အကူအညီ:စတိုင်လက်စွဲ မိတ်ဆက်/၁


စတိုင်လက်စွဲ
ကျယ်ပြောတဲ့ ရင်းမြစ်တစ်ခု

ဆောင်းပါး အပိုင်းများ
ဆောင်းပါးကို ဖတ်ရှုရလွယ်စေဖို့

ပုံများနှင့် ကိုးကားများ
စာတွေကို ပိုကောင်းအောင်

ချိတ်ဆက်ခြင်း
စွယ်စုံကျမ်းကို အတူ ချိတ်ဆက်စည်းနှောင်ဖို့

ညီညွတ်ခြင်း
စဉ်းစားရမယ့် နောက်ဆုံးအချက်တွေ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



Bookshelf with full set of Encyclopaedia Britannica volumes
We're working on shortening the MoS ... really.

စတိုင်လက်စွဲ (Manual of Style အတိုကောက် MoS သို့မဟုတ် MOS) ဆိုတာက ဝီကီပီးဒီးယားဆောင်းပါးတွေကို တစ်ပြေးညီစံဖြစ်အောင် ဘယ်လိုပုံစံချမလဲဆိုတဲ့ ထဲထဲဝင်ဝင်ဖော်ပြထားတဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာခြင်းက စွယ်စုံကျမ်းကို ရှင်းလင်းစေဖို့၊ တညီတညွတ်တည်း ဖြစ်စေဖို့နဲ့ တည်ငြိမ်စေဖို့ ကူညီပေးပါတယ်။


အလွယ်ကူဆုံးနည်းလမ်းကတော့ ပုံစံတကျရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရှာပြီး သူ့ရဲ့ ပုံစံချထားတွေကို ကူးယူတာပါပဲ။ ဒါပေမယ့် ပုံစံချတာနဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေကို သိလိုသေးတယ်ဆိုရင် MoSမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ (သူ့ရဲ့ မာတိကာကို ဒီနေရာကနေ ရှာဖွေနိုင်ပါတယ်)။


စတိုင်လက်စွဲက လမ်းညွှန်ချက်တစ်ခုဖြစ်တယ်ဆိုတာ မှတ်သားထားပါ။ အကုန်လုံးကို အလွတ်မှတ်ထားနေဖို့ မလိုပါဘူး။ ပုံစံချတာပတ်သက်ပြီး မသေချာလို့ သိချင်တာပဲဖြစ်ဖြစ်၊ အခြားတည်းဖြတ်သူတစ်ယောက်နဲ့ ပုံစံချခြင်းအတွက် သဘောမတူတာတွေ ရှိလာတာပဲဖြစ်ဖြစ် စတိုင်လက်စွဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


ပုံစံချတာထက် ပါဝင်အကြောင်းအရာက ပိုအရေးကြီးပါတယ်။ သံသယရှိတယ်ဆိုရင် အခြားတည်းဖြတ်သူတွေက အကူအညီပေးပါလိမ့်မယ်။ (အလားတူ သင့်အရေးအသားကို အခြားသူတွေက ပုံစံချပြီး ဝင်ရောက်ကူညီတဲ့အခါမှာ ရိုးသားစွာ ပြုမူ ဆက်ဆံပါ






Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya