Hiroshima Urban Employment Area
ဟီရိုရှီးမားမြို့သည် ဂျပန်နိုင်ငံ
ဟွန်းရှူးကျွန်းတောင်ဘက် ကမ်းခြေပေါ်တွင် တည်ရှိသော
ဆိပ်ကမ်းမြို့ဖြစ်သည်။ အရှေ့မြောက်ဘက်နှင့်
အနောက်မြောက်ဘက်တို့တွင် တောင်ကုန်းများခြံရံလျက်
ရှိသည်။ ယွန်းထည်၊ ကြေးထည်နှင့် အလှအပကုန်ပစ္စည်းများ
ထွက်၍ စက်မှုလုပ် ငန်းများလည်းထွန်းကားသည်။
ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ဘက်မှ
ဗုံးကြဲတိုက်ခိုက်ခြင်းကို အနည်းငယ်မျှလောက် သာခံခဲ့ရသည်။
သို့ရာတွင် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့၌
အမေရိကန်လေတပ်သည် ဟီရိုရှီးမားမြို့ပေါ်တွင်
အနုမြူဗုံးတစ်လုံးကို ဘီ-၂၉ ဗုံးကြဲလေယာဉ် မှ ပထမဦးဆုံးအကြိမ်ကြဲချခဲ့လေသည်။
ထိုအနုမြူဗုံးသည် မြို့လယ်အထက် ပေ ၁ဝဝဝခန့်အမြင့်တွင်
ပေါက်ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် တစ်မြို့လုံးနီးပါးမျှ
မီးလောင်ပျက်စီးခဲ့ရလေသည်။ လူဦးရေ သုံးသိန်းလေးသောင်း
ကျော်ရှိသည့်အနက် လူပေါင်းခု နစ်သောင်းရှစ်ထောင်ကျော်
သေဆုံး၍ ငါးသောင်းကိုးထောင်ခန့်ဒဏ်ရာရရှိခဲ့ကြသည်။
၁၉၄ရ ခုနှစ်မှစ၍ မြို့ကိုပြန်လည်ထူထောင်ခဲ့ကြသဖြင့်
တဖြည်းဖြည်းအရောင်းအဝယ်စည် ကားလာပြီဖြစ်သည်။ ၁၉၆၅
ခုနှစ်တွင်လူဦးရေ ၅ဝ၄ဝဝဝ ယောက်ခန့် နေထိုင်လျက်
ရှိသည်။[ ၃]
ကိုးကား
↑ The City of Hiroshima official web site 25 February 2020 ၌ မော်ကွန်းပြန်ကြည့်စက် တွင် မော်ကွန်းတင်ပြီး . (in အင်္ဂလိပ်)
↑ UEA Code Tables ။ Center for Spatial Information Science, University of Tokyo။ 9 January 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ January 26, 2019 တွင် ပြန်စစ်ပြီး။
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)