ဟိုပင်မြို့
ဟိုပင်မြို့ သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ပါဝင်သည့် မြို့အဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ ၇၄၅ မိုင် ကွာဝေးသည်။ အင်းတော်ကြီးကန်မှ ၂၇ မိုင် ကွာဝေးသည်။[၂] သမိုင်းကြောင်းသီပေါမင်းလက်ထက်တွင် မိုးညှင်းမြို့၌အုပ်စိုးသော မိုးညှင်းစော်ဘွားအားမကျေနပ်ကြသဖြင့်အိမ်ထောင်စု ၆၀ ခန့်သည် မိုးညှင်းမှထွက်ခွာလာပြီး ရွာသစ်တည်ခဲ့ဟု အဆိုရှိသည်။ စီးပွားရေးလုပ်ငန်းများအများစုမှာလယ်ယာစိုက်ပျိုးရေးဖြစ်သည်။ ရွှေတူးဖော်ခြင်း၊ သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဖားကန့်သွားပြီး ကျောက်တူးဖော်ခြင်းလုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ အစိုးရ သစ်ထုတ်လုပ်ငန်းရှိပြီး အင်းတော်ကြီးဒေသ၊ စစ်ကိုင်းတိုင်း နောင်ပိုအောင်ဒေသမှ သစ်များကို မီးရထားဖြင့်တင်ပို့ရာ သစ်ဆိပ်လည်းဖြစ်ခဲ့သည်။ လူဦးရေနှင့်လူမျိုးများ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၈,၆၉၄ ဦးရှိသည်။[၁] ဗမာ၊ ရှမ်းနီ၊ ရှမ်းကြီး၊ ကချင်၊ ကဒူး၊ တရုတ်လူမျိုးများ နေထိုင်ကြသည်။ ပထဝီအနေအထားအရှေ့ဘက် ကံ့ကော်တောင်တန်းနှ င့်အနောက်ဘက် နမ့်မွန်းတောင်တန်းကြားရှိ မြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ မြို့၏အရှေ့ဘက်တွင် နမ့်ယင်းချောင်းသည် တောင်မှမြောက်ဘက်သို့ စီးဆင်းလျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးမန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းပေါ်တွင် တည်ရှိသည်။ အနောက်ဘက်သို့ အင်းတော်ကြီးဒေသ လုံးတုံမှတစ်ဆင့် ဖားကန့်၊ ယင်းမှ တစ်ဆင့် ခန္တီးမြို့အထိ ကားလမ်းပေါက်သည်။ လုံးတုံမှ လမ်းခွဲပြီး ချင်းတွင်းမြစ်ကမ်းရှိ ဟုမ္မလင်းအထိ ကားလမ်းပေါက်သည်။ လည်ပတ်ရန်နေရာများမြို့၏အနောက်မြောက်ဘက် ၈ မိုင်ခန့်တွင် ရွာသစ်ကြီးရေပူစမ်းရှိသည်။ မြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် ဂလိုင်ချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁.၂၅ မဂ္ဂါဝပ်)ရှိသည်။ အင်းတော်ကြီးဘုရားသည် ဟိုပင်မြို့မှ နန့်မွန်းတောင် ကို ကျော်ကာသွားရပြီး မိုင် ၃၀ ခန့်ကွာဝေးသည်။ ကိုးကား
|
Portal di Ensiklopedia Dunia