အကူအညီ:Wiki Markup ဖြင့် ဇယားများထည့်ခြင်း မိတ်ဆက်/၁


Enhanced editing toolbar
Enhanced editing toolbar


ဇယားတွေကို ကိန်းဂဏန်းဒေတာတွေ ပြသဖို့အတွက် သုံးလေ့ရှိပါတယ်။ ဒီသင်ခန်းစာက ဇယားအသစ်တွေ ဘယ်လိုဆွဲမယ်၊ ရှိပြီးသားဇယားတွေကို ဘယ်လိုတည်းဖြတ်မယ်ဆိုတာကို ပြသပေးသွားမှာပါ။ ဇယားတွေ ဘယ်လိုသုံးမလဲ၊ ဘယ်လိုနေရာတွေမှာ သုံးမလဲဆိုတဲ့ လမ်းညွှန်ချက်တွေအတွက် မှာ ကြည့်ပါ။


ဇယားအသစ်တစ်ခုကို ထည့်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သင်စာမျက်နှာတစ်ခု တည်းဖြတ်ရင် ပေါ်လာတဲ့ ကိရိယာဘား (အပေါ်မှာ ကြည့်ပါ) ကနေ ထည့်တာပဲ ဖြစ်ပါတယ်။ ခလုတ်ကို နှိပ်လိုက်ရင် လိုချင်တဲ့ ဇယားပုံစံကို ထည့်နိုင်တဲ့ အကွက်တစ်ခု ကျလာပါလိမ့်မယ်။ တိုင်၊ တန်းအရေအတွက်ကို ရွေးလိုက်ပြီးရင် ဆောင်းပါးထဲမှာ ဇယားအတွက် Wiki markup စာသားကို ထည့်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက် "နမူနာ" စာသားတွေနေရာမှာ သင်ရေးလိုတာကို အစားထိုး ရေးထည့်လိုက်ပါ။


ဝီကီပီးဒီးယားထဲက ဇယားတွေ၊ အထူးသဖြင့် ဇယားအကြီးတွေက ကြည့်ရတာ လန့်ဖို့ကောင်းပေမယ့် သူတို့အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။






Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya