ဟူစတန်မြို့
ဟူစတန်မြို့ကို ၁၈၃၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၈၃၇ ခုနှစ် ဇွန်လ ၅ ရက် တွင် မြို့ အဖြစ် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ဆမ် ဟူစတန်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသူမှာ တက္ကဆပ်သမ္မတနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပြီး မြို့တည်ထောင်ရာ နေရာ၏ အရှေ့ဘက် ၂၅မိုင် (၄၀ ကီလိုမီတာ) အကွာတွင် ဖြ်စပွားခဲ့သော ဆန်ဂျာစင်တို တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်အောင်မြင်ခဲ့သူလည်း ဖြ်စသည်။ အလျင်အမြန် တိုးတက်လာသော ဆိပ်ကမ်း နှင့် မီးရထားလုပ်ငန်းအပြင် ၁၉၀၁ ခုနှစ် ရေနံရှာဖွေ တွေ့ရှိမှုကြောင့် လူဦးရေမှာ အစဉ်တစိုက် တိုးပွားလာခဲ့သည်။ ၂၀ ရာစု အလယ်ပိုင်းသို့ ရောက်သောအခါ ကမ္ဘာအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု နှင့် သုတေသန ဌာနဖြစ်သော တက္ကဆပ် ဆေးပညာ စင်တာကို တည်ထောင်ခဲ့ပြီး နာဆာ၏အစီအစဉ်များကို ထိန်းချုပ်ရာ ဒေသဖြစ်သော ဂျွန်ဆင်အာကာသ စင်တာလည်း တည်ရှိလာခဲ့သည်။ |
Portal di Ensiklopedia Dunia