ဟံသာဝတီ (၃၂)မြို့စာရင်းဟံသာဝတီ (၃၂)မြို့တွင် ပါဝင်သည်ဟု သမိုင်းဆရာတို့ လက်ခံမှတ်သားထားကြသည့် မြို့ငယ် (၃၂)မြို့မှာ အောက်ပါမြို့များပင်ဖြစ်သည်။
အမရပူရမြို့ ဘိုးတော်မင်းတရားကြီးလက်ထက်ဆက်သွင်းသော ဟံသာဝတီစစ်တမ်းတွင် ဟံသာဝတီမြီု့သူကြီး မောင်အိုင်(အသက်၅၅နှစ်)၏ ၁၁၆၄-ခုတော်သလင်းလဆန်း ၉ရက်နေ့ အစစ် ခံထွက်ဆိုချိန်တွင်- သက္ကရာဇ် ၅၁၇ခုနှစ် သမလ မင်းစ၍ မြို့တည်ထောင်ပြုစုကြသည်။ ဟံသာဝတီပြည်ကြီး သမုတ်၍
၁။ ကျောက်မော်မြို့ ၂။ ဒုန်ဇရစ်မြို့ ၃။ ကျည်းကူမြို့ ၄။ အမ်းမြို့ ပေါင်း(၄)မြို့တည်ထောင်ပြုစုတော်မူကြောင်း ပြဆိုထားလေသည်။
၁။ စစ်တောင်းမြို့ ၂။ ဒင်းမဲမြို့ ၃။ ဇွဲသတုံမြို့ ၄။ အသားမြို့ ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်းကို ပြဆိုထားလေသည်။
၁။ မော်လုံမြို့ ၂။ လကွန်းဗျည်းမြို့ ၃။ အခရိမ်မြို့ ၄။ မအူမြို့
၁။ ရမ္မာနဂိုရ်မြို့ ၂။ ရမ္မာဝတီမြို့ (၎င်းမြို့နှစ်မြို့ကို စုံစမ်း၍မရသေးပါ။) ၃။ မော်ပီမြို့ ၄။ လိုင်မြို့ (လှိုင်မြို့) ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်း ဖော်ပြထားပေသည်။
၁။ ဖောင်းလင်း ၎င်းတစ်မြို့တည်းကိုသာ တည်ထောင်မှုပြုကြောင်းဖော်ပြထား၏။
၁။ ထန်းတောကြီးမြို့ ၂။ တီတွတ်ခေါ် မဟူရာမြို့ ၃။ ဇေဠမြို့ ၄။ ဇိုင်တွယ်မြို့ ၅။ ဖဲအိုင်မြို့ ၆။ တုံခန်းမြို့ ၇။ ရဲနွဲ့မြို့ ၈။ မေရဉ္စယမြို့ ၉။ တငါပေါင်မြို့ ၁၀။ မင်းရဲလှမြို့ ပေါင်းမြို့ပေါင်း (၁၀)မြို့ကို တည်ထောင်ပြုစုကြောင်းကို ဖော်ပြထား၏။
၁၊။ ကောလိယမြို့ ၂။ ဗိုင်တားမြို့ ပေါင်း(၂)မြို့ကိုသာ တည်ထောင်ပြုစုကြောင်း ဖော်ပြထား၏။
၁။ ဝင်ပြိုမြို့ ၎င်းတစ်မြို့သာ ဖြစ်လေသည်။
၁။ ယွန်းဇလင်းမြို့ကိုတည်ထောင်သည်။
၁။ ဟံသာဇိုင်းကနိုင်းမြို့ ၎င်းတစ်မြို့တည်းကိုသာ တည်ထောင်သည်။ သမလမင်းကသည် သုရှင်တကာရွတ်ပိအထိ၌ စိုးစံကြသည့် မင်းပေါင်း(၁၀)ဆက်တည် ထောင်သော ဟံသာဝတီမြို့ရံပေါင်း ၃၂ကို တည်ထောင်သမုတ်ထားကြောင်း ဖော်ပြလေသည်။
ကိုးကား |
Portal di Ensiklopedia Dunia