အကူအညီ:နောက်ပြန်ပြင်ခြင်းစာမျက်နှာ တစ်ခုကို တစ်ခါပြင်ပြီးတိုင်းတွင် တည်းဖြတ်မှု မူအဟောင်းအားလုံးကို ရာဇဝင်ကြည့်ရန်တွင် သိမ်းဆည်းထားပေးသည်။ သင့်အနေဖြင့် မူအဟောင်းတစ်ခုကို ပြန်လည်ရယူလိုပါက ရယူနိုင်ပါသည်။ ၎င်းနည်းကို စာမျက်နှာအား ဖျက်မိခြင်း၊ သို့ အခြားအရာများ ပေါင်းထည့်ခြင်း၊ ဖယ်ရှားခံရခြင်းများတွင် သင်အသုံးပြုနိုင်ပါသည်။ ၎င်းပြင်ခြင်းကို တည်းဖြတ်မှု မူအဟောင်းကို နောက်ပြန်ပြင်ခြင်း ဟုခေါ်သည်။ တည်းဖြတ်မှု မူအဟောင်းကို နောက်ပြန်ပြင်နိုင်ရန်အတွက်:
"Warning: You are editing an out-of-date revision of this page. If you save it, any changes made since this revision will be lost." သတိပေးချက်ကို ပြသပါလိမ့်မည်။
နောက်ပြန် ပြင်ခြင်းနှင့် ပြောင်းလဲခြင်းမူဝါဒနောက်ပြန်ပြင်ခြင်းသည် ပြောင်းလဲမှု သဘောထားကွဲလွဲခြင်းကို မဖြစ်ပေါ်စေပါ။ မိမိနှင့် အခြားသူတစ်ဦးတစ်ယောက်သည် တူညီသော ဆောင်းပါအား တစ်ချိန်တည်း တည်းဖြတ်ချိန်တွင် ထိုသူ၏ အပြောင်းအလဲများကို သင်က သိရှိခြင်းမရှိဘဲ ထပ်မံရေးသားနိုင်ပါသည်။ တစ်ချိန်တည်း လူပေါင်းများစွာ ရေသားနေချိန်၌ စာမျက်နှာများအား နောက်ပြန်ပြင်ခြင်းကို သတိနှင့် ပြင်ဆင်သင့်ပါသည်။
'Undo'မီဒီယာဝီကီ၏နောက်ဆုံးဗားရှင်းက ဆောင်းပါးရေးသားသူတစ်ဦးကို အထောက်အကူဖြစ်စေမည့် ပြောင်းလဲမှုများလုံးကို နောက်ပြန် ပြန်ပြင်ရန်အတွက် ခွင့်ပြုထားသည်။ ၎င်းကိုအသုံးချရန်အတွက်ကား ပြင်ဆင်ရန်အတွက် ယခုမတိုင်မီကို နှိပ်ပါ၊ ထို့နောက် မူအသစ်ပေါ်ရှိ နောက်ပြန် ပြန်ပြင်ရန် ဆိုသည်ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် မလိုလားအပ်သည့် ပြင်ဆင်မှုများကို ဖယ်ရှားကာ နောက်ဆုံးတည်းဖြတ်မှုများပြန်လည် ပါဝင်သည့်စာမျက်နှာတစ်ခုကို ဖန်တီးရန်ကြိုးစားလိမ့်မည်။ ထိုနေရာတွင် တည်းဖြတ်မှု အကျဉ်းချုပ်ကို ပြုလုပ်ထားနှင့်ပြီးဖြစ်သည်။ သို့သော် ယင်းအကျဉ်းချုပ်သည် ပြောင်းလဲသွားနိုင်သည်။ ၎င်းသည် စာမျက်နှာအား သိမ်းဆည်းမှုမတိုင်မှီ ပြောင်းလဲမှုများစွာကိုလည်း ပြုလုပ်နိုင်သေးသည်။ နောက်ပြန် ပြန်ပြင်ခြင်း တိုက်ပွဲများ |
Portal di Ensiklopedia Dunia