အကျဉ်းဦးစီးဌာန
အကျဉ်းဦးစီးဌာန(အင်္ဂလိပ်: Prisons Department)သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်းဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့်အတူ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအကျဉ်းထောင်ကို စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲဥပဒေ၊ ၁၉၀၀ ပြည့်နှစ် အကျဉ်းသားများအက်ဥပဒေ စသော ဥပဒေများအား ပြဋ္ဌာန်းခဲ့ပြီး အကျဉ်းထောင်များအား အုပ်ချုပ်ခဲ့သည်။ အကျဉ်းဦးစီးဌာနအား ၁၈၉၄ ခုနှစ်တွင် အကျဉ်းဌာနအဖြစ်လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် အကျဉ်းဌာနခွဲအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာနအဖြစ်လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁] ဖွဲ့စည်းပုံအကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဦးစီးမှူးရုံးများနှင့် အကျဉ်းထောင်၊ စခန်းများကို အောက်ပါအတိုင်း ဖွဲ့စည်းထားရှိသည်-
ညွှန်ကြားရေးမှူးချုပ်များအကျဉ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia