အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၁
စိစစ်အတည်ပြုခံနိုင်မှု ကိုးကားများ ထည့်ခြင်း ရှိပြီးသားကို တည်းဖြတ်ခြင်း ကိုးကားများ ပြန်သုံးခြင်း ခိုင်လုံသော ရင်းမြစ်များ အနှစ်ချုပ်
![]() ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ မူဝါဒတစ်ခုက ဆောင်းပါးတွေအားလုံးရဲ့ အကြောင်းအရာတွေဟာ စိစစ်အတည်ပြုခံနိုင်မှု ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခိုင်လုံတဲ့ ရင်းမြစ်တွေက အကြောင်းအရာကို မှန်ကန်ကြောင်း ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြောဆိုချက်တွေအပါအဝင် မည်သည့်အကြောင်းအရာမဆို စောဒကတက်ခြင်း ခံရနိုင်ပြီး သက်ရှိပုဂ္ဂိုလ်များရဲ့ အငြင်းပွားဖွယ်ရာ အချက်အလက်တွေ (ကောင်းခြင်း၊ ဆိုးခြင်း သို့မဟုတ် ဘက်မလိုက်သော ဖော်ပြချက်) အတွက် အကြောင်းအရာကို တိုက်ရိုက် ထောက်ပံ့ဖော်ပြပေးနိုင်တဲ့ ရင်းမြစ်တစ်ခုဆီက ကိုးကားချက် တစ်ခု မဖြစ်မနေ ထည့်ပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်ခြင်းက ဝီကီပီးဒီးယားဟာ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ဖြန့်ချိခြင်းမရှိတဲ့ အကြောင်းအရာတွေကို သိမ်းဆည်းတဲ့နေရာ မဟုတ်ဘူးဆိုတာကို ဆိုလိုတာနဲ့ အတူတူပါပဲ။
|
Portal di Ensiklopedia Dunia