ဟားဗတ် တက္ကသိုလ်

ဟားဗတ် တက္ကသိုလ်
ဟားဗတ် တက္ကသိုလ်၏ အထိမ်းအမှတ်တံဆိပ်
ဆောင်ပုဒ်Veritas (လက်တင်)
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
Truth
အမျိုးအစားပုဂ္ဂလိကသုတေသနတက္ကသိုလ်
တည်ထောင်၁၆၃၆
ပံ့ပိုးမှုဒေါ်လာ ၅၀၇ ဘီလီယံ[][]
ဥက္ကဋ္ဌAlan Garber
သင်တန်းသား၂၁,၂၇၈ (၂၀၂၃ ခုနှစ်)
ဘွဲ့ကြိုဦးရေ၆၇၀၀ []
တည်နေရာကိန်းဘရစ်ချ်မြို့, မက်ဆာချူးဆက်ပြည်နယ်,  အမေရိကန်
ပရဝုဏ်မြို့တွင်း ၂၁၀ ဧက (၈၅ ha)
NewspaperThe Harvard Crimson
အထိမ်းအမှတ် အရောင်Crimson[]
    
AthleticsNCAA Division I – Ivy League
အားကစားအသင်း အမည်ပြောင်Harvard Crimson
နှီးနွယ်အဖွဲ့အစည်းများ
  • National Association of Independent Colleges and Universities
  • Association of Independent Colleges and Universities in Massachusetts
  • Association of American Universities
  • Universities Research Association
အားကစား42 varsity teams
ဝဘ်ဆိုဒ်Harvard.edu
Harvard University logo (with its coat of arms)

ဟားဗတ်တက္ကသိုလ် (Harvard University) သည် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့တွင် တည်ရှိသော ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်သည်။ ၁၆၃၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဟားဗတ်သည် အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးသော အဆင့်မြင့် ပညာရေးနှင့် သက်ဆိုင်သော ကျောင်းတစ်ကျောင်း ဖြစ်သည်။ ဟားဗတ်၏ သမိုင်းကြောင်း၊ ဩဇာလွှမ်းမိုးမှုနှင့် ကြွယ်ဝချမ်းသာမှု တို့ကြောင့် ဟားဗတ်သည် ကမ္ဘာပေါ်တွင် အထင်ရှား အကျော်ကြားဆုံးသော တက္ကသိုလ်များတွင် တစ်ခု အပါအဝင် ဖြစ်လျက် ရှိလေသည်။

ဟားဗတ်ကို ၎င်း၏ ပထမဆုံး ပံ့ပိုးသူ ဂျွန်ဟားဗတ်၏ အမည်ကို ယူ၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းကြောင်း

ဟားဗတ်တက္ကသိုလ်သည် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကမ်းဗရစ်မြို့အနီးမှာရှိပြီး ၂၀၉ ဧက ကျယ်ဝန်းသည့်တောအုပ်ဧရိယာ၌ တည်ရှိသည်။ ဟားဗတ်တက္ကသိုလ်အတွင်းတွင် မြက်ခင်းဧရိယာ ၂၂.၄ ဧက ရှိပြီး ဝင်ပေါက်တံခါး ၂၇ ပေါက်ရှိသည်။

ပင်မအဆောက်အဦ၊ စာကြည့်တိုက်၊ ဘုရားရှိခိုးကျောင်း၊ ဝိဇ္ဇာသိပ္ပံမဟာဌာနကြီးအပါအဝင် ဟားဗတ်တက္ကသိုလ်၏ အဓိပတိ ရုံးခန်းတို့သည် ရှေးဟောင်းအဆောက်အဦများဖြစ်ပြီး ခေတ်မီသော အဆောက်အဦများစွာနှင့် ဟားဗတ်တက္ကသိုလ်၏ အလှူရှင် ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်ဟားဗတ်၏ သမိုင်းဝင်ရုပ်တုတို့သည် အမေရိကန်နိုင်ငံ၏ထင်ရှားသောရှေးဟောင်းအဆောက်အဦစာရင်းတွင် ပါဝင်နေသည်။

ထိုတက္ကသိုလ် စတင်ပေါ်ပေါက်လာသော ၁၆၃၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဗြိတိသျှကိုလိုနီလက်အောက်ခံ နိုင်ငံတစ်ခုအနေဖြင့်သာ ရှိနေသေးသည်။

အဲ့ဒီအချိန်တွေတုန်းကတော့ ဟားဗတ်တက္ကသိုလ်ဖြစ်လာမယ့် ကောလိပ်ကျောင်းကို New College (ဒါမှမဟုတ်) New Town လို့ ခေါ်ဆိုခဲ့ကြတာပါ။

အဲ့ဒီကနေ ၁၆၃၉ ခုနှစ်ကိုရောက်တဲ့အခါမှာတော့ ခရစ်ယန်ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ ဂျွန်ဟားဗတ်က သူ့ရဲ့ကိုယ်ပိုင်ငွေ ပေါင်စတာလင် ၇၇၉ ပေါင်နဲ့ သူ့ရဲ့ကိုယ်ပိုင်စာအုပ် ၄၀ဝ ကျော်ကို စတင်လှူဒါန်းပြီးနောက်ပိုင်းမှာတော့ အလှူရှင် ဂျွန်ဟားဗတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟားဗတ် ကောလိပ်လို့ စတင် အမည်သတ်မှတ် ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီကနေ ၁၆၅၀ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး တက္ကသိုလ်တစ်ခုအနေနဲ့ စတင်ရပ်တည် လာနိုင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်က ဟားဗက်တက္ကသိုလ်အနေနဲ့ ကိုလိုနီခေတ်တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည် ခဲ့ရတာမို့ အဲ့ဒီအချိန်က အင်္ဂလန်ဘုရင်မကြီးထံမှာ အမှုတော်ထမ်းရွက်ကြမဲ့ အရာရှိကြီးတွေကို လေ့ကျင့်ပျိုးထောင်ပေးရာ ကျောင်းတော်ကြီးဖြစ်ခဲ့ပါတယ်။

၁၈ ရာစုမတိုင်ခင်အထိ ခရစ်ယန်ဘုန်းတော်ကြီးတွေနဲ့ မင်းမှုထမ်းဖြစ်လိုသူတွေရဲ့ နားခိုရာကျောင်းတော်ကြီးဖြစ်ခဲ့ပေမဲ့ ၁၇၀၈ ခုနှစ်မှာတော့ ကျောင်းရဲ့ အဓိပတိတာဝန်ကိုယူခဲ့တဲ့ ဂျွန်လီဗာရက် (John Leverett) လက်ထပ်က စလို့ ခရစ်ယန်သာသနာဘုန်းတော်ကြီးတွေ အတွက်သာမကပဲ တွေးခေါ်မြော်မြင်ရေးကို အဓိကသင်ကြားပို့ချရာနေရာ အဖြစ်ပြောင်းလဲလာခဲ့ ပါတော့တယ်။

ဉာဏ်အလင်းခေတ်လို့ ခေါ်ဝေါ်ကြတဲ့ ၁၉ရာစုမှာတော့ ဟားဗတ်တက္ကသိုလ်ဟာ ရှေးရိုးစွဲ ခရစ်ယန်ဘုန်းတော်ကြီးတွေနဲ့ ခေတ်သစ်ပညာရှင်တွေရဲ့ စစ်ထိုးရာနေရာဖြစ်ခဲ့ရပြီး ၁၈၄၆ ခုနှစ် အရောက်မှာတော့ ဘာသာရေးဆိုင်ရာ အယူအဆတွေကနေ တွန်းလှန်ပြီး သိပ္ပံဆိုင်ရာ သဘောတရားနဲ့ အယူအဆတွေကို သင်ကြားပို့ချလာနိုင်ခဲ့ကာ ၂၀ ရာစုကို ရောက်တဲ့အခါမှာတော့ ဟားဗတ်တက္ကသိုလ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရတက္ကသိုလ်အဖြစ် ရပ်တည် လာနိုင်ခဲ့တာပါ။

၂၀၂၅ ခုနှစ် မေလ ၂၂ ရက်တွင်၊ ကမ္ဘာကျော် အမေရိကန် တက္ကသိုလ်တစ်ခုဖြစ်သော ဟားဗတ် တက္ကသိုလ်၌ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတက်ခွင့်ပေးမှုကို သမ္မတ ဒေါ်နယ်ထရမ့်အုပ်ချုပ်သော အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။[]

ဘာသာရပ်များ

အဲ့ဒီနောက်ပိုင်းတွေမှာတော့ ဟားဗက်တက္ကသိုလ်ဟာ ဘာသာရပ်အလိုက် ကောလိပ်ခွဲ တွေသာမက မဟာဌာနကြီးတွေကို ဖွင့်လှစ်ကာ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာအပြင်၊ ဆေးဝါး၊ အင်ဂျင်နီယာ၊ ဥပဒေဘာသာရပ်တွေအတွက် ကမ္ဘာ့အကျိုးပြု သုတေသန များစွာကို လုပ်ဆောင် နိုင်ခဲ့တာတွေက ဟားဗတ်တက္ကသိုလ်ကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အဖြစ် အတွန့်ရှည် ရပ်တည် နိုင်ဖို့အတွက် များစွာအထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

မျက်မှောက်ခေတ် ဟားဗက်တက္ကသိုလ်ရဲ့ အဆင့်မြင့်တက္ကသိုလ်ပညာရေး သင်ကြားမှု ပုံစံတွေမှာဆိုရင်တော့ ဘွဲ့ကြိုကာလကို ၄ နှစ်သက်မှတ်ထားပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေကို အဓိကသင်ကြားပို့ချပေးတာပါ။

အဲ့လို သင်ကြားပို့ချတဲ့နေရာမှာတော့ ပထမနှစ်မှာ ပညာရပ်ဆိုင်ရာ ဘာသာရပ် (Academic majors) နဲ့ အထောက်အကူပြု ဘာသာရပ် (Elective minors) ဘာသာရပ်တွေကို မိမိနှစ်သက်ရာ ရွေးချယ် သင်ကြားရတာဖြစ်ပါတယ်။

ဒုတိယနှစ်မှာတော့ ပထမနှစ်က သင်ယူခဲ့တဲ့ ဘာသာရပ်တွေထဲက (Qualified) ဖြစ်တဲ့ ဘာသာရပ်ကိုသာ အထူးပြုအနေနဲ့ သင်ကြားရပြီး အထူးပြုဘာသာရပ်ကို တစ်ခု ထက်မက သင်ယူနိုင်ခွင့်ရှိတာပါ။

ဘွဲ့ကြို သင်တန်းတွေနဲ့ ဘွဲလွန်သင်တန်းတွေကို တက်ရောက်လိုကြတဲ့ ကျောင်းသူ/ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ် ဝင်ခွင့်ကို ၄ နှစ်ကြိုတင် လျှောက်ထားကြရမှာဖြစ်ပြီး တက္ကသိုလ် အနေနဲ့ကလည်း သက်ဆိုင်တဲ့ သင်တန်းအလိုက် ဝင်ခွင့်ရရှိတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ အမည်စာရင်းတွေကိုလည်း (၄) နှစ်ကြိုတင်အကြောင်းကြားလေ့ရှိတာပါ။ ဒီလို ဝင်ခွင့်ရရှိတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ကတော့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကြိုတင်လေ့လာရမယ့် အချက်အလက်တွေကို လေ့လာပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ကြိုသင်တန်းတွေအတွက် ကျောင်းသား အသစ် ၂၀ဝ၀ ဝန်းကျင်ကို ရွေးချယ်ခေါ်ယူ လေ့ရှိပြီး ကမ္ဘာအနှံက ဝင်ခွင့်လျှောက်လွှာပေါင်း များစွာထဲမှ ၅၀% ဝန်းကျင်လောက်ကိုသာ ကျောင်းသားအဖြစ်လက်ခံနေတာပါ။ လာမယ့် ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်မယ့် ဘွဲ့ကြိုသင်တန်းတွေအတွက် ကျောင်းသားသစ်လက်ခံနိုင်မှုမှာ ၅၃% သာလက်ခံထားပါတယ်။

ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားရင် ဘွဲ့ကြိုသင်တန်းတစ်ခုအတွက် စာသင်နှစ် ၁ နှစ်မှာ ကျောင်းလခအနေနဲ့ အမေရိကန်ဒေါ်လာ ၆ သောင်းကျော် ကျသင့်မှာပါ။ ဒီလို ကုန်ကျစရိတ်တွေအတွက် ပညာသင်ဆုအနေနဲ့ "John Harvard Scholar" နှင့် "Harvard College Scholar" တို့ကို နှစ်စဉ်အတန်းတိုင်းမှာ ဝင်ခွင့်ရတဲ့ ကျောင်းသားများရဲ့ ၅% ကိုပေးအပ်လေ့ရှိပါတယ်။ ပထမနှစ်မှာ ပညာသင်ဆုရရှိခဲ့ရင် အဲ့ဒီကျောင်းသားဟာ အပြစ်တစုံတရာ မကျူးလွန်ခဲ့ရင် ဘွဲ့ရရှိတဲ့ အချိန်ထိ ပညာတော်သင်ဆု အထောက်အပံ့ကို ခံစားခွင့် ရရှိလေ့ရှိပါတယ်။

ဟားဗတ်တက္ကသိုလ်ကနေ နှစ်စဉ် ဘွဲ့ရရှိသူ ၁၆၆၀ ဦး၊ မဟာဘွဲ့ရရှိသူ ၄၀ဝ၊ ပါရဂူဘွဲ့ရရှိသူ ၅၁၀၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒီဂရီရရှိသူ ၄၄၆၀ ဦးခန့်ကို မွေးထုတ်နေတာပါ။

ထူးခြားထင်ရှားသူများ

ဒီကျောင်းသားတွေထဲကနေ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ အနုပညာ အပါအဝင်နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေအများအပြားကို မွေးထုတ် ပေးနိုင်ခဲ့တာပါ။

အဲ့ဒီထဲမှာတော့ အမေရိကန်သမ္မတ အေအယ်ဂိုး (Al Gore) ဂျော့ဒါဘယ်လူဘုစ် (George W. Bush)၊ ဘားရက်အိုဘားမား (Barack Obama)၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း (Ban Ki-moon)၊ စီးပွားရေးလုပ်ငန်းရှင်များထဲမှာတော့ ဘီလ်ဂိတ် (Bill Gates)၊ ဖေ့ဘုတ်တည်ထောင်သူ မက်ဇာဂါဘတ် (Mark Zuckerberg) တို့အပြင် ကမ္ဘာ့နိုင်ငံများမှ တော်ဝင်မင်းသားများ၊ သမ္မတများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဟားဗတ်ကျောင်းဆင်းတွေ ဖြစ်ကြတယ်။

ကိုးကား

  1. Harvard posts investment gain in fiscal 2023, endowment stands at $50.7 billion (October 20, 2023)။ October 20, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2025 တွင် ပြန်စစ်ပြီး။
  2. Financial Report Fiscal Year 2023 (PDF) (အစီရင်ခံစာ)။ Harvard University။ October 19, 2023။ p. 7။ October 23, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) 23 May 2025 တွင် ပြန်စစ်ပြီး
  3. As of 1 March 2018. (1 March 2018)။ "Harvard at a Glance"။ 18 June 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး17 June 2018 တွင် ပြန်စစ်ပြီး
  4. Color - Identity Guidelines - Harvard Business School။ Harvard Business School။ 26 September 2014 တွင် ပြန်စစ်ပြီး။
  5. ဟားဗတ် တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသားများ ကျောင်းတက်ခွင့် ထရမ့်အစိုးရ ပိတ်။ 23 May 2025 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya