အကူအညီ:မိတ်ဆက်/အားလုံးဝီကီပီးဒီးယား က ကြိုဆိုပါတယ်။ မည်သည့်စာမျက်နှာတိုင်းနီးပါးကို မည်သူမဆို တည်းဖြတ်ပြင်ဆင်နိုင်ပါတယ်။ ပါဝင်ပံ့ပိုးပေးဖို့ စိတ်ပါဝင်စားတဲ့ လူသစ်တွေအတွက် ရည်ရွယ်ထားတဲ့ သင်ခန်းစာတွေကို ဤစာမျက်နှာမှာ စုစည်းထားပါတယ်။ အခြေခံအားလုံးကို လွှမ်းခြုံနိုင်တဲ့ သင်ခန်းစာတွေဖြစ်ပြီး လမ်းညွှန်တွေ၊ သုံးသပ်ချက်ပေးဖို့နဲ့ ဝီကီပီးဒီးယား ဆောင်းပါးတွေ ရေးသားနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျွမ်းကျင်တဲ့ ဝီကီပီးဒီးယန်းတစ်ယောက်ဖြစ်ဖို့အတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ မိတ်ဆက်ခြင်း စတင်ရန်
ဝီကီပီးဒီးယားက အခမဲ့ စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး အသုံးပြုတဲ့သူတွေကပဲ ပူးပေါင်း ရေးသားထားကြတာပါ။ ၂၀၀၁ ခုနှစ်ကနေ စတင်ခဲ့ပြီးတော့ အခုအခါမှာ အလျင်အမြန် ကြီးထွားလာပြီး ကမ္ဘာ့အကြီးဆုံး ရည်ညွှန်းဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါပြီ။ လတ်တလော မြန်မာဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၉၁၇၆ ရှိနေပြီး လစဉ် ဝင်ရောက်ကြည့်ရှုမှုသန်းချီ ရှိနေပါတယ်။ ပရောဂျက်အကြောင်း အသေးစိတ် သိရှိနိုင်ဖို့ ဝီကီပီးဒီးယား အကြောင်းကို ဖတ်ရှုပေးပါ။
ဘယ်လို ပါဝင်ပံ့ပိုးနိုင်သလဲ![]() တည်းဖြတ်ဖို့အတွက် ကြောက်မနေပါနဲ့ – စာမျက်နှာတိုင်းနီးပါးကို မည်သူမဆို ပြင်ဆင်တည်းဖြတ်နိုင်ပါတယ်။ သင့်အနေနဲ့ အကြောင်းအရာတွေထည့်သွင်းတာ (ကိုးကားတွေနဲ့)၊ ပုံတွေတင်တာ၊ စာလုံးပေါင်းနဲ့ သဒ္ဒါအမှားတွေ ပြင်ဆင်တာ၊ ဖတ်လို့ကောင်းအောင် ပြင်ဆင်တာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ လူသစ်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒများကြောင့် အနည်းငယ် ထိတ်လန့်တတ်ကြမယ့် အစောပိုင်းမှာ အကုန်လုံးကို နားမလည်သေးပေမယ့် စိတ်ပူမနေပါနဲ့။ တည်းဖြတ်ပြင်ဆင်မှုကို သာမန်လိုပဲ သဘောထားပြီး ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့များ တစ်ခုခု မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် အခြားတည်းဖြတ်သူ တစ်ဦးဦးကနေ ပြန်လည်ပြင်ဆင်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ရှေ့ဆက်လုပ်ပါ၊ ဆောင်းပါးတစ်ပုဒ်ကို တည်းဖြတ်ပြင်ဆင်ပြီး ဝီကီပီးဒီးယားကို ကမ္ဘာ့အကောင်းဆုံး သတင်းအချက်အလက် ရင်းမြစ်ဖြစ်အောင် ကူညီလိုက်ပါ။ အကြံပြုဆွေးနွေးခြင်း – ဆောင်းပါးတိုင်းမှာ သက်ဆိုင်ရာ "ဆွေးနွေးချက်" စာမျက်နှာတွေရှိပြီး ဆောင်းပါးကို ပိုမိုကောင်းမွန်အောင် အကြံပြုဆွေးနွေးနိုင်ပါတယ်။ လှူဒါန်းမှု – ဝီကီပီးဒီးယားကို အခမဲ့အသုံးပြုနိုင်ပြီး စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းတည်းဖြတ်ပြင်ဆင်ပေးနေတာပါ။ ဒါပေမယ့် ဆာဗာတွေ ဆက်လက်အလုပ်လုပ်နိုင်ဖို့ လှူဒါန်းမှုတွေပေါ်မှာ မှီခိုနေရတာပါ။ ကျေးဇူးပြုပြီး ပရောဂျက် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကုန်ကျစရိတ်တွေအတွက် လှူဒါန်းခြင်းဖြင့် ကူညီနိုင်ပါတယ်။
အကောင့်တစ်ခုဖွင့်လိုက်ပါအမည်မဖော်ဘဲ တည်းဖြတ်လို့လဲရပါတယ်။ ဒါပေမယ့် အကောင့်တစ်ခု မှတ်ပုံတင်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေရှိပါသေးတယ်။
အခုပဲ တည်းဖြတ်တာကို စမ်းလုပ်ကြည့်ရအောင်တည်းဖြတ်ခြင်းက ဘယ်လိုနေသလဲဆိုတာကို စမ်းကြည့်နိုင်ဖို့ အောက်က "sandbox" စမ်းသပ်စာမျက်နှာတစ်ခုခုကို နှိပ်ပြီး ပြင်ဆင်ကြည့်ပါ။ စာသား အချို့ ရိုက်ထည့်ပြီး ကြည့်ရှုရ အဆင်ပြေပြီဆိုရင် ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်ပါ။ တစ်ခုခု ပျက်စီးသွားမှာကို မစိုးရိမ်ပါနဲ့။ အဲဒီစာမျက်နှာတွေက စမ်းသပ်ဖို့ လုပ်ထားတာပါ။
နောက်ကွယ်မှာ အများကြီး ရှိပါသေးတယ်ဝီကီပီးဒီးယားမှာ ဆောင်းပါးစာမျက်နှာတွေအပြင် နောက်ကွယ်မှာ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ စာမျက်နှာတွေ အများကြီး ရှိပါသေးတယ်။ WikiProjects – Special-interest editor communities
မူဝါဒများနှင့် လမ်းညွှန်ချက်များဝီကီပီးဒီးယားမှာ တင်းကြပ်တဲ့ စည်းကမ်း အနည်းငယ်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီစည်းကမ်းတွေဟာ အဓိက မဏ္ဍိုင်ကြီး ငါးခုအပေါ်မှာ အခြေတည်ထားတာပါ။ ဝီကီပီးဒီးယားရဲ့ မူဝါဒများ နှင့် လမ်းညွှန်ချက်များကို ဝီကီအသုံးပြုသူ အသိုင်းအဝိုင်းကနေ ရေးဆွဲထားတာဖြစ်ပြီး အဲဒီ မဏ္ဍိုင်ကြီးတွေကို ရှင်းလင်းဖော်ပြနိုင်ဖို့နဲ့ အကောင်းဆုံး ဘယ်လိုလိုက်နာကျင့်ကြံကြမလဲ၊ ပဋိပက္ခတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေနဲ့ လွတ်လပ်ပြီး အားကိုးအားထားပြုနိုင်တဲ့ စွယ်စုံကျမ်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
![]() မူဝါဒများဆိုတာကတော့ ဝီကီပီးဒီးယားရဲ့ အခြေခံနိယာမတွေကို အသေးစိတ်ဖော်ပြထားတာဖြစ်ပြီး လမ်းညွှန်ချက်များဆိုတာကတော့ မူဝါဒတွေကို ဘယ်လို အသုံးချမယ်ဆိုတာနဲ့ ဆောင်းပါးတွေအပေါ်မှာ တပြေးညီဖြစ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဖော်ပြထားတာပါ။ မူဝါဒများနဲ့ လမ်းညွှန်ချက်တွေရဲ့ စာမျက်နှာထိပ်ဆုံးမှာ အသိပေးချက်တစ်ခု ရှိနေပြီး စာမျက်နှာအမည်ရဲ့ ရှေ့မှာ "ဝီကီပီးဒီးယား:" ဒါမှမဟုတ် "WP:" ဆိုတဲ့ ရှေ့ဆက်စကားစု ပါဝင်ပါတယ်။ စဉ်းစားလို့ရနိုင်သမျှ ပြဿနာတွေတိုင်းအတွက် မူဝါဒတစ်ခု ဒါမှမဟုတ် လမ်းညွှန်ချက်တစ်ခု ရှိနေပေမယ့်လည်း အားလုံးကို ဘယ်သူမှ အကုန်သိမနေနိုင်ပါဘူး။ နောက်လာမယ့် စာမျက်နှာတွေဟာ အရေးပါတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်အများစုကို ဖော်ပြပေးထားပါတယ်။ အဲဒီအခြေခံတွေ သိထားမယ်ဆိုရင် ဆွေးနွေးခြင်းနဲ့ တည်းဖြတ်ခြင်းက ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ အကြောင်းအရာများဝီကီပီးဒီးယားက စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး ဝိုင်းဝန်းတည်းဖြတ်ကြတဲ့ အသိုင်းအဝိုင်းက တိကျမှုရှိအောင် အမြဲတမ်း အပြင်းအထန် ကြိုးပမ်းနေကြတာပါ။ ဆောင်းပါးများဟာ မျှမျှတတ ဖြစ်သင့်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ ဖော်ပြထားတဲ့ စိစစ်အတည်ပြုနိုင်တဲ့ အချက်အလက်တွေသာလျှင် ပါဝင်သင့်ပါတယ်။
အပြုအမူ![]() ဝီကီပီးဒီးယားပေါ်မှာ စာရေးသားခြင်းက ပူးပေါင်းဆောင်ရွက်မှု အားကောင်းပါတယ်။ တခြားတည်းဖြတ်သူတွေနဲ့ ဘယ်လိုယှဉ်တွဲ ဆက်ဆံမလဲဆိုတာအတွက် စတင်လေ့လာဖို့ကောင်းတဲ့ အချက်နှစ်ချက်ရှိပြီး သတ္တိရှိဖို့နဲ့ နိုင်ငံကြီးသား ပီသဖို့ပဲ ဖြစ်ပါတယ်။
တည်းဖြတ်ခြင်းA note about editing on mobile devices: Most Wikipedians prefer to edit from a computer, as the editing interface works better there. You can edit from a mobile device, though. See this page for more information. ![]() ဝီကီပီးဒီးယားကို ကိုယ်ပိုင်ဘာသာစကားဖြစ်တဲ့ Wiki markup (Wikitext ဟုလည်းခေါ်) ဖြင့် ပုံစံချ ပြင်ဆင်ထားပါတယ်။ ယင်း၏ အခြေခံကို လေ့လာရန်အတွက် အလွန်လွယ်ကူပါတယ်။
![]() သင့်အနေနဲ့ မျက်မြင်တည်းဖြတ် (VisualEditor) ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ VisualEditor က အသုံးပြုဖို့ ပိုမိုရိုးရှင်းပြီး ရင်းမြစ်တည်းဖြတ် (Source Editor) ကတော့ အချို့နေရာတွေမှာ ပိုပြီး အကျိုးရှိပါတယ်။ တည်းဖြတ်နေဆဲအချိန်မှာ သူတို့နှစ်ခုကို ညာဖက်မှာ ပြထားသလို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
စာမျက်နှာတစ်ခုကို Wiki markup အသုံးပြုပြီး ကြည့်ရှုဖို့နဲ့ ပြင်ဆင်ဖို့အတွက် မည်သည့်စာမျက်နှာမဆိုရဲ့ အပေါ်ဖက်မှာရှိတဲ့ ပြင်ဆင်ရန် (Edit source) ကို နှိပ်ပါ။ အဲဒီလိုလုပ်လိုက်ရင် သင်ထည့်သွင်းလိုတဲ့ စာသားကို စာရိုက်ပြီး ရေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေ ပြင်ဆင်ဖို့နဲ့ ပုံတွေ၊ ဇယားတွေ ထည့်သွင်းဖို့ wiki markup ကိုသုံးပြီး ပြင်ဆင်နိုင်မှာပါ။
ပုံစံချခြင်း![]() ဆောင်းပါးအများစုကတော့ စာသား ပုံစံချခြင်းအနည်းအကျဉ်းပဲ လိုတာပါ။ စာသားရဲ့ တစ်ဖက်တစ်ချက်မှာ သင်္ကေတတွေ ချရေးခြင်းက ပုံစံချခြင်းအားလုံးကို ဖန်တီးပေးပါတယ်။ markup ကို သည်အတိုင်း ရေးချနိုင်သလို တည်းဖြတ်ဧရိယာ အပေါ်မှာရှိတဲ့ ကိရိယာဘားကနေလည်း ထည့်သွင်းနိုင်ပါတယ်။
"အဆင့် ၂" ကို ရွေးချယ်ခြင်းက စာသားတွေကို စာမျက်နှာတွေမှာ အပိုဒ်ခွဲတွေ အနေနဲ့ အများဆုံး အသုံးပြုတဲ့ပင်မခေါင်းစဉ်အဖြစ် ပုံစံချပေးမှာ ဖြစ်ပါတယ်။
အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များဝီကီလင့်ခ်တွေ (Wikilinks) ဟာ ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဝီကီလင့်ခ်တွေက စာမျက်နှာတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပြီး စွယ်စုံကျမ်းတစ်ခုလုံးကို အချင်းချင်း ချည်နှောင်ထားတာပါ။
စာရိုက်တဲ့ပုံစံအနေနဲ့ ဝီကီလင့်ခ်တွေဟာ ဒီလို
ပြောင်းလဲမှုများကို သိမ်းဆည်းခြင်းအကျဉ်းချုပ် - ☐ အရေးမကြီးသော ပြင်ဆင်မှု ဖြစ်သည် ☑ ဤစာမျက်နှာကို စောင့်ကြည့်ရန် ဤပြောင်းလဲချက်များကို သိမ်းဆည်းခြင်းဖြင့် သင်သည် အသုံးပြုခြင်းဆိုင်ရာ သိမှတ်စရာများကို သဘောတူညီပြီး ဖြစ်ပြီး၊ သင့်ဆောင်ရွက်ချက်များအား CC BY-SA 4.0 လိုင်စင်နှင့် GFDL လိုင်စင်များဖြင့် ဖြန့်ချိခြင်းကို ယတိပြတ် သဘောတူသည်။ hyperlink သို့မဟုတ် URL သည်လည်း Creative Commons လိုင်စင်အောက်တွင် လုံလောက်သော ဖြန့်ချိမှုဖြစ်ကြောင်းကိုလည်း သဘောတူညီသည်။
မလုပ်တော့ပါ
ဆောင်းပါးသစ်များ ဖန်တီးခြင်း![]() ဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၉၁၇၆ ရှိပါပြီ။ သင့်အနေနဲ့ ရှိနှင့်ပြီး စာမျက်နှာတွေကို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်းတွေကို အချိန်တော်တော်များများမှာ လုပ်ခဲ့နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဆောင်းပါးအသစ်တစ်ပုဒ်ကိုတော့ သင် ဖန်တီးလိုကောင်း လိုနိုင်ပါတယ်။ အဲလိုမလုပ်ခင်မှာ သင့်အနေနဲ့ သိသင့်ထားတဲ့ သတ်မှတ်ချက်သုံးခု ရှိနေပါတယ်။ ထင်ရှားအရေးပါမှုအကြောင်းအရာက ထင်ရှားအရေးပါရဲ့လား။ ခေါင်းစဉ်အကြောင်းအရာတွေဟာ ဝီကီပီးဒီးယားမှာ ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ အရေးပါမှု ရှိဖို့လိုပါတယ်။ ဆိုလိုတာက အကြောင်းအရာနဲ့ နှီးနွယ်ခြင်းမရှိတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေနဲ့ စာအုပ်တွေလိုမျိုး လွတ်လပ်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ အကြောင်းအရာတစ်ခုကို လုံလုံလောက်လောက် လွှမ်းခြုံဖော်ပြထားတာမျိုး ရှိရပါမယ်။ ခိုင်လုံတဲ့ ရင်းမြစ်များအခိုင်အမာ ပြောဆိုတာတွေအတွက် ခိုင်လုံပြီး စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေရှိပြီလား။ ဆောင်းပါးတစ်ပုဒ်ကို စမရေးခင်မှာ လွတ်လပ်တဲ့၊ ခိုင်လုံတဲ့၊ စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေကို ကိုးကားအဖြစ် အသုံးပြုနိုင်ဖို့ ကြိုတင်စုဆောင်းထားတာ အကောင်းဆုံးပါ။ အဲဒါဟာ ဝီကီပီးဒီးယားရဲ့ အကြောင်းအရာတွေဟာ တိကျ၊ ခိုင်လုံ၊ စိစစ်အတည်ပြုနိုင်ပြီး ယုံကြည်စိတ်ချနိုင်အောင်အတွက် မရှိမဖြစ် အရေးပါ ပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်းသင့်မှာ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်းတွေ (Conflicts of interest) ရှိနေသလား။ It is best to avoid writing articles about သင့်အကြောင်း၊ သင့်ကုမ္ပဏီအကြောင်း၊ ဒါမှမဟုတ် သင်ရင်းနှီးတဲ့ တစ်စုံတစ်ဦးအကြောင်းကို ဆောင်းပါးအဖြစ် ရေးသားတာကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အကြောင်းအရာတွေမှာ ဘက်လိုက်မှုတွေ ရှောင်နိုင်ဖို့ ခက်ခဲပြီး ဘက်မလိုက်တဲ့ အမြင် နဲ့ ရေးဖို့လဲ ခက်နိုင်ပါတယ်။ သင့်အကြောင်းဆောင်းပါးကို သင်ကိုယ်တိုင်မရေးနိုင်ပေမယ့် တစ်စုံတစ်ယောက်က ရေးပေးနိုင်ဖို့အတွက် ခိုင်လုံတဲ့ ရင်းမြစ်တွေကို ပေးပြီး ဆောင်းပါးရေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။ စာမျက်နှာအသစ်တစ်ခုကို ဘယ်ကနေ စမလဲဆောင်းပါးအသစ်တစ်ပုဒ်ကို Sandbox ဒါမှမဟုတ် ကိုယ်ပိုင် sandbox မှာ စတင်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက သင့်ဆောင်းပါးကို ဝီကီပီးဒီးယားရဲ့ ပင်မအမည်ညွှန်းထဲကို မရွှေ့ပြောင်းမီမှာ ပြင်ဆင်ရေးသား တည်းဖြတ်နိုင်ပါတယ်။
ကိုးကားထည့်ခြင်းစိစစ်အတည်ပြုခံနိုင်မှု![]() ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ မူဝါဒတစ်ခုက ဆောင်းပါးတွေအားလုံးရဲ့ အကြောင်းအရာတွေဟာ စိစစ်အတည်ပြုခံနိုင်မှု ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခိုင်လုံတဲ့ ရင်းမြစ်တွေက အကြောင်းအရာကို မှန်ကန်ကြောင်း ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြောဆိုချက်တွေအပါအဝင် မည်သည့်အကြောင်းအရာမဆို စောဒကတက်ခြင်း ခံရနိုင်ပြီး သက်ရှိပုဂ္ဂိုလ်များရဲ့ အငြင်းပွားဖွယ်ရာ အချက်အလက်တွေ (ကောင်းခြင်း၊ ဆိုးခြင်း သို့မဟုတ် ဘက်မလိုက်သော ဖော်ပြချက်) အတွက် အကြောင်းအရာကို တိုက်ရိုက် ထောက်ပံ့ဖော်ပြပေးနိုင်တဲ့ ရင်းမြစ်တစ်ခုဆီက ကိုးကားချက် တစ်ခု မဖြစ်မနေ ထည့်ပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်ခြင်းက ဝီကီပီးဒီးယားဟာ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ဖြန့်ချိခြင်းမရှိတဲ့ အကြောင်းအရာတွေကို သိမ်းဆည်းတဲ့နေရာ မဟုတ်ဘူးဆိုတာကို ဆိုလိုတာနဲ့ အတူတူပါပဲ။
စာကြောင်း ကိုးကားချက်များကိုးကားစာကြောင်းတွေက ပုံမှန်စာလုံးတွေထက် အနည်းငယ် အရွယ်သေးလေ့ရှိပြီး အောက်ခြေမှတ်စုအနေနဲ့ နံပါတ်စဉ်ထိုးထားလေ့ ရှိပါတယ်။ ဒီလိုပုံစံမျိုးပါ[၁] အဲဒီကိုးကားတွေဟာ သူတို့ ထောက်ပံ့တဲ့ အချက်အလက်နောက်မှာ တိုက်ရိုက် ဒါမှမဟုတ် ထောက်ပံ့ပေးတဲ့ အချက်အလက် စာကြောင်း အဆုံးမှာ ထည့်သွင်းလေ့ရှိပါတယ်။ နှိပ်ကြည့်လိုက်မယ်ဆိုရင် ဆောင်းပါးရဲ့ အောက်ဆုံးအပိုင်းမှာရှိတဲ့ ကိုးကားအပိုင်းထဲက ကိုကားထားတဲ့ ရင်းမြစ်ဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
== ကိုးကား == {{reflist}}
ကိုးကား
RefToolbar![]() ကိုးကားချက်တွေကို ဒီအတိုင်း စာရိုက်ပြီး ထည့်ရတာ ကြာပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ ကံကောင်းထောက်မစွာပဲ ဝီကီပီးဒီးယား တည်းဖြတ်အကွက်မှာ "RefToolbar" လို့ခေါ်တဲ့ ကိရိယာလေးရှိနေပြီး ယင်းကိုသုံးပြီး ကိုးကားထည့်ရင် ပိုမိုလွယ်ကူပါတယ်။
ယုံကြည်စိတ်ချရသော ရင်းမြစ်များ![]() ဆောင်းပါးတစ်ခုထဲမှာ ပါဝင်နေတဲ့ အချက်အလက်တွေကို တိုက်ရိုက် ထောက်ပံ့ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့၊ ထုတ်ဝေဖြန့်ချိပြီးတဲ့ ရင်းမြစ်တွေ လိုအပ်ပါတယ်။ ဆောင်းပါးတစ်ခုထဲကို ကိုးကားရင်းမြစ်တွေ ဘယ်လိုထည့်ရမလဲဆိုတာ အခု သင် သိသွားပြီဆိုတော့ ဘယ်လိုရင်းမြစ်တွေကို အသုံးပြုသင့်သလဲဆိုတာ ဆက်လက်ပြောပြသွားပါမယ်
ပုံများ
![]() ပုံတစ်ပုံကို ဝီကီပီးဒီးယားတွင် အသုံးပြုနိုင်ရန် ပထမဦးစွာ upload တင်ရန် လိုအပ်သည်။ သို့သော် မည်သည့်ပုံများအား ဝီကီပီးဒီးယားမှ လက်ခံသည်ဆိုရာတွင် အရေးကြီးသော ကန့်သတ်ချက်များ ရှိနေပါသည်။ ဤကျူတိုရီရယ်သည် သင့်အား သက်ဆိုင်သည့် စည်းကမ်းများနှင့် လမ်းညွှန်ချက်များကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။
ပုံများတင်ခြင်းဝီကီပီးဒီးယား၏ ရည်ရွယ်ချက်မှာ အခမဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ရန် ဖြစ်သည်။ ကြည့်ရှုနိုင်ရန်အတွက် ငွေကြေးမကုန်ကျနိုင်ခြင်း အတွက်သာမကပဲ အသုံးပြုသူများကို ဝီကီပီးဒီးယား၏ အကြောင်းအရာများအား သူတို့၏ ဖန်တီးမှုများ (စီးပွားရေးဆိုင်ရာများတွင် အပါအဝင်)တွင် credit ပေးပြီး ပြင်ဆင်မှုများကို တူညီသည့် လွတ်လပ်လိုင်စင်ဖြင့် ထုတ်ပြန်ခြင်းဖြင့် လွတ်လပ်စွာ အသုံးပြုနိုင်စေရန် ဖြစ်သည်။ ထို့အတွက်ကြောင့် ဝီကီပီးဒီးယားတွင် အသုံးပြုသည့် ပုံများသည် အခြားသူများအား အသုံးပြုနိုင်စေရန် မူပိုင်ခွင့် ကင်းလွတ်နေသင့်သည်။ အင်တာနက်ပေါ်တွင် တွေ့ရှိနိုင်သည့် ပုံများသည် များသောအားဖြင့် မူပိုင်ခွင့် ကင်းလွတ်နေခြင်း မရှိသည့်အတွက် ယင်းတို့ကို ဝီကီပီးဒီးယားပေါ်တွင် လက်ခံလေ့မရှိပါ။
တို့အား ခွင့်ပြုထားရမည်။ သင်သည် သင်ကိုယ်တိုင်ဖန်တီးထားသော ပုံတစ်ပုံအား ထောက်ပံ့ပါဝင်မည်ဆိုပါက Creative Commons Attribution-ShareAlike license ဖြင့် လွယ်ကူစွာ ဖြန့်ချိနိုင်ပါသည်။ ဤသည်မှာ ဝီကီပီးဒီးယားတွင် စာသားများအား ထည့်သွင်းရေးသားရာတွင် အသုံးပြုသည့် လိုင်စင်နှင့် အတူတူပင်ဖြစ်ပြီး ပြန်လည်အသုံးပြုသူများအနေဖြင့် သင့်အား credit ပေးကာ ရည်ညွှန်းပေးရန် လိုအပ်သည်။ သင့်အနေဖြင့် အခြားသော လွတ်လပ်လိုင်စင်များကို ဖိုင်တင်သည့် ဖောင်တွင် ရွေးချယ်နိုင်ပါသေးသည်။ အကယ်၍ သင့်ပုံထဲတွင် အခြားသော ပုဂ္ဂိုလ်တစ်ဦးဦး၏ မူပိုင်ခွင့်ရှိ ဖန်တီးမှု (မတော်တဆ မဟုတ်ဘဲ) ပါဝင်နေပါက သင့်တွင် ယင်းပုံအား အခမဲ့လွတ်လပ်လိုင်စင်ဖြင့် ဖြန့်ချိနိုင်ခြင်းမရှိသည်ကို သတိပြုပါ။
ပုံတစ်ပုံ အသုံးပြုခြင်းတစ်ခါတစ်ရံတွင် အကြောင်းအရာသီးသန့် တစ်ခုအတွက် လွတ်လပ်သည့် ပုံတစ်ပုံရှိမနေနိုင်ပါ။ သို့အတွက်ကြောင့် မြန်မာဝီကီပီးဒီးယားသည် သီးသန့်အခြေအနေများတွင် အခမဲ့မဟုတ်သော အကြောင်းအရာ (non-free content) များကို ကန့်သတ်အရေအတွက်ဖြင့် ခွင့်ပြုထားသည်။ နမူနာပြရသော် စာအုပ်မျက်နှာဖုံးများ၊ ဂီတနှင့် ဗီဒီယိုဂိမ်း မျက်နှာဖုံးကာဗာများ၊ အဖွဲ့အစည်းလိုဂိုများ၊ ဆော့ဖ်ဝဲလ် သို့မဟုတ် ဝက်ဘ်စာမျက်နှာများ၏ screenshot များ စသည်တို့ ဖြစ်သည်။ အခမဲ့မဟုတ်သော အကြောင်းအရာများအား အနည်းဆုံး ပမာဏဖြင့် ထိန်းသိမ်းရန်အတွက် ဝီကီပီးဒီးယား၏ သတ်မှတ်ချက်များသည် ပိုမိုတင်းကြပ်သော်လည်း ဤသည်မှာ ဥပဒေကြောင်းအရ တရားမျှတစွာ အသုံးပြုခြင်း ဖြစ်သည်။
ဇယားများ![]()
ဇယားများ တည်းဖြတ်ခြင်းဇယားအသစ်ထည့်တာပဲ ဖြစ်ဖြစ်၊ ရှိပြီးသားကို တည်းဖြတ်တာပဲဖြစ်ဖြစ်၊ ဇယားကွက်ထဲက စာသားတွေအပြောင်းအလဲက စာဖတ်သူကို ဘယ်လိုပုံစံနဲ့ ပြမလဲဆိုတာ ဆုံးဖြတ်ပေးပါတယ်။ ဒါပေမယ့် စာသားပြောင်းတာတင်မကဘဲ လုပ်လို့ရပါသေးတယ်။ ဇယားတစ်ခုမှာ အောက်ပါ အခြေခံအစိတ်အပိုင်းတွေ ပါဝင်ပြီး အားလုံးကို သင် ပြင်ဆင်နိုင်ပါတယ်။
Layoutရှိပြီးသား ဇယားတစ်ခုကို တည်းဖြတ်တဲ့အခါမှာ အောက်ပါ ပုံစံနှစ်မျိုးကို တွေ့မြင်ရနိုင်ပါတယ်။
စာဖတ်သူတွေအတွက် အထက်ပါ ပုံစံနှစ်မျိုးစလုံးက အတူတူပဲ ပြသပေးမှာပါ။
ဇယားများ ချဲ့ကားခြင်းဒါက ရှိနှင့်ပြီးသား ဇယားကွက်မှာ ကော်လံအသစ်တစ်ခု၊ ဒါမှမဟုတ် အတန်းတစ်ခု ထပ်တိုးတဲ့နေရာမျိုးမှာ သုံးတဲ့ပုံစံဖြစ်ပါတယ်။
အတန်းသစ်တစ်ခု ထပ်တိုးခြင်းဇယားတစ်ခုတွင်းမှာ အတန်းသစ်တစ်ခု ထပ်တိုးဖို့အတွက် အတန်းခြားတစ်ခုနဲ့ တခြားအတန်းက ဇယားကွက် အရေအတွက် တူတူ ထပ်ဖြည့်ဖို့ လိုပါတယ်။
ကော်လံသစ်တစ်ခု ထပ်တိုးခြင်းဇယားတစ်ခုမှာ ကော်လံတစ်ခု ထပ်တိုးဖို့ဆိုရင် အတန်းတစ်ခုစီမှာ ဇယားကွက်တစ်ခုစီ ထပ်ဖြည့်ရမှာ ဖြစ်ပါတယ်။
ပြောင်းလဲမှုများ နမူနာကြည့်ခြင်းပြင်ဆင်ထားတာတွေကို နမူနာကြည့်ခြင်းက ဇယားတွေမှာ အထူးအရေးပါ ပါတယ်။ ဇယားကွက်ပုံစံ ပျက်စေနိုင်တဲ့ အမှားအသေးတွေ ဖြစ်ပေါ်စေနိုင်လို့ပါ။
ဆွေးနွေးချက် စာမျက်နှာများ
![]() ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်ပြီး သင့်တွင် မေးမြန်းစရာ၊ အလေးထားစရာ သို့မဟုတ် သုံးသပ်ချက်တစ်ခုခု ရှိပါက ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာ တွင် စာတိုရေးသားချန်ထားခဲ့နိုင်ပါသည်။
ဆွေးနွေးချက် စာမျက်နှာများ အသုံးပြုခြင်းဝီကီပီးဒီးယားတွင် ပါဝင်တည်းဖြတ်သူများ အားလုံးတွင် သူတို့၏ ကိုယ်ပိုင် အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ရှိကြသည်။ ထိုစာမျက်နှာတွင် မည်သူမဆို သင့်အတွက် စာတိုချန်ထားခဲ့နိုင်သည်။ သင့်အား မေးမြန်းခြင်း သို့မဟုတ် အကြံပြုခြင်းများကို ပြုလုပ်နိုင်သည်။ ထို့အပြင် အကူအညီ စာလွှာများ ချန်ထားခဲ့နိုင်သည့် အလိုအလျောက် အသုံးပြုသူ 'ဘော့' များလည်း ရှိသည်။
ပုံစံIndenting ခေါ် အင်တင်းခြင်းသည် ဆွေးနွေးချက် အသွင်အပြင်ကို တိုးတက်စေနိုင်ပြီး ဖတ်ရှုရာတွင် လွယ်ကူစေသည်။ သင်စာပြန်ကြားမည့် ပုဂ္ဂိုလ်၏ စာသားထက် တစ်ဆင့်နိမ့်ကာ အမြဲတမ်း စာလုံးနေရာချန်ထားရမည် ဖြစ်သည်။ အင်တင်းခြင်းအတွက် အကောင်းဆုံးနည်းလမ်းမှာ ကော်လံသင်္ကေတ (:) ကို စာကြောင်းထိပ်တွင် ထည့်သွင်း အသုံးပြုခြင်း ဖြစ်သည်။ ကော်လံသင်္ကေတများလေလေ စာသားသည် အတွင်းပိုရောက်လေလေ ဖြစ်သည်။
လမ်းညွှန်![]()
မြန်မာဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၉၁၇၆ ခု ရှိနေပါသည်။
အမည်ညွှန်းများဝီကီပီးဒီးယား၏ စာမျက်နှာများကို အမည်ညွှန်းများအဖြစ် ခွဲခြားထားသည်။ အမည်ညွှန်းတစ်ခုစီတွင် (ပင်မမှလွဲ၍) ရှေ့ဆက်စာလုံး ပါဝင်ပြီး စာမျက်နှာအမည်ရှေ့တွင် ကော်လံသင်္ကေတဖြင့် တွဲဖက်ထားသည်။
![]() အထူးစာမျက်နှာများမှလွဲ၍ အားလုံးသော အမည်ညွှန်းများတွင် ဆွေးနွေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာ ရှိသည်။ ထို့ကြောင့် သင်သည် မြန်မာနိုင်ငံ ဆောင်းပါးအတွက် Talk:မြန်မာနိုင်ငံတွင် လည်းကောင်း Wikipedia:ဆောင်းပါးခေါင်းစဉ်များအကြောင်းကို Wikipedia talk:ဆောင်းပါးခေါင်းစဉ်များတွင် လည်းကောင်း ဆွေးနွေးနိုင်သည်။ ပုံမှန်စာမျက်နှာနှင့် ဆွေးနွေးချက် စာမျက်နှာကို အပေါ်ဘယ်ဖက်ရှိ ခလုတ်များမှ တဆင့် သွားရောက်နိုင်သည်။
စာမျက်နှာများ ရှာဖွေခြင်း![]() ရှာဖွေရန် အကွက်သည် အပေါ်ညာဖက်တွင် ရှိပါသည်။ စတင်ရိုက်ထည့်လိုက်ပါက ယင်းသည် သင်ရှာဖွေနေသည်နှင့် တူညီသည်များကို ပြသပေးမည်ဖြစ်ပြီး — ရှာဖွေရလဒ်တစ်ခုအပေါ်တွင် ကလစ်နှိပ်ကာ ထိုစာမျက်နှာသို့ သွားရောက်နိုင်သည်။ အခြားနည်းလမ်းမှာ စာမျက်နှာ ခေါင်းစဉ်ကို ရိုက်ထည့်ကာ ↵ Enter နှိပ်လိုက်ပါက ထိုစာမျက်နှာသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။
![]() ရှာဖွေမှု စာမျက်နှာတွင် ကွဲပြားသော အမည်ညွှန်းများကိုလည်း ရွေးချယ်ရှာဖွေနိုင်သည်။ (မာတိကာ စာမျက်နှာများ၊ မာလတီမီဒီယာ၊ အားလုံး) သို့မဟုတ် အဆင့်မြင့် ရှာဖွေခြင်းများတွင် အလိုရှိရာ အမည်ညွှန်းကို ရွေးချယ် ရှာဖွေနိုင်ပါသည်။ ကဏ္ဍများရိုးရှင်းသော ကဏ္ဍတစ်ခု ပုံစံ
စာမျက်နှာရှာဖွေရှာတွင် အသုံးဝင်သည့် အခြားနည်းလမ်းတစ်ခုမှာ ဆက်စပ်မှုရှိသော စာမျက်နှာများကို အုပ်စုဖွဲ့ထားသည့် ကဏ္ဍများမှ ရှာဖွေခြင်း ဖြစ်သည်။ ကဏ္ဍများကို စာမျက်နှာတစ်ခု၏ အောက်ဆုံးတွင် စာရင်းထည့်ထားသည်ကို တွေ့နိုင်သည်။ ယင်းတို့သည် ယေဘုယျခေါင်းစဉ်မှသည် သီးခြားခေါင်းစဉ်ဆီသို့ အဆင့်ဆင့် ဖွဲ့စည်းထားသည်။ သို့အတွက် စာမျက်နှာတစ်ခုကို ပိုမိုတိကျသော ကဏ္ဍတစ်ခုတွင်းတွင် တွေ့ရှိနိုင်သည်။ ယေဘုယျအားဖြင့်
ပြန်ညွှန်းများနှင့် အတိုကောက်များပြန်ညွှန်းများ![]() ဝီကီပီးဒီးယားရှိ အချို့သော စာမျက်နှာများမှာ ပြန်ညွှန်းများ ဖြစ်ကြပြီး ယင်းတို့တွင် ကိုယ်ပိုင်အကြောင်းအရာများ မရှိကြပေ။ သို့သော် ယင်းတို့သည် သင့်အား အခြား စာမျက်နှာဆီသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဥပမာ ယူကေသည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ပြန်ညွှန်းထားသည်။ ထို့ကြောင့် ရှာဖွေအကွက်ထဲတွင်
အတိုကောက်များဝီကီပီးဒမန်းများသည် ရံဖန်ရံခါ ဝီကီပီးဒီးယား စာမျက်နှာများအား အတိုကောက်အမည်များဖြင့် ညွှန်းဆိုလေ့ရှိသည်။ ဝီကီပီးဒီးယား အမည်ညွှန်း ရှေ့ဆက်စာလုံး
အသုံးဝင်သော လင့်ခ်များအပေါ်ဆုံး၌သင်သည် log in ဝင်ထားပါက ညာထိပ်ပိုင်းတွင် အသုံးဝင်သောလင့်ခ်များကို မြင်ရမည်ဖြစ်သည်။
ဘယ်ဘက်တွင်![]() စာမျက်နှာတိုင်း၏ ဘယ်ဘက်ခြမ်းတွင် အခြားအသုံးဝင်သည့် လင့်များလည်း ရှိသေးသည်။
အခြားအသုံးဝင်ဖွယ်ရာများဝီကီပီးဒီးယားတွင် နောက်ထပ်သိရန်လိုအပ်ချက်များ အနည်းငယ် ရှိသေးသည်။
စတိုင်လက်စွဲ![]() စတိုင်လက်စွဲ (Manual of Style အတိုကောက် MoS သို့မဟုတ် MOS) ဆိုတာက ဝီကီပီးဒီးယားဆောင်းပါးတွေကို တစ်ပြေးညီစံဖြစ်အောင် ဘယ်လိုပုံစံချမလဲဆိုတဲ့ ထဲထဲဝင်ဝင်ဖော်ပြထားတဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာခြင်းက စွယ်စုံကျမ်းကို ရှင်းလင်းစေဖို့၊ တညီတညွတ်တည်း ဖြစ်စေဖို့နဲ့ တည်ငြိမ်စေဖို့ ကူညီပေးပါတယ်။
ဆောင်းပါး အပိုင်းခွဲများ![]() ဆောင်းပါးတစ်ပုဒ်ဟာ ခေါင်းစဉ်ရဲ့ အနှစ်ချုပ်နဲ့ စတင်သင့်ပါတယ်။ ပြီးတော့မှ စာဖတ်သူကို အသေးစိတ်ကျကျ ခေါ်ဆောင်ရေးသားပါ။ ဖတ်ရှုရလွယ်ကူစေဖို့ စာပိုဒ်တွေ၊ အပိုင်းတွေခွဲပြီး ရေးသားသင့်ပါတယ်။
နိဒါန်းစာပိုဒ်နိဒါန်းအပိုင်းက ဆောင်းပါးတစ်ပုဒ်ရဲ့ ပထမဦးဆုံး အစိတ်အပိုင်း ဖြစ်ပြီး မာတိကာနဲ့ အခြားခေါင်းစဉ်ခွဲတွေရဲ့ အပေါ်မှာ ရှိပါတယ်။ နိဒါန်းရဲ့ ပထမဆုံး ဝါကျမှာ ကျစ်လျစ်ပြည့်စုံတဲ့ လိုရင်းတိုရှင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဆောင်းပါးခေါင်းစဉ်ရဲ့ ထင်ရှားအရေးပါမှုကို ဖော်ပြထားတာ ပါဝင်ပါတယ်။ နိဒါန်းရဲ့ ကျန်အပိုင်းတွေကတော့ ဆောင်းပါးရဲ့ အဆက်အစပ်တွေကို ဆက်လက်မိတ်ဆက်သွားပြီး အဓိကအချက်အလက်တွေကို အနှစ်ချုပ် ဖော်ပြထားပါတယ်။
အပိုင်းများနဲ့ ခေါင်းစဉ်ခွဲများဆောင်းပါးတွေကို အပိုင်းတွေနဲ့ အပိုဒ်ခွဲ၊ ခေါင်းစဉ်ခွဲများနဲ့ စုစည်းထားပြီး ခေါင်းစဉ်ခွဲတွေဟာ ဆောင်းပါးမာတိကာမှာ အလိုအလျောက် ဖော်ပြထားမှာ ဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ အပိုင်းတွေအတွက် စာတစ်ပိုဒ်ကနေ လေးပိုဒ်ခန့်ထိ ရှည်လျားတာက ဖတ်လို့ အကောင်းဆုံးပါပဲ။
ဆောင်းပါးခေါင်းစဉ်က ခေါင်းစဉ်အဆင့် ၁ ဖြစ်ပြီး အလိုအလျောက် ဖော်ပြပေးပါတယ်။ အပိုင်းတွေရဲ့ ခေါင်းစဉ်ကတော့ ဒုတိယအဆင့်ခေါင်းစဉ် (==ခေါင်းစဉ် ၂==) ဖြစ်ပြီး အပိုင်းခွဲတွေအတွက် တတိယအဆင့် ခေါင်းစဉ် (===ခေါင်းစဉ် ၃===) စသဖြင့် အဆင့်ဆင့် ရှိပါတယ်။ အပိုင်းတွေကို ခေါင်းစဉ်အဆင့် ကျော်တပ်တာမျိုး (ဒုတိယအဆင့် ခေါင်းစဉ်ပြီးတော့ စတုတ္ထအဆင့် ခေါင်းစဉ်ရောက်သွားတာမျိုး) မလုပ်သင့်ပါဘူး။
ပုံများနှင့် ကိုးကားများပုံတွေဟာ ဆောင်းပါးတစ်ပုဒ်ရဲ့ စာကိုယ်ထဲမှာ ပြွတ်သိပ်မနေစေဘဲ ရှိသင့်ပြီး အငြင်းပွားဖွယ် သို့မဟုတ် စောဒကတက်ဖွယ် အချက်အလက်တွေအတွက် ကိုးကားတွေနဲ့ ထောက်ပံ့ထားသင့်ပါတယ်။
![]() ပုံများပုံတွေဟာ စာဖတ်သူကို ဆောင်းပါးအကြောင်း ပိုမိုနားလည်စေဖို့ ကူညီပေးပါတယ်။ ရှိနှင့်ပြီးပုံတွေထက် ပိုကောင်းတာ ဒါမှမဟုတ် ဆောင်းပါးပါစသားကို ထပ်မံထောက်ပံ့ပေးနိုင်တာမျိုး ရှိမှသာလျှင့် ပုံတွေကို ထည့်တာ၊ အစားထိုးတာမျိုး ပြုလုပ်သင့်ပါတယ်။ ပုံတစ်ပုံကို ဖန်တီးပြီး တင်တော့မယ်ဆိုရင် ဆီလျော်တဲ့ ပုံဖောမက်အမျိုးအစားနဲ့ လုံလုံလောက်လောက် အရည်အသွေးမြင့်တဲ့ ပုံတွေ ဖြစ်သင့်ပါတယ်။
![]() ကိုးကားခြင်း
လင့်ခ်ချိတ်ဆက်ခြင်းအချိတ်အဆက် လင့်ခ်များ![]() ဟိုက်ပါလင့်ခ်တွေနဲ့ ချိတ်ဆက်ခြင်းက ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အတွင်းလင့်ခ် (သို့မဟုတ် "ဝီကီလင့်ခ်")တွေက ပရောဂျက်ကို အတူတကွပေါင်းစည်းပေးပြီး အပြန်အလှန်ဆက်သွယ်စေပါတယ်။ အချိတ်အဆက်လင့်ခ်တွေဟာ ပရောဂျက်အတွင်းမှာ တည်နေရာတွေကို လမ်းညွှန်ပေးနိုင်ပြီး ဖတ်ရှုသူကို အကြောင်းအရာတစ်ခုအကြောင်း ပိုမိုနားလည်လာစေပါတယ်။ ဒီသင်ခန်းစာရဲ့ တည်းဖြတ်ခြင်း အပိုင်းမှာ အချိတ်အဆက်လင့်ခ်တွေကို ဘယ်လိုထည့်သွင်းရမယ်ဆိုတာ လေ့လာခဲ့ပြီးပါပြီ။
ညီညွတ်မှုစတိုင်လက်စွဲ (MoS) မှာ ပုံစံချတာတွေ အမျိုးမျိုးအတွက် ပြည့်စုံတဲ့ လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ အောက်မှာတော့ သိထားသင့်တဲ့ထဲက နမူနာအချို့ကို ဖော်ပြထားပါတယ်။
ဘာသာစကားမြန်မာဘာသာစကား ဝီကီပီးဒီးယားမှာ မြန်မာဘာသာကို အသုံးပြုပြီး စာလုံးပေါင်း မတူညီတဲ့ ဝေါဟာရ၊ စကားစုတွေအတွက် မတူညီတဲ့ သီးခြားဆောင်းပါးခွဲခြားတာမျိုး မရှိဘဲ တစ်မျိုးတည်းကိုသာ ခေါင်းစဉ်တစ်ခုအတွက် အသုံးပြုပြီး မူကွဲကို ပြန်ညွှန်းအနေနဲ့ သုံးပါတယ်။ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျွန်တော်တို့၊ သင် စတဲ့ စကားလုံးတွေကို အဆိုအမိန့်တွေနဲ့ ဖန်တီးမှုအမည်တွေကလွဲပြီး မသုံးပါနဲ့။ မှတ်သားပါ နဲ့ သတိပြုပါ (အသုံးပြုသူကို သင် လို့ရည်ညွှန်းသော) ဝေါဟာရမျိုးတွေ ရှောင်ကြဉ်ပါ။ ဟုတ်တာပေါ့၊ တကယ်တော့စတဲ့ ဖော်ပြချက် ဝေါဟာရတွေကို အသုံးပြုတာမျိုး ရှောင်ပါ။
ရက်စွဲများနှင့် နံပါတ်များအချိန်နဲ့လိုက်ပြီး ဟောင်းသွားမယ့် ဝေါဟာရတွေ (ဥပမာ မကြာသေးမီက) ကို ရှောင်ပါ။ #၁ ဆိုတာမျိုး မရေးပါနဲ့။ နံပါတ်တစ် ဆိုတာမျိုးကို သုံးပါ။ ရုပ်ပြစာအုပ်တွေကတော့ ခြွင်းချက် ဖြစ်ပါတယ်။ တစ်သောင်းနှစ်ထောင်ကို ၁၂,၀၀၀ ပုံစံနဲ့ ရေးပါ။ ဒဿမကိန်းဂဏန်းတွေကို ၃.၁၄ ပုံစံနဲ့ရေးပြီး ၃,၁၄ လို့ မရေးပါဘူး။ ၁၀.၆.၁၉၂၁ ပုံစံကို အသုံးပြုတာထက် ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်၊ ၁၀ ဇွန် ၁၉၂၁ နဲ့ ဇွန် ၁၀၊ ၁၉၂၁ ပုံစံတို့ကို သုံးသင့်ပါတယ်။ ဒါပေမယ့် ဆောင်းပါးတစ်ခုထဲမှာတော့ ပုံစံတစ်မျိုးတည်းကိုပဲ သုံးသင့်ပါတယ်။ ၄၀၀ အေဒီ နဲ့ ၄၀၀ ဘီစီ၊ အေဒီ ၄၀၀ နဲ့ ဘီစီ ၄၀၀ စတာတွေသုံးနိုင်ပြီး ဆောင်းပါးတစ်ခုထဲမှာ ပုံစံတစ်မျိုးကိုပဲ သုံးပါ။
ပုဒ်ဖြတ်ပုဒ်ရပ်ကီးဘုတ်တိုင်းမှာ အလွယ်တကူရိုက်မရတဲ့ မျက်တောင်ကွေးသင်္ကတေ“ ” နဲ့ ‘ ’ အစား အလွယ်တကူရိုက်လို့ရတဲ့ မျက်တောင်အဖြောင့်ပုံစံ " နဲ့ ' တို့ကို အသုံးပြုပါ။ စာအုပ်၊ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ၊ ဂီတအယ်လ်ဘမ်၊ ပန်းချီကား၊ သင်္ဘောတို့ရဲ့ အမည်တွေကို စာလုံးစောင်းနဲ့ ရေးပါ။ သို့သော် ကဗျာနဲ့ သီချင်းတွေရဲ့ အမည်ကိုတော့ စာလုံးစောင်းပုံစံမသုံးဘဲ မျက်တောင်သင်္ကေတနဲ့ပဲ သုံးပါတယ်။
Non-breaking spacesအတွဲလိုက်သုံးထားတဲ့ စကားစုတွေမှာ စာကြောင်းတစ်ခုစီ ကွဲမသွားစေဖို့ non-breaking space တွေကို
အနှစ်ချုပ်စတိုင်လက်စွဲ (MoS) က ရင်းမြစ်ကောင်းတစ်ခု ဖြစ်ပြီး အားလုံးကို ဖတ်ရမယ်လို့ မဟုတ်ပါဘူး။ မှတ်သားထားသင့်တဲ့ အရေးပါအချက်တွေကိုတော့ အောက်မှာ ပြောပါထားပါတယ်။
နောက်ထပ် အသေးစိတ် အချက်အလက်များ
နိဂုံးဂုဏ်ယူပါတယ်။ သင်ဟာ အခု ဝီကီပီးဒီးယန်းတစ်ဦး ဖြစ်သွားပါပြီ။ သတ္တိရှိရှိနဲ့ တည်းဖြတ်ပြင်ဆင်လိုက်ပါ။
![]() အကူအညီ ရယူခြင်းရှာဖွေအကွက်ထဲမှာ "အကူအညီ:" ရှေ့ဆက်ကို ရိုက်ထည့်ပြီးပဲ ဖြစ်ဖြစ် အကူအညီ မုခ်ဦး ကို သွားရောက်ပြီးတော့ပဲဖြစ်ဖြစ် အကူအညီ ရယူနိုင်ပါတယ်။
လုပ်ဆောင်စရာများ ရှာဖွေခြင်းလုပ်ငန်းစင်တာမှာ သင်ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှုပြီး လုပ်နိုင်တာရှိရင် ဆောင်ရွက်ပေးနိုင်ပါတယ်။
ဆက်လက် လေ့လာခြင်းဒီသင်ခန်းစာတွေက စတင်ဖို့အတွက် သိသင့်တာတွေကို ဖော်ပြပေးထားပါတယ်။ တည်းဖြတ်ပြင်ဆင်ရင်းနဲ့ ဆက်လက်လေ့လာလိုက်ပါ။
A small tokenဒီသင်ခန်းစာတွေကို သင်ပြီးဆုံးအောင် လေ့လာပြီးပြီဆိုတာကို သင့်ရဲ့ အသုံးပြုသူစာမျက်နှာမှာ userbox တစ်ခုထည့်ပြီး ဖော်ပြထားနိုင်ပါတယ်။ အဲဒါကို ထည့်ဖို့အတွက် ဒီနေရာကို နှိပ်ပြီး သိမ်းဆည်းရန်ကို နှိပ်လိုက်ပါ။ ကံကောင်းပါစေ။ ပြီးတော့ ပျော်ရွှင်ပါစေ။
တမ်းပလိတ်:Leave feedback/link
|
Portal di Ensiklopedia Dunia