အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ

ဤ တိုလီယာတီ မျက်နှာပြင် (Togliatti surface) မှာ ဒီဂရီ အဆင့် ငါး ရှိသည့် အက္ခရာသင်္ချာ မျက်နှာပြင် (algebraic surface) တစ်မျိုး ဖြစ်သည်။ ပုံတွင်ပြထားသည်မှာ ၎င်းမျက်နှာပြင်၏ ကိန်းစစ်လမ်းကြောင်း (real locus) တစ်စိတ်တစ်ဒေသ ဖြစ်သည်။

အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry) သည် သင်္ချာပညာ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး ပိုလီနိုမီရယ် ညီမျှခြင်း (polynomial equation) များ၏ ကိန်းရင်းများကို လေ့လာသည့် ဘာသာရပ်အဖြစ် ရှေးယခင်က သတ်မှတ်ခဲ့သည်။ သို့သော် မျက်မှောက်ခေတ် အက္ခရာသင်္ချာ ဂျီဩမေတြီ ဘာသာရပ်မှာမူ ခေတ်သစ် အက္ခရာသင်္ချာ (abstract algebra)၊ အထူးသဖြင့် ပတ်လည်ညီ အက္ခရာသင်္ချာ (commutative algebra)၊ နည်းလမ်းများအပေါ်တွင် ပိုမိုမှီတည်ပြီး၊ ဂျီဩမေတြီ (geometry) အသုံးအနှုန်းများကို အသုံးပြု၍ ဂျီဩမေတြီ ပြဿနာများကို လေ့လာဖြေရှင်းခြင်း ဖြစ်သည်။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya