သွေးသောက်အဖွဲ့
သွေးသောက်အဖွဲ့ သည် မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် လှုပ်ရှားလျက်ရှိသော လူသတ်အဖွဲ့ဖြစ်သည်။[၁] ၂၀၂၂ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့ကာ တပ်မတော်အား ထောက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန့်ကျင်သည့် ထိုအဖွဲ့၏ ခံယူချက်သည် ရေရာခြင်းမရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများစွာကို သတ်ဖြတ်ခဲ့သည်ဟု သွေးသောက်အဖွဲ့က ဝန်ခံထားသည်။ လှုပ်ရှားမှုများသွေးသောက်အဖွဲ့သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် အဓိက လှုပ်ရှားသည်။ အဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသော လူနှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် မိသားစုဝင်များအား ပစ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၄ ဦးအား သတ်ဖြတ်ခဲ့ပြီး တယ်လီဂရမ် ချယ်နယ်များတွင် သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများ မျှဝေထားခဲ့သည်။[၂] ၂၀၂၃ မေလအထိ သတ်ဖြတ်ခဲ့သူ အနည်းဆုံး ၅၈ ဦးအထိ ရှိလာခဲ့သည်။[၃] သွေးသောက်အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ငြင်းဆိုထားသည်။[၃] သွေးသောက်အဖွဲ့သည် ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်ပါ လှုပ်ရှားလျက်ရှိကြောင်း အေးရှားတိုင်းမ် က ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အစီရင်ခံခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia