သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)
National Indoor Stadium (1)
တည်နေရာသင်္ဃန်းကျွန်းရန်ကုန်မြို့,  မြန်မာ
ကိုဩဒိနိတ်16°49′1.5″N 96°11′8.4″E / 16.817083°N 96.185667°E / 16.817083; 96.185667ကိုဩဒိနိတ်: 16°49′1.5″N 96°11′8.4″E / 16.817083°N 96.185667°E / 16.817083; 96.185667
ပိုင်ဆိုင်သူအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
စီမံခန့်ခွဲသူအားကစားနှင့်ကာယပညာဦးစီးဌာန
ဝင်ဆံ့ပမာဏ၁၀,၈၂၅[]
တည်ဆောက်ခြင်း
ပန္နက်ရိုက်၁၉၈၃
ဖွင့်လှစ်၁၉၈၆
ပြင်ဆင်၁၁ ဩဂုတ်၂၀၁၉

သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (သို့မဟုတ်) အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ သည် ရန်ကုန်မြို့ရှိ ခေတ်မီ ရုံတွင်းအားကစားရုံကြီးဖြစ်သည်။မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုးလုံလေလုံအားကစားပြိုင်ပွဲရုံကြီးဖြစ်သည်။လူဦးရေ ၁၀,၈၂၅ ဝင်ဆံ့ပြီး သုဝဏ္ဏ အားကစားကွင်းအနီးတွင်တည်ရှိကာသည်။[]

သမိုင်းကြောင်း

သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံကို ၁၉၈၃ခုနှစ်တွင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည်။၁၉၈၆ခုနှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့ကာ နိုင်ငံ၏ ပထမဆုံး ခေတ်မီမိုးလုံလေလုံအားကစားရုံကြီး ဖြစ်လာခဲ့သည်။[]နောက်ပိုင်းတွင် အမေရိကန်၏ထောက်ပံ့မှုဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၂)ကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်​မြေတွင် တည်ဆောက်ခဲ့သည်။သို့သော် အမှတ်(၁)ကဲ့သို့ မကြီးမားပေ။[]

၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကာလတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားရုံစုတွင် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ၊တပ်မတော်ပိုင် ဇေယျာသီရိအားကစားရုံစုတွင် ဇေယျာသီရိမိုးလုံလေလုံအားကစားရုံ စသည့် ခေတ်မီအားကစားရုံများ ပေါ်ပေါက်ခဲ့သည်။သို့သော် ထိုရုံများသည် သုဝဏ္ဏအားကစားရုံကဲ့သို့မဟုတ်ဘဲ လူဦးရေ (၃၀၀၀)ဝင်ဆံ့သော အားကစားရုံ အေ၊စီနှင့် (၅၀၀၀)ဝင်ဆံ့သော အားကစားရုံ ဘီတို့ကိုသာ ပေါင်းစပ်ထားသည့် အားကစားရုံများဖြစ်သည်။[]

၂၀၁၉ခုနှစ် ဩဂုတ်လမှစတင်ကာ ယိုယွင်းနေသော အားကစားရုံကို တရုတ်နိုင်ငံကပင် ကူညီပြီး အလုံးစုံပြုပြင်ခဲ့ကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရန်စီစဉ်နေ[လင့်ခ်သေ]
  2. တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်။ 25 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2021 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး
  4. မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၂)
  5. Let the Games begin
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya