သူရဲကောင်းဗိမာန် (နေပြည်တော်)
သူရဲကောင်းဗိမာန် (နေပြည်တော်) သည် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခု ဖြစ်သည်။ သူရဲကောင်းဗိမာန် (နေပြည်တော်) ကို နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တောင်ကုန်းပေါ်၌ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ၂ဝ၁၇ ခုနှစ် မတ်၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၁] သူရဲကောင်းဗိမာန် (နေပြည်တော်)ကို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည့် မြန်မာ့သူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာ အာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည့်အပြင် ယင်းသူရဲကောင်းများအား နောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန်၊ မျိုးဆက်သစ်လူငယ်များ၏စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၂] ဗိမာန်ဗိမာန်ကြီး၏ အဆောက်အဦးအတွင်း၌ အလျား၊ အနံ ၄ ပေ၊ အမြင့် ၁၂ ပေရှိ အထိမ်းအမှတ် စကျင်ကျောက်တိုင်ကြီးကို တွေ့ရှိရပြီး နံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ် ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၅ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၃၄ ဦး၊ သူရဘွဲ့ရရှိသူ ၂၇၁ ဦးနှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၁၄၇၈ ဦး စုစုပေါင်း ၁၇၈၈ ဦးတို့၏ အမည်စာရင်းများကို နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန် အလျား ၁၂ ပေ၊ အနံ ၁၁ ပေရှိ ကြွေပြားဆိုင်းဘုတ် ၈ ချပ်ပေါ်၌ ရွှေရောင်စာလုံးများဖြင့် ထွင်းထုထားရှိသည်။ ထူးခြားသည်မှာ အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း၊ လှသောင်း၊ စောမြင့်၊ ဟရန်သီဟို၊ စသော ကျဆုံး စစ်သည်တော်သူရဲကောင်းများ သာမက စောဘရီ၊ သူရမချစ်ပို၊ ပုံချိုကျေးရွာမှ ဦးလောဖာ၊ ဦးပါလီ ကဲ့သို့သော ကျဆုံး အရပ်သားသူရဲကောင်းများကိုပါ မော်ကွန်းတင်ကမ္ပည်းရေးထိုးထား ရှိသည်။ မြန်မာမှုလက်ရာသူရဲကောင်းဗိမာန် (နေပြည်တော်)ကို တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်း၏ အရှေ့ဘက် ပေ ၃၀၀၀ ခန့်အကွာ အကျယ်အဝန်း ၃၈.၅ ဧကခန့်ရှိ တောင်ကုန်းပေါ်၌ ၂၀၁၆ ခုနှစ်၊ မတ် ၂၉ ရက်တွင် စတင်ပန္နက်ရိုက်၍ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ဗိမာန်ကြီး၏အလျား၊ အနံ၊ အမြင့်မှာ ၅၄ ပေစီရှိကာ မြန်မာမှုလက်ရာ ၃၄ မျိုးဖြင့် ပုံဖော်ထုဆစ်ထားသည်။ ဗိမာန်ကြီးသို့ ဝင်လာရာလမ်းသည် အလျား ၁၆၄၆ ပေရှည်လျားပြီး လမ်း၏ ဝဲဘက်ခြမ်း၌ စတုရန်းပေ ၂၄၈၀၀ ပေခန့်ကျယ်ဝန်းသည့် ရေကန်ကြီးကို ထည့်သွင်းတည်ဆောက်ထားကာ လမ်းဘေးဝဲယာတွင် အလွန်လှပသည့် ပန်းများကို မျက်စိပသာဒဖြစ်ဖွယ်ရာ စိုက်ပျိုးထားသည်ကို မြင်တွေ့ရသည်။ အဆိုပါ ဗိမာန်ကြီး၏ အနောက်တောင်ဘက်တွင် မင်းသုံးပါးရုပ်တုနှင့် တပ်မတော်နေ့စစ်ရေးပြကွင်းကြီးကို တွေ့မြင်နိုင်သည်။ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ မြန်မာနိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုရန်နေရာ ရှိသည်။ သူရဲကောင်းဗိမာန် အဆောက်အဦးအတွင်း ဂုဏ်ပြုကျောက်တိုင်ဘေး၌ ကြယ်လေးပွင့်မှ ဂုဏ်ပြုမီးညွန့်များအား စက်ခလုတ်နှိပ်ထွန်းညှိပေးရန်နေရာအား ပြုလုပ်ထားသည်။ ထင်ရှားသောဧည့်သည်များ
ဖွင့်ချိန်သူရဲကောင်းဗိမာန် (နေပြည်တော်)အား မိဘပြည်သူ များလေ့လာနိုင်ရန်အတွက် နေ့စဉ်နံနက် ၁၀ နာရီမှ ည ၉ နာရီအထိဖွင့်လှစ်ထားရှိရာ မည်သူမဆိုအခမဲ့ဝင်ရောက်၍ အပန်းဖြေလေ့လာနိုင်သည်။ အခြားကြည့်ရန်များကိုးကား
|
Portal di Ensiklopedia Dunia