အင်တာနက်ဝန်ဆောင်မှုပေးသူ![]() အင်တာနက်ဝန်ဆောင်မှုပေးသူ (အင်္ဂလိပ်: Internet service provider; အတိုကောက် ISP)၊ တစ်ခါတစ်ရံ အင်တာနက်သုံးစွဲခွင့်ပေး သူ (အိုင်အေပီ) (IAP) ဟုလည်း ညွှန်းဆိုသည့် ကုမ္ပဏီတစ်ခုသည်၎င်း၏ဝယ်ယူသူများအား အင်တာနက်သုံးစွဲခွင့်ပေးသည်။ အိုင်အက်စ်ပီသည် အင်တာနက် လုပ်ထုံးလုပ်နည်းပုံစံ (Internet Protocol Paradigm) ပေးပို့ရန်အတွက် သင့်တော်သော အချက်အလက်ထုတ် လွှင့်ခြင်း နည်းပညာတစ်ခုကို ၎င်း၏ဝယ်ယူသူများအား ဆက်သွယ်ပေးထားသည်။ ၎င်းတို့မှာ မိုဒမ်းကို အသုံးပြု၍ တယ်လီဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်အသုံးပြုခြင်း (dial-up)၊ ဒီအက်စ်အယ်လ် (DSL)၊ မိုဒမ်းကြိုး (cable moderm)၊ ဝါယာလက် သို့မဟုတ် ရည်ညွှန်း သည့် မြန်နှုန်းမြှင့် အပြန်အလှန်ဆက်သွယ်မှုတို့ ဖြစ်ကြသည်။ အိုင်အက်စ်ပီသည် အသုံးပြုသူတို့ကို အီလက်ထရောနစ်သတင်းစကားများ ပေးပို့ခြင်းနှင့် လက်ခံရယူခြင်းတို့အား ၎င်းတို့၏အိုင်အက်စ်ပီဆာဗာများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရန် အင်တာနက် အီးမေးလ်အကောင့်များ ပေးခြင်းဖြင့် ခွင့်ပြုထားပါလိမ့်မည်။ ISP များသည် အချက်အလက်ဖိုင်များကို ၎င်းတို့၏ဝယ်ယူသူများကိုယ်စား အဝေးမှ သီးခြားသိမ်းဆည်းပေးခြင်း စသောဝန်ဆောင်မှုများအပြင် အိုင်အက်စ်ပီတစ်ခုချင်းအတွက် တိကျသော အခြားဝန်ဆောင်မှုများကိုလည်း ပေးလိမ့်မည်ဖြစ်သည်။ နောက်ဆုံးအသုံးပြုသူထံသို့ အိုက်အက်စ်ပီဆက်သွယ်မှုISP များသည် အသုံးပြုသူများ ၎င်းတို့၏ကွန်ယက်သို့ ဆက်သွယ်နိုင်ရန် အမျိုးမျိုး သော နည်းပညာများကို လုပ်ဆောင်သည်။ အသုံးပြုသူများနှင့် သေးငယ်သောလုပ်ငန်းများအတွက် အကျော်ကြားဆုံးသော ရွေးချယ်စရာ များဖြစ်သည့် Modem ကိုအသုံးပြု၍ တယ်လီဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်အသုံးပြုခြင်း (dial-up)၊ (DSL) (ဝိသေသအားဖြင့် ပုံမှန်တယ်လီဖုန်းကြိုးများမှတစ်ဆင့် ပိုမိုမြန်ဆန်သော အင်တာနက်ဆက်သွယ်မှုအတွက် ဒီဂျစ်တယ်တယ်လီဖုန်းလိုင်း၊ (ADSL)၊ (broadband wireless)၊ (cable moderm)၊ ပရိဝုဏ်များသို့ဆက်သွယ်ထားသော fiber to the premises (FTTH) နှင့် ဒီဂျစ်တယ်ကွန်ယက်သို့ ထည့်သွင်းပေါင်းစပ် ထားသော ဝန်ဆောင်မှုများ (Integrated Services Digital Network) (ISDN) (ဝိသေသအားဖြင့် အခြေခံနှုန်း (basic rate interface)) တို့ ပါဝင် သည်။ ပို၍လိုအပ်သော တောင်းဆိုမှုများရှိသည့် ဝယ်ယူသူများဖြစ်ကြသော အလယ်အလတ် ကြီးမားသောလုပ်ငန်းများ သို့မဟုတ် အခြားသော ISP များသည် (DSL) (တစ်ခါတစ်ရံ (SHDL) သို့မဟုတ် (ADSL)) သို့မဟုတ် (Ethernet)၊ (Metro Ethernet)၊ (Gigabit Ethernet)၊ (Frame Relay)၊ (ISDN) (BRI) သို့မဟုတ် (PRI))၊ (ATM)၊ ဂြိုဟ်တုအင်တာနက်သုံးစွဲခွင့် (satellite Internet access) နှင့် တစ်ပြိုင်နက် တွေ့မြင်ရသော ကွန်ယက်ဆက်သွယ်မှု (synchronous optical networking) (SONET) တို့ကို ပိုမိုအသုံးပြုတတ်ကြသည်။
ပုံမှန်လုပ်ငန်းသုံးအမျိုးအစားဆက်သွယ်မှု
အသုံးပြုသည့်နေရာModem အသုံးပြု၍ တယ်လီဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်အသုံးပြုခြင်း သို့မဟုတ် ISDN ဆက်သွယ်မှုစနစ်ကို အသုံးပြုသောအခါ ISP အနေဖြင့် ခေါ်ဆိုသူ၏ ရုပ်ပိုင်း ဆိုင်ရာတည်နေရာကို သင့်လျော်သည့် (Caller ID) ၏ပုံစံကို အသုံးပြုထုတ် လွှင့်ခြင်းထက် ပို၍အသေးစိတ်မဆုံးဖြတ်နိုင်ပါ။ ၎င်းသည် ဥပမာ မက်ဆီကိုတွင်ရှိသော ISP တစ်ခုသို့ အမေရိကန်ပြည်ထောင်စုမှ ဆက်သွယ်ခြင်းကဲ့သို့မျိုးတွင်သာ ဖြစ်နိုင် သည်။ အခြား (cable) သို.မဟုတ် (DSL) ကဲ့သို့သော ဆက်သွယ်မှုနည်းလမ်းများသည် ISP နှင့် ရုပ်ပိုင်းဆိုင်ရာလိပ်စာ၌ ထုံးစံအတိုင်း ဆက်သွယ်ထားသော တိကျစွာ မှတ်ပုံတင်ထားသည့် ဆက်စပ်မှုပေါင်းဆုံနေရာ လိုအပ်သည် ။ အိုင်အက်စ်ပီ အပြန်အလှန်ဆက်သွယ်မှု![]() ၎င်းတို့၏ဝယ်ယူသူများ အင်တာနက်အသုံးပြုခွင့်အတွက် ပေးဆောင်ရသကဲ့သို့ ISP တို့သည်လည်း အထက်ပိုင်းသီတန်းလွှင့်ထုတ်သော ISP များသို့ အင်တာနက် အသုံး ပြုခွင့်အတွက် ၎င်းတို့ကိုယ်တိုင် ပေးဆောင်ရသည်။ အထက်ပိုင်းသီတန်းလွှင့်ထုတ်သော ISP သည် ပုံမှန်အားဖြင့် ပို၍ကြီးသော ကွန်ယက်တစ်ခုရှိသည်ဆိုသည်ထက် contracting ISP ထက် ပို၍ကြီးသည် သို့မဟုတ် ၎င်းကိုယ်တိုင် အသုံးပြုခွင့်မရှိသော် လည်း အင်တာနက်၏ အပိုင်းအစများကို အသုံးပြုခြင်းနှင့် ISP ဖြတ်ခြင်းကို ပြုလုပ် ပေးနိုင်သည်။ အရှင်းလင်းဆုံးအချက်မှာ တစ်ခုတည်းသော ဆက်သွယ်မှုသည် အထက်ပိုင်းသီတန်းလွှင့် ထုတ်ISP နှင့် တည်ဆောက်ထားပြီး ပင်မကွန်ယက်နောက်ကွယ် အင်တာနက်၏ ဧရိယာများမှ သို့မဟုတ် အချက်အလက် လွှင့်ထုတ်ရာတွင်သုံးသည်။ ဤအပြန်အလှန် ဆက်သွယ်မှု၏နည်းသည် Tier 1 သယ်ဆောင်သူ တစ်ခုသို့ ရောက်ရှိချိန် အထိ ကြိမ်ဖန်များစွာ မကြာခဏ cascaded ချိတ်ဆက်ထား သည်။ အမှန်တစ်ကယ် ဖြစ်ရပ်တွင် အခြေအနေသည် မကြာခဏ ပိုမိုရှုပ်ထွေးသည်။ တည်ရှိခြင်း၏အမှတ် (point of presence (PoP)) တစ်ခုထက်ပိုပါသော ISP များတွင် အမျိုးမျိုးသော PoP များနှင့် အထက်ပိုင်းသီတန်းလွှင့်ထုတ် ISP ၏ သီးခြားဆက်သွယ်မှုများ ရှိနေနိုင်ပြီး သို့တည်း မဟုတ် ၎င်းတို့မှာ အမျိုးမျိုးသော အထက်ပိုင်း သီတန်းလွှင့်ထုတ် ISP များ၏ ဝယ်ယူ သူများ ဖြစ်နိုင်သည်။ ၎င်းတို့အနက်မှ တစ်ခု သို့မဟုတ် ထို့ထက်ပိုသော တည်ရှိခြင်းအမှတ် (point of presence) တွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်မှုများရှိနေလိမ့်မည်။ အမျိုးအစားတူညီသည်များကို စုစည်းထားခြင်းအမျိုးမျိုးသော ISP များ အမျိုးအစားတူညီသည်များကို စုစည်းထားသောအမှတ်များ သို့မဟုတ် အင်တာနက်နှင့် ဖလှယ်သောအမှတ်များ (IXs) နှင့် အပြန်အလှန်ဆက်သွယ်သော အခါ ISP များသည် အမျိုးအစားတူညီသည်များကို စုစည်းထားခြင်းနှင့် ထိတွေ့မှု ရှိနိုင်သည်၊ ကွန်ယက်တစ်ခုချင်း၏ကြား အချက်အလက်လှည့်ပတ်မှုအား ခွင့်ပြုထားခြင်း၊ အချက်အလက်ပေးပို့ခဲ့ခြင်းအတွက် တစ်ခုနှင့်တစ်ခု ပေးချေမှုမရှိပဲ ထိုအချက်အလက်သည် တစ်နည်းအားဖြင့် တတိယမြောက် အထက်တန်းလွှင့်ထုတ်ISP မှတစ်ဆင့် ဖြတ် သန်းခဲ့လျှင် အထက်ပိုင်း ISP မှ အသုံးပြုခများ ရရှိမည်ဖြစ်သည်။ အထက်ပိုင်းသီတန်းလွှင့်ထုတ်တောင်းဆိုမှုမရှိခြင်းနှင့် ဝယ်ယူသူများသာရှိသော ISP များကို (အဆုံးသတ် ဝယ်ယူသူများနှင့် သို့မဟုတ် အမျိုးအစားတူ ISP များ) Tier 1 ISP များ ဟု ခေါ်သည်။ ကွန်ယက်hardware ၊ software နှင့် အသေးစိတ်အချက်အလက်များအပြင် ကွန်ယက်စီမံမှု ကျွမ်းကျင်ပုဂ္ဂိုလ်များသည် အချက်အလက်စီးဆင်းမှုများ သေချာစေရန် အထိရောက်ဆုံး လမ်းကြောင်းနှင့် အထက်ပိုင်းသီတန်းလွှင့်ထုတ်ဆက်သွယ်မှုများ ပုံမှန်ပြန်လုပ်နိုင်ရန် အရေးကြီးသည်။ အဖိုးအခနှင့် ထိရောက်မှုအကြား ကုန်ချင်းလဲလှယ်ခြင်းတစ်ခု ဖြစ်နိုင်သည်။ သဘောသက်ဝင်သော အိုင်အက်စ်ပီ (Virtual ISP) အဓိကဆောင်းပါး- ဗွီအိုင်အက်စ်ပီ (VISP) သဘောသက်ဝင်သော ISP တစ်ခုသည် လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး အခြားသော ISP ထံမှ ဝန်ဆောင်မှုများကို ဝယ်ယူသည်။ (တစ်ခါတစ်ရံ "wholesale တစ်ခု" ဟု ဤအခြေအနေတွင် ခေါ်ဆိုသည်)[2] ၎င်းသည် VISP ၏ ဝယ်ယူသူများကို အင်တာနက်အသုံးပြုခွင့် ဝန်ဆောင်မှုများအသုံးပြုနိုင်ရန် ခွင့်ပြုပြီး အခြေခံ အဆောက်အအုံ ပိုင်ဆိုင်ခြင်းနှင့် wholesale ISP များအားဖြင့် လုပ်ဆောင်သည်။ အခမဲ့အိုင်အက်စ်ပီအခမဲ့ ISP များသည် အင်တာနက်ဝန်ဆောင်မှုပေးသူများဖြစ်ကြပြီး အခကြေးငွေမယူပဲ ဝန်ဆောင်မှု ပေးကြသည်။ များစွာသောအခမဲ့ ISP များသည် ကြော်ငြာများကို အသုံးပြုသူမှ ဆက်သွယ်ထားစဉ်အချိန်အတွင်း ပြသ၍ စီးပွားရေး ရုပ်မြင်သံကြားကဲ့သို့ အသုံးပြုသူများ၏ စိတ်ဝင်စားမှုကိုနည်းလမ်းတစ်ခုသဖွယ် ကြော်ငြာသူများထံသို့ ရောင်းချကြ သည်။ အခမဲ့ကွန်ယက်များ (freenets) ဟု မကြာခဏ ခေါ်ဆိုသော အခြားအခမဲ့ ISP များသည် အကျိုးအမြတ်ကိုအခြေမခံသော လုပ်အားပေးစေတနာ့ဝန်ထမ်းများ နှင့် လုပ်ကိုင်လျက်ရှိသည်။ ပတ်သက်ဆက်နွယ်သော ဝန်ဆောင်မှုများ
|
Portal di Ensiklopedia Dunia