အင်ဂျင်နီယာဘွဲ့B.E (သို့) B.Eng ဆိုသည်မှာ B.E အင်ဂျင်နီယာဘွဲ့ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းသည် ဘွဲ့ကြို ဘွဲ့လက်မှတ်ဖြစ်၍ တက္ကသိုလ်တွင် ၃ နှစ် မှ ၅ နှစ်ထိ အင်ဂျင်နီယာပညာရပ် (ယန္တရားဗေဒ ) ပညာရပ်ကို ဆည်းပူရန်လိုအပ်သည်။ ၎င်းဘွဲ့နှင့်ပတ်သက်၍ အရည်အချင်း ကန့်သက်ချက်များ၏ သဘောသဘာ၀သည် တနိုင်ငံနှင့်တနိုင်ငံမတူပါ။ အင်ဂျင်နီယာဘွဲ့လက်မှတ် သည် အသက်မွေးဝမ်းကျောင်းပညာရပ်ဘွဲ့လက်မှတ်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံအတော်များများတွင်မူ ကျွမ်းကျင်အင်ဂျင်နီယာ (Professional Engineer) လက်မှတ်ရမှာ Professional Engineer အဖြစ်သတ်မှတ်ပါသည်။ Professional Engineerများတွင် ရှေ့၌ Ir. ဟူ၍လည်းကောင်း၊ နောက်တွင် REng, IEng, CEng, PEng အစရှိသည်တို့ကို၎င်း၊ သို့တည်းမဟုတ် EngTech, M.R.C.E (Member of Royal College of Engineers), F.R.C.E (Fellowship of Royal College of Engineers) အစရှိသည် တို့ကို၎င်းတွေ့ရတတ်သည်။ နိုင်ငံအတော်များများတွင် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျွမ်းကျင်လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများရှိတတ်သည်။ ဥပမာ - United Kingdom တွင် United Kingdom Engineering Council (UKEC)၊ ဩစတေးလျတွင် Engineers Australia (EA)၊ အမေရိကန်နိုင်ငံတွင် American Boards of Engineering and Technology (ABET)၊ စင်္ကာပူနိုင်ငံတွင် Professional Engineering Board (PEB) အစရှိသည်ကိုကိုတွေ့ရမည်ဖြစ်သည်။ တနိုင်ငံနှင့်တနိုင်ငံ ကျွမ်းကျင်အင်ဂျင်နီယာ မှတ်ပုံတင်သည့် ဥပဒေလည်းမတူညီပါ။ တချို့နိုင်ငံများတွင် တချို့သောတက္ကသိုလ်တွင်များမှ ပေးအပ်သည့်ဘွဲ့ကို သက်ဆိုင်ရာတိုင်းပြည်၏ အမျိုးသားအင်ဂျင်နီယာအဖွဲ့အစည်းများမှ အသိအမှတ်မပြုသည်ကိုတွေ့ရှိရတတ်သကဲ့သို့ တချို့သောနိုင်ငံများသည်လည်း၊ တချို့သောနိုင်ငံများမှပေးအပ်သည့် ဘွဲ့ကို အသိအမှတ်မပြုသည်များလည်းရှိသည်။ ဥပမာ။ ။ မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘွဲ့ကို ယူနိုက်တက်ကင်းတမ်းမှ ယခုချိန်ထိ အသိအမှတ်ပြုကာ၊ အမေရိကန် နှင့် စင်္ကာပူသည် ၁၉၉၂ နောက်ပိုင်း မြန်မာအင်ဂျင်နီယာဘွဲ့များကို အသိအမှတ် မပြုပေ။ နောက်ဥပမာတစ်ခုသည် Engineers Australia သည် အင်္ဂလန်နိုင်ငံရှိ Oxford တက္ကသိုလ်၏ အင်ဂျင်နီယာဘွဲ့မှလွဲ၍ တခြား ယူနိုက်တက်ကင်းတမ်း၏တခြား တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ကို အသိအမှတ်မပြုခဲ့သည်များလည်းရှိခဲ့သည်။ ထိုကိစ္စမျိုးတွက် သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အင်ဂျင်နီယာအဖွဲ့အစည်းများ အချင်းချင်းညှိနှိုင်းကြ ရသည်။ များသောအားဖြင်နိုင်ငံကြီးများသည် Washington Accord အရသာညှိနှိုင်းကြသည်ကများသည်။ အင်ဂျင်နီယာနှင့်သက်ဆိုင်သည့်ဘွဲ့များကို ကမ္ဘာပေါ်တွင် နိုင်ငံအလိုက်၊ ဒေသအလိုက် အသွင်ကွဲအမျိုးမျိုးဖြင့် တွေ့ရှိရတတ်သည်။ များသောအားဖြင့်တွေ့ရှိရသည့် ဘွဲ့များမှာ -
အင်ဂျင်နီယာအထူးပြုနယ်ပယ်များအင်ဂျင်နီယာဘွဲ့များသည် များသော်အားဖြင့် နယ်ပယ်တစ်ခုတည်းကိုသာ အထူးပြုသည်ကများသည်။ ၎င်းတို့ကို ဘွဲ့လက်မှတ်၏ နောက်တွင်ဖော်ပြတတ်သည်။ ဥပမာ - BE (Electronics), BE (Mechanical) အစရှိသည်တို့ဖြစ်သည်။ ၎င်းတို့ကို postnominal ဟုခေါ်သည်။ တွေ့ရများသည့် အင်ဂျင်နီယာနယ်ပယ်များကတော့ -
ကိုးကားချက်များ
|
Portal di Ensiklopedia Dunia