ဟယ်ရီပေါ်တာ (ဇာတ်ကောင်)
ဟယ်ရီ ဂျိမ်းစ် ပေါ်တာ (အင်္ဂလိပ်: Harry James Potter ၊ ဟာရီ ဂျိမ်း ပေါ့တာ စသည်ဖြင့်လည်း စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း၏ ဟယ်ရီပေါ်တာ စာအုပ်အတွဲ၏ ပင်တိုင်အဓိကဇာတ်ကောင် ဖြစ်သည်။ ထိုစာအုပ်များ၏ ဇာတ်ကြောင်းမှာ မိဘမဲ့ကလေးငယ် ဟယ်ရီပေါ်တာ၏ ဘဝမှ ခုနစ်နှစ်တာ ကျောင်းသားဘဝ ကာလအတွင်း ဖြစ်ရပ်များပင် ဖြစ်လေသည်။ ဟယ်ရီသည် အသက် တစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့တွင် သူသည် မှော်ဆရာ (စုန်းကဝေ) တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရ၏။ ထို့ကြောင့်ပင် သူသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးကို တက်ရောက်ခွင့်ရခဲ့လေသည်။ ကြင်နာလှသော ကျောင်းအုပ်ဆရာကြီး အဲလ်ဘတ်စ် ဒမ်ဘယ်လ်ဒိုးနှင့် အခြားပရော်ဖက်ဆာများ၏ လမ်းညွှန်သင်ကြားပို့ချမှုများအောက်တွင် မှော်အတတ်ပညာကို လေ့ကျင့်သင်ယူခဲ့ရသည်။ ဟယ်ရီက သူ့အနေဖြင့် (ဝတ္ထုပါ) စုန်းကဝေလောကကြီးတွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်သည်ကို တွေ့ခဲ့ရ၏။ ကမ္ဘာတစ်လွှား လူအများ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ရသော နာမည်ပင်မခေါ်ဝံ့သောသူ မိစ္ဆာသခင်ကြီး ဗော်လ်ဒီမော့နှင့် သူ့ကံကြမ္မာ ဆက်နွယ်မှုကိုလည်း သိရှိခဲ့ရပေသည်။ ထို လော့ဒ်ဗော်လ်ဒီမော့ ဆိုသူကား ဟယ်ရီ၏ မိဘနှစ်ပါးဖြစ်သည့် လီလီနှင့် ဂျိမ်းစ်တို့ကို သတ်ဖြတ်ခဲ့သော အမှောင့်ဘက်သား ဆိုးဝါးသော စုန်းတစ်ဦး ဖြစ်လေသည်။ |
Portal di Ensiklopedia Dunia