အင်ဂိုလာနိုင်ငံ၏ အလံတော်
အင်ဂိုလာနိုင်ငံ၏ အလံတော်ကို အင်ဂိုလာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အလံတွင် အပေါ်တစ်ပိုင်းတွင် အနီရောင်နှင့် အောက်တစ်ပိုင်းတွင် အနက်ရောင်ဖြင့် အလယ်မှနေ၍ နှစ်ပိုင်းခွဲထားပြီး အလယ်ဗဟိုတွင် အထိမ်းအမှတ်တံဆိပ်တစ်ခုပါဝင်သည်။ ထိုတံဆိပ်သည် အဝါရောင် ဂီယာတစ်ခြမ်းပကို တောခုတ်ဓားကန့်လန့်ဖြတ်ထားသည့်ပုံဖြစ်ပြီး ကြယ်တစ်ပွင့်ဖြင့် တန်ဆာဆင်ထားသည်။
သမိုင်းအင်ဂိုလာနိုင်ငံအလံသည် ပေါ်တူဂီကိုလိုနီအုပ်ချုပ်ရေးအား တွန်းလှန်ခဲ့သည့် အင်ဂိုလာပြည်တွင်းစစ်ကာလတွင် အုပ်ချုပ်ခဲ့သော ပါတီဖြစ်သည့် အင်ဂိုလာလွတ်မြောက်ရေးပြည်သူ့လှုပ်ရှားမှုပါတီ(People's Movement for the Liberation of Angola)၏ အလံကို အခြေတည်ထားခြင်းဖြစ်သည်။[၁] MPLA ၏ အလံသည် အင်ဂိုလာနိုင်ငံအလံနှင့်တူသော်လည်း အလယ်တွင် ကြယ်တစ်လုံးတည်းသာ ပါရှိသည်။[၁] အဓိပ္ပာယ်ဖော်ပြချက်အင်ဂိုလာနိုင်ငံ၏ အလံတော်တွင် အနီနှင့်အနက် အလျားလိုက် အရောင်တန်းနှစ်ခုတွင် ဆိုဗီယံယူနီယံအလံတွင် အသုံးပြုထားသော တူ၊တံစဉ်ပုံကို တုပထားသည့် တောခုတ်ကန့်လန့်ဖြတ်ထားသော ဂီယာတစ်ခြမ်း၏ အတွင်း၌ ငါးထောင့်ကြယ်ပါဝင်သည်။[၂] အင်ဂိုလာနိုင်ငံ၏ ဖွဲစည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားချက်အရ အနီရောင်တစ်ခြမ်းသည် ကိုလိုနီကာလတွင်း လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုနှင့် နိုင်ငံတော်ကာကွယ်ရေးကို ရည်ညွှန်းသည့် သွေးထွက်သံယိုမှုလက္ခဏာရပ်ကို ဆိုလိုသည်။ အနက်ရောင်တစ်ခြမ်းမှာ အာဖရိကကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ အလယ်ရှိ တံဆိပ်တွင်ပါဝင်သော ဂီယာသည် စက်မှုလုပ်သားများနှင့် ထုတ်လုပ်မှုကို ကိုယ်စားပြုကာ တောခုတ်ဓားသည် တောင်သူလယ်သမားများ၊ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သည့် လုပ်ငန်းနှင့် လက်နက်ကိုင်တိုက်ပွဲများကို ကိုယ်စားပြုပြီး ကြယ်နီနှင့် ပုံသဏ္ဌာန်တူညီသည့် ကြယ်သည် နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် တိုးတက်မှုကို သင်္ကေတဆောင်ခြင်းဖြစ်သည်။ အထိမ်းအမှတ်ပုံ၏ အဝါရောင်မှ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ ၁၉၇၅ ခုနှစ် ဖွဲ့စည်းပုံတွင် အနီးစင်းသည် ကိုလိုနီကာလ၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုနှင့် တော်လှန်ရေးကာလအတွင်း သွေးထွက်သံယိုဖြစ်ပွားမှုကို ရည်ညွှန်းထားသည်ဟု ဖော်ပြထားပြီး ၁၉၉၂ ဖွဲ့စည်းပုံတွင် တော်လှန်ရေးဟုသော စကားရပ်ကို "နိုင်ငံတော် ကာကွယ်ရေး"ဟုသော စကားရပ်ဖြင့် လဲလှယ်ခဲ့သည်။ ၁၉၇၅ နှင့် ၁၉၉၂ မူတို့အကြား အခြားသော ပြောင်းလဲသွားသော စကားရပ်တို့မှာ တောခုတ်ဓားသည် "internationalism" မှ "နိုင်ငံတကာ စည်းလုံးညီညွတ်မှု" သို့ ပြောင်းလဲခဲ့ပြီး "အလုပ်သမားလူတန်းစား"နှင့် "တောင်သူလယ်သမားလူတန်းစား"ဟုသော စကားရပ်တို့အား "အလုပ်သမား"နှင့် "တောင်သူလယ်သမား"ဟူ၍ အစားထိုးခဲ့သည်။[၃][၄] အရောင်များ
၂၀၀၃ ခုနှစ် အလံသစ်အတွက် အဆိုပြုမှု၂၀၀၃ ခုနှစ်တွင် ပို၍ "အကောင်းမြင်သော" အလံကို အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကော်မရှင်မှ တင်သွင်းခဲ့သော်လည်း အသုံးပြုခဲ့ခြင်း မရှိပေ။ အလယ်၌ ရေးဆွဲထားသော နေပုံသည် Tchitundo-Hulu လိုဏ်ဂူ၌ တွေ့ရှိခဲ့သော ပန်းချီပုံနှင့် ဆင်တူယိုးမှားဖြစ်နေသည်။ အလံ၏ အရွယ်အစားမှာလည်း ယခင်အလံကဲ့သို့ပင် 2:3 အချိုးကို အသုံးပြုထားသည်။[၆] ဓာတ်ပုံပြခန်း
ကိုးကား
ပြင်ပလင့်များ |
Portal di Ensiklopedia Dunia