမ/မိခင်ဘာသာအဖြစ် ပြောဆိုကြပြီး ထိုတိုင်းရင်းသားဦးရေမှာ ၂၀၀၁ အထိ လေးသန်းခန့်ရှိသည်။[၅] ဤစကားကို သီဟိုဠ်အက္ခရာဖြင့် ရေးသားပြီး ထိုအက္ခရာသည်လည်း ရှေးဟောင်းအိန္ဒိယ၏ ဗြဟ္မီအက္ခရာတစ်ခုဖြစ်ကာ ကဒမ္ဗအက္ခရာနှင့် နီးကပ်စွာဆင်တူသည်။[၆] သီဟိုဠ်ဘာသာသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားနှင့် တရားဝင်ဘာသာစကားများထဲကတစ်ခုဖြစ်ကာ ပါဠိနှင့်အတူ ထေရဝါဒဗုဒ္ဓဘာသာဆိြက်ရာ စာပေများ ဖြစ်ပေါ်တိုးတက်လာမှုကို များစွာအကျိုးပြုခဲ့လေသည်။[၁] အစောဆုံး သီဟိုဠ် ပြာကရိုက်ဖြင့် ထွင်းထားသော ကျောက်စာများကို သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ရှိအပြီး ခရစ်ကြို ၃-၂ ရာစုများကတွေ့ရှိခဲ့ကြသည်။[၇] သို့ရာ၌ အစောဆုံး ကျယ်ကျယ်ပြန့်ပြန့်ရှိသော စာပေလက်ရာမျမှာမူ ခရစ်နှစ်ကိုးရာစုခန့်သာ သက်တမ်းရှိသည်။ ဆွေမျိုးနီးစပ်တော်သည့် ဘာသာစကားများမှာ ဝါးဒ (ဗားဒ) တိုင်းရင်းသားတို့ပြောသော ဗားဒ (Vedda) စကားနှင့် မော်လ်ဒီဗီ (ဒိဝါဟီ) စကားတို့ဖြစ်ကြ၏ ။ သီဟိုဠ်စကားတွင် အရေးနှင့် အပြောတို့၌ အဓိကမူကွဲနှစ်ခုရှိပြီး ထိုသို့ရှိခြင်းကပင် ဘာသာဗေဒဖြစ်စဉ် ဒိုက်ဂလော့စီယား (diglossia)[မှတ်စု ၁] ၏ ပေါ်လွင်ထင်ရှားမှုတစ်ခုပင်ဖြစ်သည်။[၈][၉] ![]() မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia