ဟဲဖေးမြို့
ဟဲဖေးမြို့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းဟွေးပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ [၃] ပရီဖက်ချာအဆင့် မြို့တော်ဖြစ်ပြီး အန်းဟွေးပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု အချက်အချာ ဌာန ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် နမူနာယူထားသည့် လူဦးရေစာရင်းအရ လူဦးရေ ၇,၉၆၅,၃၀၀ ဦး ရှိပြီး မက်ထရိုဒေသတွင် မြို့ပြခရိုင် ၅ခု ပါဝင်သည့် အပြင် ဖေးဒုံးနှင့် ချန်းဖန်း ခရိုင်တို့သည်လည်း မြို့ပြအဖြစ် ပြောင်းလဲနေပြီ ဖြစ်ကာ ထိုဒေသများတွင် နေထိုင်သူ ၆,၁၇၃,၀၀၀ ဦး ရှိသည်။[၁] ပြည်နယ်၏ အလယ်ပိုင်းတွင် တည်ရှိပြီး မြောက်ဘက်တွင် ဟွိုင်နန်မြို့၊အရှေ့မြောက်ဘက်တွင် ချူကျိုးမြို့၊ အရှေ့တောင်ဘက်တွင် ဝူဟူမြို့၊ တောင်ဘက်တွင် တောင်လင်းမြို့၊အနောက်တောင်ဘက်တွင် အန်ကျင်းမြို့ နှင့် အနောက်ဘက်တွင် လုအန်မြို့ တို့ ရှိကြသည်။ သဘာဝအားဖြင့် ဆက်သွယ်ရာ ဆုံချက် ဖြစ်သည့် ဟဲဖေးမြို့သည် ချောင် ရေကန်၏ မြောက်ဘက်တွင် လည်ကောင်း၊ ဟွိုင်မြစ် နှင့် ယန်ဇီမြစ်ကို အလယ်မှ ပိုင်းခြားထားသော ဒါဘီတောင်တန်းများ၏ အရှေ့မြောက်သို့ ထိုးထွက်နေသာ အပိုင်းမှ တောင်ကုန်း နှစ်ခုကြားတွင် လည်းကောင်း တည်ရှိသည်။ [၄] ယနေ့ခေတ်မြို့တော်သည် ဆောင်မင်းဆက် လက်ထက်မှပင် တည်ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် ဟဲဖေးသည် တောင်ဘက်ရှိ မြေဩဇာကြွယ်ဝသည့် လွင်ပြင် အတွက် အုပ်ချုပ်ရေးဒေသနှင့် ဒေသတွင်း ဈေး နေရာ ဖြစ်ခဲ့သည်။ လတ်တလောနှစ်များတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။[၅] ဟဲဖေးသည် "အဆင့်မြင့် စမ်းသပ် စူပါလျှပ်ကူး တိုကာမက်" ဟူသည့် စမ်းသပ်ဆဲ စူပါလျှပ်ကူးနိုင်သော တိုကာမက် သံလိုက်ဖျူးရှင်းစွမ်းအင် ဓာတ်ပေါင်းဖို တည်ရှိရာမြို့လည်း ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia