ဟင်္သာကုန်းဘုရား
ဟင်္သာကုန်းဘုရား သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ အထင်ကရဘုရားတစ်ဆူ ဖြစ်သည်။ [၁] နိုင်ငံခြားသား ခရီးသည်များကို ဆွဲဆောင်သည့် အဓိကနေရာတစ်ခု ဖြစ်သည်။ အမည်မှာ ဒဏ္ဍာရီလာ ဟင်္သာငှက်ကို အစွဲပြုကာ ပေးထားသည်။[၂] ဟင်္သာငှက်သည် မွန်လူမျိုးတို့၏ သင်္ကေတ တစ်ခုလည်းဖြစ်သည်။[၃][၄] မြန်မာဒဏ္ဍာရီများအရ တောင်ကုန်းထက်တွင် ဘုန်းကြီကျောင်းတစ်ခု တည်ရှိခဲ့သည်။ ထိုနေရာသည် ပင်လယ်ရေမြင့်တက်ရာတွင် ဟင်္သာငှက်တစ်ကောင်သာ နေရန်သာ နေရာရှိတော့သည်။[၅] ဆေးရေးပန်းချီများ၊ ပန်းပုရုပ်တုများတွင် ဟင်္သာငှက်နှစ်ကောင်နားနေပုံကို ပဲခူးမြို့တွင် ဘုရားကျောင်းကန်များတွင် တွေ့နိုင်ပေသည်။[၆] အရှေ့ဘက်တွင် မြန်မာနိုင်ငံ၏ ဉာဏ်တော်အမြင့်ဆုံး စေတီတော် ဖြစ်သော ရွှေမော်ဓောစေတီတော်ကို ဖူးမြော်နိုင်သည်။
အိန္ဒိယပြည် ဥဿလနယ်မှ မွန်များလာရောက် နေထိုင်ရာ အရပ်ဖြစ်၍ ဥဿာပဲကူးဟု ခေါ်ဆိုကြသည်။ ဝမ်းပဲကို မွန်ဘာသာဖြင့် ဟံသာဟု အဓိပ္ပာယ်ရသဖြင့် ဟံသာဝတီဟု ခေါ်ဝေါ်ခဲ့သည်။ ဟံသာကျွန်း၊ ဟံသာကုန်းမှတစ်နည်း၊ ဟင်္သာကျွန်း၊ ဟင်္သာကုန်းဟူ၍ ခေါ်ဝေါ်လာခဲ့သည်။ ပထမ ဟံသာဝတီနန်းတော်ကုန်းကား ယခင်ပဲခူးရဲကျောင်းနှင့် မြောက်ဘက်၊ တောင်ဘက် ကုန်းမြေမြင့်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားရှင်သည် စူဋ္ဌာသာလ၊ မဟာသာလ ကုန်သည် ညီနောင်တို့ အား “ငါဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သာသနာတော်နှစ် တစ်ထောင့်သုံးရာ ကျော်လျှင် သင်တို့အားယခုချီးမြှင့်လိုက်သော ဤစံတော်တည်ရာ သုဒဿန တောင်၏ အရှေ့၊ ဟံသာပဗ္ဗတအမည်ရှိသောဌာန၌ သမလကုမ္မာ၊ ဝိမလကုမ္မာ အမည်ရှိ မွန်မင်းညီနောင် နှစ်ပါးတို့ကို သိကြားမင်း စောင်မ၍ မြို့သစ်နန်းသစ်တည်ပြီးလျှင် ဟံသာ၀တီပြည်ကြီး ဟု မော်ကွန်းစိုက်ထူပြီး သမလကုမ္မာမင်းသည် အဦးစမင်းပြုရလတ္တံ့။ ထိုမင်းသည် ဘုရား သာသနာတော်ကို သက်ဝင်ယုံစားသဖြင့် သာသနာ့ဒါယကာခံလတ္တံ့။”ဟု ဗျာဒိတ် ထားရှိတော်မူသည့်အတိုင်းပင် သာသနာတော်နှစ် (၁၃၆၉)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၈၇)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက် တနင်္လာနေ့တွင် သမလမွန်မင်းကြီးက နန်းသိမ်းတော်မူခဲ့သည်။ သမလမွန်မင်းကြီးသည် မွေတော်ဓာတ်များစွာ ဌာပနာ၍ ဗြဟ္မနတ်လူတို့ ကိုးကွယ် ပူဇော်ရန် ကျတ်သုဝဏ္ဏဟံသာစေတီတော်ကို တည်ထားတော်မူခဲ့သည်။ ရသေ့ကြီးဦးခန္တီသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ယိုယွင်းပျက်စီးနေသော သမလ မွန်မင်းတည်ထားကိုးကွယ်တော်မူခဲ့သည့် ထိုကျတ်ပြတ် (ကျတ်သုဝဏ္ဏဟံသာစေတီတော်) ကို အသစ်ပြန်လည်တည်ထားကိုးကွယ်တော်မူခဲ့ရာ ယနေ့တိုင် ဟင်္သာကုန်းစေတီတော် ဟူ၍ ထင်ရှားကျော်ကြားလျက်ရှိသည်။ (ကျတ် = ဘုရား၊ ပြတ် = ဟင်္သာ) ဦးခန္တီသည် ခရစ်သက္ကရာဇ် (၁၉၂၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၂၈၆)ခုနှစ် ကျတ်ပြတ်ဘုရားငုတ်တိုရှိရာကုန်း၌ ဦးခန္တီ၏ ဟင်္သာကုန်းဘုရားကို တည်ခဲ့သည်။ ဤဘုရားနှင့် ရွှေမော်ဓောစေတီကို ယခုတိုင် တွေ့မြင်နေရသော သံစောင်းတန်းကြီးဖြင့် ဦးခန္တီ ဆက်သွယ်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် ဟင်္သာကုန်းဘုရား စောင်းတန်းများ ချို့ယွင်းပျက်စီးခဲ့သည်။ ဂျပန်စစ်လေယာဉ်ပျံများ၏ စစ်သေနတ်ဒဏ်ဖြင့် ပေါက်ပြဲသည့်အမိုးများကို အေဒီ ၁၃၅၁ ခုနှစ်တိုင်အောင် အစားထိုးမပြုပြင်နိုင်ခဲ့ပါ။ ကိုးကား
|
Portal di Ensiklopedia Dunia