သူ (ဝတ္ထု)

သူ
စာအုပ်မျက်နှာဖုံး
စာရေးသူဂျာနယ်ကျော် ဦးချစ်မောင် (ရွှေလင်းယုန်)
နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားဝတ္ထု
ထုတ်ဝေသူကံ့ကော်ဝတ်ရည်
မီဒီယာ အမျိုးအစားပုံနှိပ်

သူ သည် ဂျာနယ်ကျော် ဦးချစ်မောင် ရေးသားခဲ့သည့် ဝတ္ထုဖြစ်သည်။ ဤဝတ္ထုကို "ရွှေလင်းယုန်" ဟူသည့် ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ မြင့်မောင်ဟု အမည်ရှိသည့် ဆရာဝန်တစ်ဦးကို အဓိကဇာတ်ကောင်အဖြစ် ဖန်တီးရေးသားထားသည်။ မြင့်မောင်ကို ခန္တီတရားကြီးမား၍ စိတ်ကောင်းစေတနာကောင်းရှိသည့် ယောက်ျားတစ်ဦးအဖြစ် တင်ပြထားသည်။[]

သမိုင်းကြောင်း

ဂျာနယ်ကျော်ဦးချစ်မောင်သည် ဤ"သူ" ဝတ္ထုကို မြန်မာ့အလင်းသတင်းစာတွင် အခန်းဆက်ဝတ္ထုအဖြစ် ရေးသားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ကိုမြင့်မောင် သုံးဆယ်မြို့မှ အရှက်တကွဲဖြစ်၍ ထွက်ခွာသွားရသည်အထိ ရေးသားခဲ့ကာ ဝတ္ထု၏ ပထမပိုင်းအဖြစ် ထုတ်ဝေခဲ့သည်။ ထို့နောက် ၁၉၄၀ ခုနှစ်တွင် ကျန်ဇာတ်လမ်းကို ဆက်လက်ရေးသားကာ ဒုတိယတွဲအဖြစ် ထုတ်ဝေခဲ့သည်။ စစ်ပြီးစအချိန်တွင် မူလနှစ်တွဲအတိုင်း ထုတ်ဝေခဲ့သည်။ ၁၉၆၀ - ၆၁ တွင် နှစ်တွဲပေါင်းကာ တတိယအကြိမ်အဖြစ် ထုတ်ဝေခဲ့သည်။ ထို့အပြင် ဤဝတ္ထုကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ ဂျာနယ်ကျော်ဦးချစ်မောင် (ရွှေလင်းယုန်) (နိုဝင်ဘာ ၂၀၁၇)။ သူ။ အမှတ် - ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: ကံ့ကော်ဝတ်ရည်။CS1 maint: location (link)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya