အင်ကြင်းကျောက်ဘူမိဗေဒပညာရှင်များက မြန်မာအခေါ် အင်ကြင်းကျောက်ကို Petrified Wood ဟူ၍လည်းကောင်း၊ Fossils Wood ဟူ၍လည်းကောင်း သတ်မှတ်ခေါ်ဆိုကြသည်။ အမှန်မှာ အင်ကြင်းကျောက်ဆိုသည်မှာ သစ်ပင်၏ပင်စည်တွင် ဒြပ်စင်များနေရာယူဝင်ရောက် မှုကြောင့် အသွင်ပြောင်းလာသော ကျောက်တစ်မျိုးပင်ဖြစ်သည်။
ထို့နောက် ကမ္ဘာမြေကြီး၏ ဖိအားများကဲ့သို့သော သဘာ၀ အပူရှိန်များကြောင့် ရေငွေ့ပျံတက်ခြင်း အလေ့အထအရ အဆိုပါ သစ်ပင်ကြီးများ၏ ကိုယ် ထည်များအတွင်း တစ်ရှူးဆဲလ်ပေါက်လေးများမှတဆင့် ဝင်ရောက်နေရာယူထားသော ဒြပ်စင်များနှင့် ရောနှောနေသော ရေများသည် ရေငွေ့ပျံသွားသည့်အခါ သစ်ပင်ကြီးများ၏ ကိုယ်ထည်များအတွင်း သတ္တုဒြပ်စင်( Minerals)များက ကြွင်းကျန်နေခဲ့သည်။ ထိုမှတဆင့် ဖိအားများကြောင့် သစ်ပင်ကြီးများ၏ ကိုယ်ထည် သိပ်သည်းမှုမှာ ပိုမိုကြံ့ခိုင်လာစေသည်။ အဆိုပါ အခြေအနေများကြောင့် သစ်ပင်ကြီးများသည် အသွင်ပြောင်းလဲကာ နှစ်သန်းပေါင်းများ အချိန် ကြာမြင့်သည့်အခါတွင် သတ္ထုဒြပ်များနေရာယူဝင်ရောက်မှုကြောင့် အသွင်ပြောင်းမှု (Permineralzation) များကြောင့် ကျောက်အဖြစ်သို့ပြောင်းလဲသွားရခြင်းဖြစ်သည်။ အင်ကြင်းကျောက်မျက်များသည် အရောင်အသွေးများစုံလင်စွာရှိသည်။ ထိုသို့ အရောင်အသွေးများ ကွဲပြားခြားနား၍ ဖြစ်ပေါ်ပြောင်းလဲလာရခြင်းမှာ စီလီကာဓာတ်အပြင် သတ္တုဒြပ်စင်( Minerals)များဖြစ်သော ကာဗွန်၊ ကိုဘော့၊ ခရိုမီယန်၊ ကော့ပါး၊ အိုင်းရွန်းအောက်ဆိုဒ်၊ မင်းဂနီ(စ်)(Manganesn)၊ မင်းဂနီ အောက်ဆိုဒ်)(Manganesn Oxides) စသည့် သတ္တုဒြပ်များ၏ ဂုဏ်သတ္တိများကြောင့် ဖြစ်ပေသည်။ သစ်ပင်ကြီးများ၏ ကိုယ်ထည်အတွင်းသို့ တစ်ရှူးဆဲလ် ပေါက်လေးများမှတဆင့် သတ္တုဒြပ်စင် ( Minerals)များ ဝင်ရောက်နေရာယူသည့်အခါ ကာဗွန်ဒြပ်စင်များပြားခဲ့ပါက အနက်ရောင်၊ ကိုဘော့ဒြပ်များပြားခဲ့ပါက အပြာနှင့်အစိမ်းရောင်၊ ခရိုမီယန် ဒြပ်များပြားခဲ့ပါက အစိမ်းနှင့်အပြာရောင်၊ ကော့ပါဒြပ်များပြားခဲ့ပါက အစိမ်းရောင်၊ အိုင်းရွန်းအောက်ဆိုဒ်များပြားခဲ့ပါက မန်းကျည်းမှည့်ရောင်၊ မင်းဂနီ(စ်)ဒြပ်များပြားခဲ့ပါက လိမ္မော်ရောင်၊ ပန်းကြားရောင်၊ မင်းဂနီ(စ်)အောက်ဆိုဒ်များပြားခဲ့ပါက မီးခိုရောင်နှင့်အဝါရောင်များအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ် စေတတ်ကြောင်း သိရသည်။ တွေ့ရှိရာဒေသအင်ကြင်းကျောက်များအား မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၂၅)နိုင်ငံတွင် တွေ့ရှိနိုင်သည်။ အင်ကြင်းကျောက် ထွက်ရှိရာ နိုင်ငံနှင့် ထွက်ရှိရာ ဒေသများမှာ- Argentina, Australia, Belgium, Brazil,Canada China, Czech Republic, Ecuador, Egypt, France, Germany, Greece, India, Indonesia, Israel, Italy, Libya, Namibia, New Zealand, Saudi Arabia, Sudan, Thailand, Ukraine, United Kingdom, United States စသည့်တို့ဖြစ်ကြသည်။ ကျန် အခြားတိုင်းပြည်များတွင် အင်ကြင်းကျောက်ထွက်ရှိခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် အင်ကြင်းကျောက်သည် ကမ္ဘာ့ကျောက်မျက်ဈေးကွက်ဝင် ကျောက်တစ်မျိုးဖြစ်လာခဲ့ရသည်။ အင်ကြင်းကျောက်ကို အချောကိုင်၍လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ လုပ်၍လည်းကောင်း အသုံးပြုကြသည်။ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက် ထွက်ရှိသည်။ မြန်မာနိုင်ငံမှာတွေ့ရတဲ့ အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းမျိုးများ၏ သက်တမ်းသည် လွန်ခဲ့သောနှစ်ပေါင်း (၇)သန်းအထိပင် ရှိနိုင်သည်။ ဘူမိဗေဒအခေါ်အရ ဧရာဝတီ ကျောက်လွှာစု ထဲမှာ တွေ့ရှိရသည်။ ဧရာဝတီ ကျောက်လွှာစုဟု မခေါ်ခင်က ရေနံချောင်းဒေသတွင် fossil wood များ အလွန်များပြားစွာတွေ့ရှိခဲ့ရသောကြောင့် Fossil Wood Group ဟုပင် အမည်ပေးခဲ့ဖူးသည်။ ယနေ့မြန်မာနိုင်ငံမှာ အင်ကြင်းကျောက်များကို သတ္တုမဟုတ်သော ကုန်ကြမ်းနှင့် အလှဆင်ပစ္စည်းအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ကုန်သွယ်ရောင်းချခြင်းကို ဥပဒေအရကန့်သတ်ထားပြီး ဖြစ်သည်။ အရည်အသွေးအင်ကြင်းကျောက်၏ တန်ဘိုးမြင့်မားစေနိုင်သော ကျောက်အရည်အသွေးအား သတ်မှတ်ချက်(၈)ချက် ရှိကြောင်း သိရသည်။ ၎င်းအချက်များမှာ-
ကိုးကား
|
Portal di Ensiklopedia Dunia