အကူအညီ:Wiki Markup ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/၁စာမျက်နှာများ တည်းဖြတ်ခြင်း ပုံစံချခြင်း အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ သင့်ပြောင်းလဲမှုများ သိမ်းဆည်းခြင်း ဆောင်းပါးသစ်များ ဖန်တီးခြင်း အနှစ်ချုပ်
A note about editing on mobile devices: Most Wikipedians prefer to edit from a computer, as the editing interface works better there. You can edit from a mobile device, though. See this page for more information. ![]() ဝီကီပီးဒီးယားကို ကိုယ်ပိုင်ဘာသာစကားဖြစ်တဲ့ Wiki markup (Wikitext ဟုလည်းခေါ်) ဖြင့် ပုံစံချ ပြင်ဆင်ထားပါတယ်။ ယင်း၏ အခြေခံကို လေ့လာရန်အတွက် အလွန်လွယ်ကူပါတယ်။
![]() သင့်အနေနဲ့ မျက်မြင်တည်းဖြတ် (VisualEditor) ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ VisualEditor က အသုံးပြုဖို့ ပိုမိုရိုးရှင်းပြီး ရင်းမြစ်တည်းဖြတ် (Source Editor) ကတော့ အချို့နေရာတွေမှာ ပိုပြီး အကျိုးရှိပါတယ်။ တည်းဖြတ်နေဆဲအချိန်မှာ သူတို့နှစ်ခုကို ညာဖက်မှာ ပြထားသလို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
စာမျက်နှာတစ်ခုကို Wiki markup အသုံးပြုပြီး ကြည့်ရှုဖို့နဲ့ ပြင်ဆင်ဖို့အတွက် မည်သည့်စာမျက်နှာမဆိုရဲ့ အပေါ်ဖက်မှာရှိတဲ့ ပြင်ဆင်ရန် (Edit source) ကို နှိပ်ပါ။ အဲဒီလိုလုပ်လိုက်ရင် သင်ထည့်သွင်းလိုတဲ့ စာသားကို စာရိုက်ပြီး ရေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေ ပြင်ဆင်ဖို့နဲ့ ပုံတွေ၊ ဇယားတွေ ထည့်သွင်းဖို့ wiki markup ကိုသုံးပြီး ပြင်ဆင်နိုင်မှာပါ။
|
Portal di Ensiklopedia Dunia